images
UN
UN
မကွေးတိုင်းဒေသကြီးတရားလွှတ်တော်မီဒီယာကျွမ်းကျင်မှုဆင့်ပွား သင်တန်းအမှတ်စဉ် (၁/ ၂ဝ၁၈)ဖွင့်
သန်းနိုင်ဦး(ငဖဲ) Monday, 02 April 2018
မကွေးတိုင်းဒေသကြီး တရား လွှတ်တော် မီဒီယာကျွမ်းကျင်မှု ဆင့်ပွားသင်တန်း အမှတ်စဉ် (၁/ ၂ဝ၁၈)ဖွင့်ပွဲအခမ်းအနားကို မတ် ၃၁ ရက် နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး တရားလွှတ် တော်အစည်းအဝေးခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီး တရား လွှတ်တော်တရားသူကြီးချုပ် ဦးစိန် ထွန်း တက်ရောက်အဖွင့်အမှာ စကားပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ မကွေး တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဒေါ်နုယဉ်၊ တိုင်း ဒေသကြီး တရားရေးဦးစီးမှူး ဦးတင်မောင်လတ်နှင့် သင်တန်း နည်းပြဆရာများ၊ တိုင်းဒေသကြီး တရားလွှတ်တော်နှင့် တိုင်းဒေသ ကြီးအတွင်းရှိ တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း ၃၆ ဦး တက်ရောက်ခဲ့ပြီး ပြည် ထောင်စုတရားလွှတ်တော်ချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေး အေးလှိုင်၊ USAID-PRLPမှ ဦးမြင့်မောင်မောင်တို့က မီဒီယာ ကျွမ်းကျင်မှုဆိုင်ရာများနှင့်ပတ်သက် ၍ ယမန်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့ ကြောင်း သိရသည်။