images
UN
UN
သုံးပါးရတနာ ကိုးကွယ်ရာ
ညွန့်လှိုင်ဝင်း(ကွမ်းခြံကုန်း) Wednesday, 04 April 2018
ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့သည် မြတ်စွာ ဘုရားရှင်နှင့်ပတ်သက်သော သံဝေဇနိယ လေးဌာန၊ အဝိဇဟိတလေးဌာနစသော အထင်ကရနေရာဒေသများသို့ လှည့် လည်ဖူးမြော်ရာတွင် ခရီးအကွာအဝေးနှင့် လမ်းကြောင်းအခြေအနေအရ ဖွား၊ပွင့်၊ ဟော၊စံ စသည်ဖြင့် အစဉ်အတိုင်းသွား ရောက်နိုင်ခြင်းမရှိဘဲ အခြေအနေပေးသ လို သွားရောက်ကြရ၏။ ဘုရားဖူးခရီး စဉ်မှာ အကြမ်းအားဖြင့် အနည်းဆုံး မိုင် ၆ဝခန့်မှ အများဆုံးမိုင် ၃၅ဝခန့်အထိ သွားရောက်ခဲ့ရ၏။ ဘုရားဖူးသွားရောက် ခဲ့သည့် ဖေဖော်ဝါရီလတွင် ဒေသအပူ ချိန်မှာ အနိမ့်ဆုံး ၁၄ဒီဂရီ စင်တီဂရိတ် နှင့်အမြင့်ဆုံး ၂၈ဒီဂရီစင်တီဂရိတ်ခန့် သာရှိသဖြင့် ပူပြင်းသည့်အခြေအနေမ ဟုတ်သော်လည်း ခရီးဝေးသွားရသည် ကများပြီး ကားထဲတွင် ပိတ်လှောင်နေ သဖြင့် လေအေးစက်အချိန်ပြည့်ဖွင့်ကာ ခရီးပြင်းနှင်ခဲ့ကြရပေသည်။
စာရေးသူတို့အဖွဲ့သည် ကုသိနာရုံရှိ ခေတ္တတည်းခိုရာ မလ္လာရာမကျောင်း တိုက်မှ နံနက်စောစောတွင် ထွက်ခွာကြ ရာ နံနက် ၁၁နာရီခန့်တွင် အိန္ဒိယနယ် စပ်မှ ခြောက်မိုင်ခန့်အကွာရှိ နီပေါနိုင်ငံ အဝင်ဂိတ်သို့ ရောက်ရှိကြ၏။ နိုင်ငံဝင်ခွင့် ကိစ္စများ ဆောင်ရွက်ပြီးဆက်လက်ထွက် ခွာရာ ဘုရားရှင်ဖွားမြင်တော်မူရာ လုမ္ဗိနီ သာမောအင်ကြင်းတောသို့ ရောက်ခဲ့ကြ ၏။ မြတ်စွာဘုရားဖွားမြင် သည့်နေရာ တွင် အသောကမင်းကြီးက အထိမ်း အမှတ်ကျောက်တိုင်စိုက်ထူခဲ့ရာ ယခု အခါမူလ ပေ ၇ဝခန့်မြင့်သည့် ကျောက် တိုင်မှာ အပေါ်ပိုင်းကျိုးပြတ်နေပြီး ၁၂ပေ ခန့်သာကျန်တော့သည်ကို တွေ့ရသဖြင့် နှမြောတသစိတ်မကောင်းဖြစ်ခဲ့ရ၏။ ဆက်လက်ပြီးအနီးရှိ မယ်တော်မာယာ အုတ်ကျောင်းအတွင်း ဝင်ရောက်ခဲ့ရာ ဘုရားအလောင်းတော်ကလေးငယ်၏ ခြေတော်ရာကို တွေ့မြင်ဖူးမြော်ကြရ၏။ ထို့ပြင် သစ်ပင်ပန်းမန်တို့ဖြင့် စိမ်းစိုသာ ယာသော ဥယျာဉ်အတွင်း၌ ဘုရား လောင်း ကလေးငယ်ရွှေရုပ်တုကိုတွေ့ရှိ ကြည်ညိုကြရပါ၏။
ဘုရားအလောင်းတော်သည် မဟော် သဓသူဌေးသားဘဝ၊ ဝေဿန္တရာမင်း ဘဝနှင့် နောက်ဆုံးသိဒ္ဓတ္ထမင်းသားဘဝ တို့တွင် မွေးဖွားပြီးသည်နှင့် မကြုံစဖူး ထူးခြားအံ့ဖွယ်ရာစကား ပြောကြားခဲ့ သည့် ပုဂ္ဂိုလ်မြတ်ဖြစ်ပေသည်။ ဘုရား အလောင်းတော်ကလေးငယ်ရုပ်တုကို တွေ့မြင်ရသည်တွင် ဘုရားလောင်းဖွား မြင်တော်မူစဉ် ဥဒါန်းကျူးရင့်ခဲ့သည့် ''ငါသည်လောကသုံးပါးတွင်အမြတ်ဆုံး ဖြစ်၏၊ ငါသည်လူသုံးပါးတွင် အကြီးကဲ ဆုံးဖြစ်၏၊ ငါသည်လူသုံးပါးတွင် အချီး မွှမ်းခံအပ်ဆုံးဖြစ်၏'' ဟူသော နှုတ်မြွက် စကားတော်ကို ကြည်ညိုသဒ္ဓါပိုခဲ့မိပါ သည်။
