images
UN
UN
အိမ်ထောင်သည်ရဲမေများ အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲကျင်းပ
မြင့်ဦး(အင်းစိန်) Thursday, 12 January 2017
ရန်ကုန်တိုင်းဒေသကြီး အင်းစိန် ရထားရဲတပ်ဖွဲ့ အမှတ်(၁၄) တပ်ခွဲ ခန်းမ၌ ယခုလ ၁ဝရက် နံနက် ပိုင်းက ရထားရဲတပ်ဖွဲ့ အမှတ် (၁၄)တပ်ခွဲရှိ မှီခိုသူအိမ်ထောင် သည်ရဲမေများ အခြေခံစစ်ပညာ သင်တန်းအမှတ်စဉ် (၂/၂ဝ၁၇) သင်တန်းဖွင့်ပွဲကိုကျင်းပရာ မှီခိုသူ အိမ်ထောင်သည်ရဲမေများ တက် ရောက်ကြပြီး တပ်ခွဲမှူး ဒုရဲမှူး စိုးမိုးလွင်က သင်တန်းဖွင့်အမှာ စကားပြောကြားပြီး မြန်မာ့မီးရထား အင်းစိန်ဘူတာရုံပိုင်ကြီး(အထူးတန်း) ဦးမင်းမင်းဦး၊ အင်းစိန်ရထား ရဲစခန်းမှူး ရဲအုပ်ခင်ဇော်ဦး၊ တပ်စုမှူးများ၊ သင်တန်းနည်းပြ ဆရာများနှင့် ဈေးကုန်းအရှေ့ရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးစောလှ ထွန်း၊ ဦးအောင်သန်း၊ သင်တန်းသူ မှီခိုသူရဲမေ ၃၂ဦးတို့ တက်ရောက် ကြသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် တပ်ခွဲမှူး ဒုရဲမှူးစိုးမိုးလွင်က အနီးကပ်ကြီးကြပ်၍ သင်တန်း နည်းပြရဲတပ်ကြပ်ကြီးလှဝင်းအောင်၊ ရဲတပ်ကြပ်ကြီး ဇော်နိုင်ဦး၊ ရဲတပ် ကြပ်ကြီး ဇော်ဝင်းတို့က စာတွေ့၊ လက်တွေ့များအပြင် လက်နက် ငယ်ကျွမ်းကျင်မှုဘာသာရပ်များ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။