images
UN
UN
ကော့မှူးမြို့နယ်သမဝါယမဦးစီးဌာနမှ လယ်သမားများအား ချေးငွေထုတ်ချေး
မြတ်ဟိန်းကျော်(ကော့မှူး) Thursday, 12 January 2017
ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ်အရှေ့ခြမ်း သခွတ် ပင်ကျေးရွာအလယ်ပိုင်း ဦးကြည် ရွှင်၏နေအိမ်၌ ယမန်နေ့ နံနက် ၁ဝ နာရီက လယ်သမား ၂၃၆ ဦးအား လယ်ယာလုပ်ငန်းတွင် အဆင်ပြေ ဆောင်ရွက်နိုင်ရန် ကော့မှူးမြို့နယ် သမဝါယမဦးစီးဌာန၏ဦးဆောင်မှု ဖြင့် ကျေးရွာ စိုက်/ထွေသမဝါယမ အသင်းလီမိတက်မှ လယ်သမား တစ်ဦးလျှင် ငွေကျပ်သုံးသိန်းကို အတိုးနှုန်း ၁ ဒသမ ၅ဝ ရာခိုင်နှုန်း အတိုးဖြင့် ထုတ်ချေးပေးခဲ့ရာ ကော့မှူးမြို့နယ် သမဝါယမဦးစီး ဌာန ဒုဦးစီးမှူး ဒေါ်စုစုထွေးက အဖွင့်အမှာစကားပြောကြားပြီး ချေးငွေပြန်လည်ထုတ်ချေးပွဲအခမ်း အနားကို ဖွင့်လှစ်ပေးခဲ့သည်။
ချေးငွေထုတ်ချေးပွဲတွင် အသင်း အမှုဆောင်ဥက္ကဋ္ဌ ဦးထွန်းစိုး၊ ဦးကြည်ရွှင်(အတွင်းရေးမှူး)၊ ဦးမျိုး(ဒါရိုက်တာ)၊ စာရင်းစစ်အဖွဲ့ များဖြစ်သော ဒေါ်ကြည်ကြည် ညွန့်၊ ဒေါ်အေးမြတ်သူ၊ အဖွဲ့ဝင် များဖြစ်သော ဦးသိန်းတင်၊ ဦးအောင်ဇော်မင်းနှင့် အသင်းသား လယ်သမားများ တက်ရောက်ကြ ပြီး သခွတ်ပင်ကျေးရွာတွင် ခြောက် လတစ်ကြိမ်ငွေထုတ်ချေးခဲ့ရာ ယခု အကြိမ်သည် စတုတ္ထအကြိမ်ဖြစ် ကြောင်း၊ ထုတ်ပေးခဲ့သော အကြိမ် တိုင်း တာဝန်ပျက်ကွက်မှုမရှိ ကြိုးပမ်းပေးခဲ့ပြီး အသင်းသားများ ကလည်း သတ်မှတ်ရက်အတိုင်း ပြန်လည်ပေးဆပ်နိုင်ခဲ့ကြောင်း ကော့မှူးမြို့နယ်သမဝါယမဦးစီး ဌာန ဒုဦးစီးမှူး၏ ပြောကြားချက် အရ သိရသည်။