ဘုရားဖူးအဖွဲ့သည် နောက်တစ်နေ့ နံနက် ၇နာရီခန့်တွင် လုမ္ဗိနီမှ ၁၃၉မိုင် ကွာဝေးသောသာဝတ္ထိမြို့သို့ ထွက်ခွာခဲ့ ကြရာ မွန်းလွဲ ၃နာရီခန့်တွင် ဘုရားရှင်ဝါ အများဆုံး သီတင်းသုံးတော်မူသည့် ဇေတဝန်ကျောင်းတော်ရာသို့ ရောက်ရှိ ကြ၏။ ထိုနေရာမှ ဘုရားရှင်တို့ မစွန့် ပယ်အပ်သည့်အဝိဇဟိတလေးဌာနတွင် အပါအဝင်ဖြစ်၏။ဇေတဝန်ကျောင်းတော် မှာ စေတမင်းသားပိုင်ဆိုင်သောမြေကို အနာထပိဏ်သူဌေးကြီးက မြေအကျယ် နှင့်အမျှ ရွှေဒင်္ဂါးတို့ကို အပြည့်ခင်းကာ ဝယ်ယူခဲ့ပြီး ကျောင်းဆောက်လှူဒါန်းခဲ့ ကြောင်းလေ့လာသိရှိရပါ၏။ ထို့နောက် မနီးမဝေးရှိဘုရားရှင်က တိတ္ထိတို့အား တန်ခိုးပြာဋိဟာပြတော်မူသည့်သရက်ပင် ကုန်းတော်၊ ဘုရားရှင်နေ့စဉ် ဆွမ်းခြံ<ွက ပြီး အပြန်ဇေတဝန်ကျောင်းတော်အဝင်ရှိ ခြေဆေးသောနေရာ၊ အင်္ဂုလိမာလစေတီ၊ ရှင်သီဝလိစေတီစသည့်တို့ကို လှည့်လည် ဖူးမြော်ကြည်ညိုကြရ၏။ ထို့ပြင် သာဝတ္ထိ မြို့ဟောင်းအုတ်ခုံအုတ်ရိုးများကို လေ့လာ ကြည့်ရှုကြပြီး လုမ္ဗိနီဘုန်းတော်ကြီး ကျောင်းသို့ ပြန်လည်ထွက်ခွာခဲ့ကြပေ သည်။
နောက်တစ်နေ့နံနက်စောစောတွင် ဘုရားဖူးအဖွဲ့သည် သာဝတ္ထိမှ ၂၈၁ မိုင်ဝေးသော သင်္ကဿမြို့သို့ ထွက်ခွာ ခဲ့ကြရာ ညနေ ၅နာရီခန့်တွင် မြတ်စွာ ဘုရားရှင်မယ်တော်မိနတ်သားနှင့် နတ် ဗြဟ္မာများကို ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားဟောကြား၍အပြီး တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ် ပြည်သို့ဆင်းသက်တော်မူသည့်နေရာသို့ ရောက်ရှိခဲ့ကြ၏။ ထိုနေရာသည် ဘုရား ရှင်တို့မစွန့်ပယ်အပ်သည့် အဝိဇဟိတ ဌာနတစ်ခုပင်ဖြစ်၏။ ထိုနေရာတွင် အသောကမင်းကြီးက အထိမ်းအမှတ် အဖြစ် ကျောက်သားဆင် ရုပ်ပါကျောက် စာတိုင်တစ်ခုစိုက်ထူခဲ့ရာ ဆင်ရုပ်မှာ နှာမောင်းကျိုးပဲ့ပျက်စီးနေသည်ကို တွေ့ရ ၏။ ထို့နောက် အုတ်ကျောင်းအတွင်းရှိ ဘုရားရှင် နတ်ပြည်မှလူ့ပြည်သို့ နတ် ဗြဟ္မာများခြံရံလျက် ဆင်းသက်တော် မူဟန် ရုပ်ပွားတော်ကို ဖူးမြော်ကြည် ညိုကြပြီး သင်္ကဿမြို့ရှိ မြန်မာဘုန်း တော်ကြီးကျောင်းသို့ ပြန်လည်ထွက်ခွာ ရပ်နားခဲ့ကြပါသည်။
