images
UN
UN
ရခိုင်ပြည်နယ်အရေးအပေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စိုးရိမ်နေဟု သတိပေး
NG Wednesday, 04 April 2018
နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ တစ်ဦးဖြစ်သော ရှာနာကာဂျေပိုင် ရစ်က နိုင်ငံတကာရင်းနှီးမြှုပ်နှံသူ များသည် ရခိုင်ပြည်နယ်အရေး အပေါ် စိုးရိမ်မှုများရှိနေဆဲဖြစ် ကြောင်း ပြောသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ သော ဖြစ်စဉ်များအပေါ် ကုလ သမဂ္ဂအဖွဲ့နှင့်နိုင်ငံတကာအသိုင်း အဝိုင်းက ပြစ်တင်ဝေဖန်မှုများစွာ ပြုလုပ်ခဲ့သည်။ထို့အပြင် အနောက် နိုင်ငံများက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ရန် စီစဉ်မှုများလည်း ပြုလုပ်လျက်ရှိ သောကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူများက မြန်မာနိုင်ငံအတွင်း၌ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စဉ်းစား ရာတွင် စိုးရိမ်ပူပန်မှုများ ရှိနေခြင်း ဖြစ်သည်။ ရှာနာကာဂျေပိုင်ရစ်က နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ က ပြုလုပ်ခဲ့သော လေ့လာမှုများ ကြောင့် တွေ့ရှိခဲ့သည့်ဖြစ်စဉ်များကို ရှင်းလင်းပြောကြားရာ၌ ''နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက် နေတဲ့အခြေအနေတွေဟာ ပုံမှန်တိုး တက်နေတယ်လို့ ပြောလို့မရပါဘူး။ ဒါ့အပြင် ခွင့်ပြုချက်ကျလာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏဟာ လည်း လျော့ကျလာနေပါတယ်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သိသိ သာသာလျော့ကျလာတယ်ဆိုတာ ကို ညွန်ပြနေတဲ့အရာတွေလည်း ရှိ ပါတယ်။ ၂ဝ၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်း ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ် တွေ ဝင်ရောက်မှု နည်းပါးသွားခဲ့ ပါတယ်။ ဒါဟာ အံ့အားသင့်စရာ ကောင်းတဲ့ ဖြစ်စဉ်မျိုးမဟုတ်ပေ မယ့် မြန်မာနိုင်ငံအတွက် မဖြစ် မနေသတိထားရမယ့် ဖြစ်စဉ် မျိုးပါ''ဟု ပြောသည်။