images
UN
UN
ပေါင်မြို့နယ် တောင်သူလယ်သမားများမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား ဆန္ဒထုတ်ဖော်
Tuesday, 03 April 2018
မွန်ပြည်နယ်မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် သံလွင်ဥယျာဉ် ပန်းခြံရှေ့၌ ပြည်သူလူထုအကျိုး စီးပွားကိုငဲ့ညှာခြင်းမရှိ၊ ပျက်စီး အောင် ဆောင်ရွက်လုပ်ကိုင်ခြင်း များကြောင့် ပေါင်မြို့နယ် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်ကို ဒေသခံ တောင်သူလယ်သမားများက ယနေ့နံနက် ၁၁ နာရီတွင် ဆန္ဒ ထုတ်ဖော်ခဲ့သည်။
ဆန္ဒထုတ်ဖော်ပွဲသို့ ပေါင် မြို့နယ် မုတ္တမတိုက်နယ်ကျေးရွာ ရှိ ဆန္ဒထုတ်ဖော်မှု ဦးဆောင်သူ ဦးခင်မောင်ထွေးနှင့်အတူ ဒေသခံ တောင်သူလယ်သမားများဖြင့် အင် အား ၈ဝ ခန့် ဆန္ဒထုတ်ဖော်ခဲ့ ကြောင်း၊ အဆိုပါဆန္ဒထုတ်ဖော်သူ များသည် ယနေ့ နံနက် ၁ဝ နာရီခွဲ တွင် သံလွင်ဥယျာဉ်ပန်းခြံရှေ့သို့ စုရုံးရောက်ရှိလာကာ ယနေ့ နံနက် ၁၁ နာရီတွင်ချီတက်လမ်းလျှောက် ခဲ့ကြောင်း၊ ယင်းအဖွဲ့သည် သံလွင် ဥယျာဉ်ပန်းခြံရှေ့မှ အထက်လမ်းမ ကြီးအတိုင်း အထက(၆) မီးပွိုင့်၊ ထားဝယ်တံတားလမ်း၊ ကမ်းနား လမ်းမှတစ်ဆင့် စစ်ကဲကုန်းရပ် ကွက်ရေပေါ်ညဈေးအထိ ချီတက် လမ်းလျှောက်ခဲ့ရာတွင် မြန်မာ နိုင်ငံအလံ ခြောက်ခု၊ အလျား ၈ ပေ အနံ ၄ ပေ ဗီနိုင်းပိုစတာတစ် ချပ်၊ အလျား ၅ ပေ အနံ ၁ ပေ ဗီနိုင်းပိုစတာ ၂၆ ချပ်ပေါ်တွင် အနီရောင်အောက်ခံ အဖြူရောင် စာသားပါ ဆန့်ကျင်၊ ရှုတ်ချ ကြောင်း ဗီနိုင်းများကိုင်ဆောင် လျက် ''ပြည်သူ့အကျိုးအတွက် ကွင်းဆင်းပါဝင် ကူညီဆောင် ရွက်ပေးခြင်းမရှိသော ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အလို မရှိ၊ ပြည်သူ့အကျိုးဆောင်ရွက် မည်ဆိုသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အလိုမရှိ၊ လွှတ် တော်အာဏာကို ခုတုံးလုပ်၍ ပြည်သူလူထုကို အနိုင်ကျင့်နေ သော ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်အလိုမရှိ၊ ပြည်သူလူထု အကျိုးစီးပွားကို ပျက်စီးအောင် ဆောင်ရွက်နေမှုများ ချက်ချင်းရပ်၊ ဒေသခံတောင်သူများ၏ အခက် အခဲများကို ကူညီဆောင်ရွက်သူ များအား နှောင့်ယှက်တိုင်ကြားသူ တို့ ရန်သူ''ဟူသောကြေွးေကြာ်သံ များဖြင့် ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါအဖွဲ့သည် ကမ်းနား ရေပေါ် ညဈေးအရောက်တွင် တစ်ဦးချင်းဖြန့်၍ တန်းစီကာ ကြေွးေကြာ်သံစာသားများကို သံ ပြိုင်ရွတ်ဆို၍ ဆန္ဒထုတ်ဖော်ပွဲအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။