images
UN
UN
မွန်ပြည်နယ်တွင် ရော်ဘာဈေးနှုန်းများထပ်မံကျဆင်း
နိုင်နိုင်(မွန်) Wednesday, 04 April 2018
မွန်ပြည်နယ်တွင် ယခုလအထိ ရော်ဘာဈေးနှုန်းများ ထပ်မံ ကျဆင်းလျက်ရှိကြောင်း ပြည်နယ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူ များအသင်းမှ သိရသည်။ ပြီးခဲ့သည့် မတ်လအတွင်း ရော်ဘာ ဈေးနှုန်းမှိုင်းခံ No.3 တစ်ပေါင်လျှင် ကျပ် ၇၇ဝ ရရှိခဲ့ရာမှ ယခုလအထိ ကျပ် ၆၈ဝ ကျော်အထိ ကျဆင်းသွားကြောင်း အသင်းမှ တွဲဖက်ဘဏ္ဍာရေးမှူးဦးသက်ဦးက ပြောသည်။
''နိုင်ငံတကာကမ္ဘာ့ဈေးကွက်ကကျနေလို့ ဈေးနှုန်းတွေပြန်ကျ နေတယ်။ နှစ်တိုင်း အဲဒီအချိန်ဆိုရင် ရော်ဘာဈေးနှုန်းပြန်ကျ တယ်။ ဖိနပ်လိုင်းသွားတဲ့ ရော်ဘာပြားတစ်ပေါင်လျှင် ကျပ် ၇၇ဝ အထိ ရှိတယ်။ ပြန်ကျနေတယ်''ဟု ဦးသက်ဦးကပြောသည်။
ရော်ဘာခြံသမားများမှာ ယခုအချိန်၌ ရွက်ကြွေရာသီဖြစ်သည် နှင့်အညီ လုပ်ငန်းခွင်ယာယီရပ်နားထားရကြောင်း၊ ရော်ဘာ ဈေးနှုန်းများမှာ ယခုနှစ်ဇန်နဝါရီလအတွင်းမှိုင်းခံ No.3တစ်ပေါင် လျှင် ကျပ် ၈ဝဝ ကျော်ရှိခဲ့ပြီး ဖေဖော်ဝါရီလအတွင်း တစ်ပေါင် လျှင် ကျပ် ၇၅ဝ ကျော်သာ ပေါက်ဈေးရှိခဲ့သည်။ မြန်မာနှစ်သစ် ကူးသင်္ကြန်ပြီးပါက ထိုင်းဘတ်ငွေဈေးပြန်တက်လာလျှင် ရော်ဘာ ဈေးနှုန်းလည်း ပြန်တက်လာမည်ဖြစ်ကြောင်း သိရသည်။