images
UN
UN
တစ်ရွာတည်းသားလူငယ်များ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား
ကျော်စိုး(ကော့သောင်း) Thursday, 12 January 2017
ကော့သောင်းမြို့ ရွှေပြည်စိုး ကျေးရွာအုပ်စု ချောင်းဝကျေးရွာ တွင် ယခုလ ၁ဝရက် နံနက်ပိုင်း က တစ်ရွာတည်းသားလူငယ်များ စကားများရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိ ရသည်။
ဖြစ်စဉ်မှာ ကျေးရွာနေလူငယ် များဖြစ်သည့် တင်အောင်သည် သူငယ်ချင်းနှစ်ဦးနှင့်အတူ ယခုလ ၉ရက်ညပိုင်းက ရွာလယ်လမ်း ဘေးခုံတန်းလျားတွင် ဘီယာအတူ သောက်နေကြရင်း ဘီယာဘူးခွံ နှစ်ဘူးအား လမ်းဘက်သို့လွှင့်ပစ် လိုက်စဉ် လမ်းလျှောက်လာသည့် တစ်ရွာတည်းသား ဝေယံဦးဆိုသူ က ဘီယာဘူးခွံအား ခြေဖြင့်ကန် ခဲ့ရာ ဘီယာသောက်နေသူသုံးဦး ထဲမှ တင်အောင်က ဒီကောင်ငါ လုပ်ရင်သေတော့မယ်ဟု ကြိမ်းဝါး ပြောဆိုပြီးလူစုခွဲကာ အိမ်သို့အသီး သီးပြန်ခဲ့ကြသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက်တစ် နေ့ ယခုလ ၁ဝ ရက် နံနက်ပိုင်း တွင် တင်အောင်က ဝေယံဦးအိမ် သို့သွားရောက်ကာ ပြဿနာရှာ၍ ထိုးကျိတ်ရာ ဝေယံဦးမိခင်က ဝင် ရောက်တားမြစ်စဉ် တင်အောင်က ဝေယံဦး၏မိခင်အား ဖိနပ်ဖြင့် ရိုက် ခဲ့၍ ဝေယံဦးက အိမ်ရှေ့ပန်းအိုး အတွင်းရှိ စတီးဓားဖြင့် တင်အောင် အားထိုးစဉ် တင်အောင်၏အစ်ကို များရောက်ရှိလာရာ ဝေယံဦးမိခင် နှင့်အစ်မဖြစ်သူတို့က ဝင်ရောက် ကာပေးထားသဖြင့် ဝေယံဦးမှ တင်အောင်အားဓားဖြင့်ထပ်မံထိုး ရာမှ ဝမ်းဗိုက်၊ ဆီးခုံ၊ယာရင်အုံတို့ တွင်ဓားဒဏ်ရာရရှိပြီးကော့သောင်း ဆေးရုံသို့တင်ပို့စဉ် လမ်း၌သေဆုံး ခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သူဝေယံဦး၊မိခင်နှင့် အစ်မဖြစ်သူသုံးဦးအားကော့သောင်း မြို့မရဲစခန်းမှသေမှုသေခင်းဥပဒေ ပုဒ်မဖြင့် အမှုဖွင့်အရေးယူ ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။