images
UN
UN
လစဉ်ပုံမှန်ကာကွယ်ဆေး အခမဲ့တိုက်ကျွေးထိုးနှံပေး
သန့်မောင် Wednesday, 04 April 2018
မိခင်ကျန်းမာရေးမြှင့်တင်ရေး၊ ငါးနှစ်အောက်ကလေးသေဆုံးမှု ကျဆင်းရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် ကျေးရွာပြည်သူ များဖြစ်လာစေရန်ရည်ရွယ်၍ ဇမ္ဗူ သီရိမြို့နယ်အတွင်းရှိ ပြန်ကပြေး ကျေးရွာတွင် ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၆နာရီအထိ အသက် မွေးစမှ တစ်နှစ်ခွဲအောက်ကလေး များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကို လစဉ်ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေးလျက်ရှိသည်။
အဆိုပါ လစဉ်ပုံမှန်ကာကွယ် ဆေးတိုက်ကျွေးထိုးနှံပေးခြင်းကို ပြန်ကပြေးကျေးလက်ကျန်းမာရေး ဌာနမှ ကျန်းမာရေးဆရာမ ဒေါ်ခင် စန်းတင့်နှင့်အဖွဲ့တို့က ဆောင်ရွက် ပေးလျက်ရှိပြီး ဘီစီဂျီကာကွယ် ဆေးကိုမွေးကင်းစမှအသက်နှစ်လ မတိုင်မီတွင်လည်းကောင်း၊အသည်း ရောင်အသားဝါ(ဘီ)၊ ငါးမျိုးစပ် ကာကွယ်ဆေး၊ ပြင်းထန်အဆုတ် ရောင်ကာကွယ်ဆေး (ပီစီဗီ)၊ ပိုလီ ယိုအစက်ချဆေးနှင့်ထိုးဆေး၊ ဝက် သက်၊ ဂျိုက်သိုးကာကွယ်ဆေးများ စုစုပေါင်း ၁၁ မျိုးတိုက်ကျွေးထိုးနှံ ပေးခြင်းဖြစ်ကြောင်း၊ တစ်ကြိမ်နှင့် တစ်ကြိမ်ကြားတွင် အနည်းဆုံး ၂၈ ရက် ခြားရမည်ဖြစ်ကြောင်း သိရ သည်။