images
UN
UN
တောဆင်ရိုင်းများသတ်ဖြတ်မှုကာကွယ်ရေးနှင့်ဆင်မုဆိုးများဖော်ထုတ်ဖမ်းဆီးရေးစည်းဝေး
ထွန်းလှိုင်(မြိုင်) Thursday, 12 January 2017
ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ်တွင် ဥက္ကံဒေသ၌ တော ဆင်ရိုင်းများသတ်ဖြတ်မှု ကာကွယ် ရေးနှင့် ဆင်မုဆိုးများဖမ်းဆီးဖော် ထုတ်ရေး အစည်းအဝေးကို တိုက် ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁ဝ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ တိုက်ကြီးမြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်စိုးလွင်၊ မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးတင်ထွန်း၊ ဥက္ကံမြို့ အုပ်ချုပ်ရေးမှူး၊ ဥက္ကံနယ်မြေစခန်း မှူးနှင့် ဥက္ကံသစ်တောကြိုးဝိုင်း ဆက်စပ်လျက်ရှိသော ချောင်း စောက်အုပ်စု၊ ပန်းပင်တန်းအုပ်စု၊ စမ်းရွာအုပ်စု၊ ကင်းမတီးအုပ်စု၊ ကျွဲဘုတ်အုပ်စု၊ ဖလုံဘူတာအုပ်စု၊ ဆင်စခန်းအုပ်စုများရှိ ကျေးရွာအုပ် ချုပ်ရေးမှူးများ၊ တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ကြီး ဦးတင်မြတ်နှင့် တောအုပ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့နယ်အုပ် ချုပ်ရေးမှူး ဦးကျော်စိုးလွင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွန်း တို့ကပြောကြားရာတွင် မိမိနယ်မြေ အတွင်း တွေ့ရှိရသော တောဆင် ရိုင်းများကို တွေ့ရှိပါက သစ်တော ဦးစီးဌာနသို့ သတင်းပို့ပြီး ကျေးရွာ သားများနှင့်ပူးပေါင်းကာ မောင်း ထုတ်ကြရန်နှင့် တောဆင်ရိုင်းများ သတ်ဖြတ်မည့် မုဆိုးများကို ဖမ်း ဆီးဖော်ထုတ်နိုင်ရေးနှင့် ကျေးရွာ များတွင် ဆင်မုဆိုးများဖမ်းဆီးဖော် ထုတ်ရေးအတွက် ကျေးရွာအလိုက် ရွာသား ၁ဝ ဦးခန့်ဖွဲ့စည်းတာဝန် ပေးထားရန် မှာကြားသည်။
ထို့နောက် တက်ရောက်လာ ကြသော ကျေးရွာအုပ်ချုပ်ရေးမှူး များက ဆင်မုဆိုးဖော်ထုတ်ရာတွင် တွေ့ကြုံရမည့် အခက်အခဲများကို တင်ပြကြသည်။ အဆိုပါဆင်မုဆိုး များဖမ်းဆီးမှုကို မြန်မာနိုင်ငံရဲတပ် ဖွဲ့မှပူးပေါင်းပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် တော ဆင်ရိုင်းသေဆုံးမှု ၁၂ ကောင်ရှိ ပြီး ငါးကောင်မှာ ရိုးရိုးသေဆုံးမှု ဖြစ်သည်။ ခုနစ်ကောင်မှာ ဆင် မုဆိုးများ၏ သတ်ဖြတ်ခြင်းခံရပြီး ဆင်စွယ်၊ ဆင်အရေ၊ အသား အပိုင်းအစများကိုယူဆောင်သွား ကြကြောင်း သိရသည်။