images
UN
UN
ကုလသမဂ္ဂအဖွဲ့၏ဒုက္ခသည်စာရင်းအတည်ပြုချက်မှာ အခြေအနေမှန်နှင့်ကွာဟနေဟုဝေဖန်
NG Thursday, 12 January 2017
မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်အေးအေးစိုးက ရခိုင်ပြည်နယ်(မြောက်ပိုင်း)မှ ဘင်္ဂ လားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက် ပြေးသည်ဟု အတည်ပြုထားသော ကုလသမဂ္ဂ၏ဒုက္ခသည်စာရင်းမှာ မေးခွန်းထုတ်ဖွယ်ရာများရှိနေပြီး အခြေအနေမှန်နှင့် ကွာဟလျက်ရှိ ကြောင်း ဝေဖန်ခဲ့သည်ဟု ဘန် ကောက်ပို့စ်သတင်းစာက ဖော်ပြ သည်။
ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ် ရန်အတွက် မြန်မာနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင့်ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒါကာ မြို့သို့သွားရောက်ကာ ဘင်္ဂလား ဒေ့ရှ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ နှင့် ဆွေးနွေးမှုများပြုလုပ်လျက်ရှိ သည်။ ဒေါ်အေးအေးစိုးက နယ်စပ် လုံခြုံရေးနှင့်ဆိုင်သောအကြောင်း အရာများကို ဆွေးနွေးရခြင်းဖြစ် သောကြောင့် တစ်ကြိမ်တည်းနှင့် အဖြေရရှိရန် မလွယ်ကြောင်း၊ ကုလသမဂ္ဂအဖွဲ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ရခိုင်ပြည်နယ် (မြောက်ပိုင်း)မှထွက်ပြေးသူဦးရေ မှာ ၆၅ဝဝဝဝ ခန့်ရှိသည်ဟု အတည်ပြုခဲ့ခြင်းမှာ မေးခွန်းထုတ် ဖွယ်ရာများရှိနေကြောင်း၊ ထွက် ပြေးလာသူများကို အတည်ပြုနိုင် ရန် မေးမြန်းမှုများပြုလုပ်ရာတွင် လည်း တိကျခိုင်မာသည့်အထောက် အထား ပြသနိုင်ခြင်းမရှိကြောင်း ပြောသည်။