images
UN
UN
မိုင်းယုမြို့ ထွေ/အုပ်ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မှု ရာနှုန်းပြည့်နီးပါးပြီးစီး
ကိုကိုနိုင် Tuesday, 03 April 2018
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယုမြို့တွင် ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် ပြည်နယ်၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၅၃ ဒသမ ၃ သန်းဖြင့် မိုင်းယုအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ ဝန်ထမ်းအိမ်ရာလေးခန်းတွဲRC နှစ်ထပ်ဆောင်သစ်တည်ဆောက် ခြင်းလုပ်ငန်းကို ၂ဝ၁၇ ခုနှစ် အောက်တိုဘာ ဒုတိယပတ်မှ စတင်ဆောက်လုပ်နေလျက်ရှိရာ ယခုအခါ အဆိုပါအဆောက်အအုံ မှာ ဧပြီလ ပထမပတ်၌ ရာခိုင်နှုန်း ၉ဝ ကျော်ထိ ဆောက်လုပ် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုင်းယုထွေ/အုပ်ဝန်ထမ်းအိမ်ရာကို စိုင်းရှဲန်ရွက် ကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောက်လုပ်လျက်ရှိပြီး အမြင့် ၂၃ ပေ၊ အလျား ၉၆ ပေ၊ အနံ ၃၆ပေဖြင့် လေးခန်းတွဲRC နှစ်ထပ် ဆောင်ဖြစ်ပြီး ယင်းလုပ်ငန်းကိုကဏ္ဍအလိုက် သတ်မှတ်စံချိန်စံညွှန်း နှင့်ကိုက်ညီစေရေး၊ အဆောက်အအုံအရည်အသွေးပြည့်မီစေရေး တို့အတွက် မြို့နယ်တည်ဆောက်ရေးလုပ်ငန် စိစစ်ရေးကော်မတီ အဖွဲ့များက အဆင့်ဆင့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ဧပြီလ တတိယပတ်တွင် အဆောက်အအုံအား လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။