images
UN
UN
ခွေလွီးချောင်း ကားကူးကြိုးတံတား တည်ဆောက်ခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး
ချင်းတွင်းသား Thursday, 12 January 2017
ချင်းပြည်နယ် တွန်းဇံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာ ရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံ ငွေဖြင့် ဆောင်ရွက်သော မြလင်း-ရှာလ်ထော်ဇန်ကျေးရွာကြား အရှည် ၂၇၅ ပေရှိ ခွေလွီးချောင်း ကားကူး ကြိုးတံတားတည်ဆောက်ခြင်း လုပ်ငန်းအား ချင်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူး ဦးအောင်ငွေနှင့် ဖလမ်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင် မောင်နိုင်မင်းတို့က ယခုလ ၁ဝ ရက်တွင် ကွင်းဆင်းစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူးက သတ် မှတ်စံချိန်စံညွှန်းမီအောင် တည် ဆောက်နိုင်ရေးစစ်ဆေးခဲ့ပြီး နည်း ပညာဆိုင်ရာဆောင်ရွက်မည့် နည်း လမ်းများ လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ခွေလွီးချောင်းကား ကူးကြိုးတံတားကို ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၆၅ အကုန် အကျခံ ဆောင်ရွက်ခြင်းဖြစ်ရာ ယင်းကြိုး တံတားများတည်ဆောက်ခြင်းလုပ် ငန်းပြီးစီးပါက မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူ အိမ်ခြေ၁၈၇ နှင့် လူဦးရေ ၈၆၃ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင် ပြေလာမည်ဖြစ်သည့်အပြင် လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် များစွာအထောက်အကူပြုမည်ဖြစ် ကြောင်း သိရသည်။