images
UN
UN
မွန်မြတ်သော ပိဏ္ဍစာရ(ဆွမ်းဝတ်)ကျင့်သုံးခြင်း အခမ်းအနားကျင်းပ
Thursday, 12 January 2017
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် မှ ဒုတိယပါမောက္ခချုပ်ဆရာတော် (သင်ကြား)ဒေါက်တာ အရှင်စန္ဒာ ဝရာဘိဝံသ၊ကျိုက္ကလော့ဆရာတော် နှင့်ဌာနမှူး ကထိကဆရာတော် များ ဦးဆောင်လျက် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်သင်တန်း အသီးသီးတို့တွင် တက်ရောက် လျက်ရှိသော နိုင်ငံပေါင်း ၁၄ နိုင်ငံမှ နိုင်ငံခြားသား ရဟန်း၊ သံဃာတော်များနှင့် သီလရှင်ဆရာ ကြီးနှင့်သီလရှင် ၁၃၅ပါးတို့သည် ယခုလ ၈ရက် နံနက် ၇နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် (၃)ရပ်ကွက် အေးရိပ်မွန်လမ်းမ ကြီးထိပ် မုခ်ဦးမှ (၂) ရပ်ကွက် သီရိလမ်းထိပ် ဘူတာရုံလမ်းမကြီး အတိုင်းြ<ွကရောက်လာရာ (၂/၃/ ၄/၅)ရပ်ကွက်ရှိ မိဘပြည်သူများ၊ ရပ်မိရပ်ဖများ၊ စေတနာရှင်အလှူ ရှင်များက မွန်မြတ်သည့် ပိဏ္ဍစာရ (ဆွမ်းဝတ်)ဆွမ်းအလှူများ လောင်း လှူခဲ့ကြကြောင်း သိရသည်။
မွန်မြတ်သည့် ပိဏ္ဍစာရ(ဆွမ်း ဝတ်)ဆွမ်းအလှူသည် အပြည် ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာ ပြုတက္ကသိုလ် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် သင်တန်းအသီး သီးတို့တက်ရောက်သင်ကြားလျက် ရှိသော နိုင်ငံခြားသား ရဟန်း၊ သံဃာတော်များ၊ ဗုဒ္ဓမြတ်စွာ ဘုရားရှင်ချမှတ်တော်မူခဲ့သော ပိဏ္ဍစာရ(ဆွမ်းဝတ်) ကျင့်သုံးခြင်း ကို ကိုယ်တိုင်လိုက်နာကျင့်သုံး ဆောင်ရွက်နိုင်စေရန် သင်ရိုးပြဋ္ဌာန်း ချက်ပါ သင်ခန်းစာအစိတ်အပိုင်း ကို သဘောပေါက်စေရန်ရည် ရွယ် လျက် ကမ္ဘောဒီးယား၊ ဘန်တူ၊ အိန္ဒိယ၊ တရုတ်၊ သီရိလင်္ကာ၊ လာအို၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ကိုရီးယား၊ မြန်မာ၊ နီပေါနှင့်အမေရိကန်စသည့် နိုင်ငံ ပေါင်း ၁၄ နိုင်ငံမှ သင်တန်းသား နိုင်ငံခြားသား ရဟန်း၊ သံဃာ တော်များ၊ သီလရှင်ဆရာကြီးနှင့် သီလရှင်များ စုစုပေါင်း ၁၃၅ပါး တို့အား လောင်းလှူခဲ့ကြကြောင်း သိရသည်။