images
UN
UN
မိတ္ထီလာတွင် မှုခင်းကျဆင်းရေးနှင့် ယာဉ်/လမ်းစည်းကမ်းအသိပညာပေးဟောပြော
မောင်မောင်(ထီလာ) Thursday, 12 January 2017
မိတ္ထီလာတွင် မှုခင်းကျဆင်း ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း အသိပညာပေးဟော ပြောပွဲကို ယမန်နေ့က ဗဟိုပို့ ဆောင်ဆက်သွယ်ရေး သင်တန်း ကျောင်းနှင့် အထက (၅) ကျောင်း ခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ မွန်းလွဲ ၁၂ နာရီ ခွဲတွင် ဗဟိုပို့ဆောင်ဆက်သွယ်ရေး သင်တန်းကျောင်း စာသင်ခန်းမ၌ ပြင်ပယာဉ်မောင်းသင်တန်း အမှတ် စဉ် ၂၁၅/၂ဝ၁၇ မှ သင်တန်းသား ၁၉၂ ဦးအား သက်ငယ်မုဒိမ်းမှု လျော့နည်းပပျောက်ရေး၊ မူးယစ် ဆေးဝါးမှုနှင့် ဆိုင်ကယ်ခိုးယူမှုများ မဖြစ်ပွားအောင်ကြိုတင်ကာကွယ် ရေး စသည့်မှုခင်းကျဆင်းရေးနှင့် ပတ်သက်သည့်အကြောင်းအရာ များကို မြို့နယ်ရဲစခန်းမှူး ဒုရဲမှူး ခင်မောင်စိုးကလည်းကောင်း၊ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာများကို အမှတ်(၉၆) ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူး မြင့်စိုးကလည်းကောင်း အသိပညာ ပေးဟောပြောသည်။
ဆက်လက်၍ မွန်းလွဲ ၁ နာရီ ခွဲတွင် အထက(၅)ကျောင်းခန်းမ ၌ ကျောင်းသား ကျောင်းသူ ၄၂ဝ အား မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူးမိုးညွန့်ထွန်းက မှုခင်းကျဆင်း ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း အသိပညာပေးဟော ပြောခဲ့ကြောင်း သိရသည်။