ဘုရားဖူးအဖွဲ့သည် နောက်တစ်နေ့ နံနက် ၆ နာရီခန့်တွင် သင်္ကဿမြို့မှ ၃၄၄ မိုင်ဝေးသော ဥတ္တရာပရာဒေ့ရှ်ပြည် နယ်ရှိ ဗာရာဏသီမြို့သို့ ထွက်ခွာကြရာ ညနေ ၆ နာရီခန့်တွင် ရောက်ရှိကြသဖြင့် ဘုရားဖူးလှည့်လည်ရန် အချိန်မရတော့ဘဲ ဗာရာဏသီမြို့ရှိ မြန်မာဘုန်းတော်ကြီး ကျောင်းတွင် ညအိပ်ရပ်နားခဲ့ကြပါသည်။
နောက်တစ်နေ့ နံနက်စောစောတွင် ဗာရာ ဏသီမြို့အနီးရှိ ဣသိပတနမိဂဒါဝုန်တော သို့ ရောက်ရှိခဲ့ကြ၏။ ယခုအခါ တော မဟုတ်တော့ဘဲ စိမ်းစိုသာယာပြန့်ပြူး သည့်ဥယျာဉ်တစ်ခုဖြစ်နေလေပြီ။ဥယျာဉ် အတွင်း၌ဘုရားရှင်က ပဉ္စဝဂ္ဂီတို့အား ဓမ္မ စကြာတရားဦးဟောရာ ဓမ္မရာဇိကကုန်း တော်ရာရှိ အုတ်ရိုးအုတ်ဖိနပ်များကို တွေ့ ရှိကြရ၏။ဘုရားရှင်သည်ဓမ္မစက္ကပဝတ္တန သုတ်တော်ကို မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆိုလပြည့် စနေနေ့ နေဝင်လုဆဲ၊ လထွက်ပြူစအချိန်တွင် ဟောတော်မူခဲ့ ၏။ကာမဂုဏ်ချမ်းသာကို အဖန်ဖန်ခံစား ခြင်းဟူသော ကာမသုခလ္လိကနုယောဂ အကျင့်နှင့်ကိုယ်ခန္ဓာကိုပြင်းစွာ ပင်ပန်းစေ ခြင်းဟူသော အတ္တကိလမထာနုယောဂ အကျင့်တို့ကိုရှောင်၍ မဇ္ဈိမပဋိပဒါဟုဆို အပ်သော မဂ္ဂင်ရှစ်ပါးအကျင့်တရားကို ကျင့်ဆောင်ကြရန် ဟောကြားတော်မူခဲ့ ခြင်းဖြစ်သည်ဟု နားလည်မိပါသည်။ ထို့ နောက် ဘုရားဖူးအဖွဲ့သည် ဓမ္မရာဇိက ကုန်းတော်အနီးရှိ ဘုရားရှင်က ပဉ္စဝဂ္ဂီတို့ အား အနတ္တလက္ခဏသုတ်ဟောတော် မူရာ ဓမ္မေခစေတီကြီးကို ဖူးမြော်ကြည် ညိုခဲ့ရပါ၏။ ဘုရားရှင်သည် အနတ္တ လက္ခဏသုတ်ကို မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆိုလပြည့်ကျော် ၅ ရက်နေ့ တွင် ဟောကြားတော်မူခဲ့ရာခန္ဓာငါးပါးရုပ်နာမ် တရားတို့သည် အတ္တမဟုတ်၊ အတ္တ မဟုတ်ခြင်းကြောင့် ကိုယ့်အလိုသို့မပါ၊ လိုရာမဖြစ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တသာဖြစ် ကြောင်း လက္ခဏာရေးသုံးပါးတင်၍ ဟောကြားညွှန်ပြခဲ့ခြင်းဖြစ်ပေသည်။
မြတ်စွာဘုရားရှင်က အနတ္တလက္ခဏ သုတ်ဟောတော်မူအပြီးတွင် ဓမ္မစကြာ တရားဟောကြားစဉ်က သောတာပန် တည်ခဲ့ကြသော ပဉ္စဝဂ္ဂီငါးဦးလုံး အာသ ဝေါကင်းကွာ ရဟန္တာအရှင်မြတ်များဖြစ် တော်မူခဲ့ကြပါ၏။ သို့ဖြစ်ရာ ဣသိပတန မိဂဒါဝုန်တောသည် ဗုဒ္ဓမြတ်စွာပွင့်ထွန်း ခဲ့ပြီးနောက် ဘုရားသာသနာတွင် တရား ရတနာနှင့် သံဃာရတနာတို့ ဖြစ်ထွန်း ပေါ်ပေါက်ရာ မဟာအောင်မြေအရပ် ဒေသပင်ဖြစ်၏။ ထိုအချိန်မှ စတင်ကာ ဝေနေယျများစွာ သတ္တဝါတို့သည် သုံးပါး သော ရတနာမြတ်တို့ကို ဆည်းကပ် ကိုးကွယ်ခွင့်ရရှိခဲ့ကြသည်ဟုဆိုရမည် ဖြစ်ပေသည်။