images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ဖြူးမြို့နယ်အတွင်း မတ်ပဲအစားထိုး စိုက်ပျိုးသောနွေစပါးများ အောင်မြင်မှုရှိ
ကျော်ဆွေဝင်း(ရွှေအင်း) Monday, 02 April 2018
ယခင်နှစ် မတ်ပဲရာသီတွင် မတ်ပဲဈေးကျဆင်းသွားမှုကြောင့် ဆောင်းသီးနှံမတ်ပဲတစ်ခုတည်းကို သာ အားထားစိုက်ပျိုးနေကြသော ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် အတွင်းမှ တောင်သူများအား ယခု နှစ်တွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ စိုက်ပျိုးရေးဌာနမှတာဝန်ရှိသူများ က မတ်ပဲအစားထိုးသီးနှံများ စိုက် ပျိုးကြရန်တိုက်တွန်းနှိုးဆော်ခဲ့သည်။
ယခင်နှစ်က နွေစပါးဧက ၁၅ဝ စမ်းသပ်စိုက်ပျိုးဖြစ်ထွန်း အောင်မြင်ခဲ့သည့် ဖြူးချောင်းတမံ မှ ရေကို ဇဟားချောင်းအတွင်းချ၍ တမံပိတ်ချက်ဖြင့်လွှဲယူပြီး စိုက်ပျိုး သော နည်းစနစ်ကိုသုံး၍ ဇဟား ချောင်းကို ပိတ်ချက်ရှစ်ချက်အထိ တိုးကာပေါက်ဇလုတ်၊ ကျီးရိုး၊ လှသင်းမောင်၊ ကညင်ဒိုင်း စသည့် ကျေးရွာအုပ်စုများအတွင်း နွေစပါး စိုက် ဧက ၂၅ဝဝ ခန့်အထိလည်း ကောင်း၊ ကွန်းချောင်းမှ ရေကို ငါးခူမြောင်ရိုးအတွင်းနှင့်ဖြူးချောင်း မှရေကို ငါးနုစမ်းရိုးအတွင်းသွင်း ၍ ပိတ်ချက်များဖြင့် လွှဲယူကာ ရေပြာ၊ ကျွန်းကုန်း၊ ဆိုးပုံကွင်း၊ ခင်ကြီး၊ လက်တက်ကြီး စသည့် ကျေးရွာအုပ်စုများအတွင်း နွေစပါး စိုက် ဧက ၂ဝဝဝ ခန့်အထိလည်း ကောင်း မတ်ပဲအစားထိုးတိုးချဲ့ စိုက်ပျိုးနိုင်ခဲ့ကြသည်။
အဆိုပါ မတ်ပဲအစားထိုး နွေ စပါးစိုက်ခင်းများ၏ အောင်မြင်မှု အခြေအနေကို ဖြူးမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦး သန်းညွန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့် ဆည်မြောင်းဌာန နှင့်စိုက်ပျိုးရေးဌာနမှ တာဝန်ရှိ သူများလိုက်ပါ၍ ယမန်နေ့ နံနက် ပိုင်းတွင် သွားရောက်ကြည့်ရှုခဲ့ကြ ရာ ပုံပါအတိုင်းဖြစ်ထွန်းအောင်မြင် လျက်ရှိပြီး တောင်သူဦးကြီးများ ၏ ကြိုတင်ခန့်မှန်းမှုအရ တစ်ဧက လျှင် နွေစပါးတင်းရေ ၁ဝဝ မှ ၁၃ဝ အထိ ထွက်ရှိနိုင်မည်ဖြစ် ကြောင်း သိရသည်။