images
UN
UN
ရွှေဘိုခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
စိမ်းနိုင်(ဝက်လက်) Tuesday, 03 April 2018
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉နာရီက ခရိုင်ပါတီရုံးအစည်းအဝေးခန်းမတွင်ကျင်းပ ရာ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းဝင်းထွန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးအေးနှင့် ခရိုင် ကော်မတီဝင်များ၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး၊ ဒီပဲယင်းမြို့နယ်များမှ ပါတီဥက္ကဋ္ဌ များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊လူငယ်ရေးရာတာဝန်ခံများတက်ရောက်ကြကြောင်း သိရသည်။
ပထမဦးစွာတိုင်းဒေသကြီးကော်မတီဝင် ဦးသန်းဝင်းထွန်းက တိုင်းဒေသကြီး တာဝန်ခံဦးမြင့်စိုး ၏လုပ်ငန်းလမ်းညွှန်မှုများကို ထပ်ဆင့်ရှင်းလင်းပြီး ခရိုင်အတွင်းရေးမှူး ဦးမြတ်မျိုးညွန့်နှင့် မြို့နယ် ပါတီဥက္ကဋ္ဌများက အသီးသီးဆွေးနွေးကြပြီး မွန်းလွဲပိုင်းတွင် အစည်းအဝေးပြီးမြောက်ကြောင်း သိရသည်။