images
UN
UN
ကျောက်တံခါးမြို့ အမဲဒိုင်မှ အနံ့ဆိုးများမခံနိုင်၍ ပြောင်းရွှေ့ပေးနိုင်ရေးဒေသခံများလိုလား
ခင်ကို(ကျောက်တံခါး) Tuesday, 03 April 2018
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ကျောက်တံခါးမြို့၏ မြောက် ဘက် ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၁၆/၃ နှင့် ၄ အကြား ကျွန်းကုန်းတောရကျောင်းအနီးရှိ နွားသတ်ရုံအမဲဒိုင်မှ စွန့်ပစ်နွားချိုများ၊ ခေါင်းခွံများ၊ အဆီခဲများ၊ သားရေများနှင့်အမဲရိုးများအား စည်းကမ်းမဲ့စုပုံ ထားရှိခြင်းကြောင့် လမ်းမပေါ်ရှိ ခရီးသွားပြည်သူများ၊ ရဟန်းသံဃာတော်များ နှင့်ကျောင်းသားကျောင်းသူများမှာ အလွန်ဆိုးရွားသောအနံ့အသက်ကို ရှူရှိုက် နေရပါသဖြင့် ကျန်းမာရေးထိခိုက်လာနိုင်ပြီး ကျောက်တံခါးမြို့၏ ဂုဏ်ကျက် သရေကိုလည်း ကျဆင်းစေ၍ အဆိုပါအမဲဒိုင်အား လမ်းမကြီးနှင့်လူသူမနီး သော အရပ်သို့ပြောင်းရွှေ့ပေးနိုင်ရေး ဒေသခံပြည်သူများက လိုလားလျက်ရှိ ကြောင်း သိရသည်။