images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ မြို့နယ်ပါတီဥက္ကဋ္ဌ အတွင်းရေးမှူးများနှင့်တွေ့ဆုံ
ထိန်ဝင်း(YGN) Wednesday, 04 April 2018
ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီကော်မတီရုံး၌ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင် စိုးသည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံ၍ ပါတီအောင်နိုင်ရေးလုပ် ငန်းများ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်း အဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် ရန်ကုန်တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင် စိုး၊ ဗဟိုကော်မတီဝင် တိုင်းဒေသ ကြီးပါတီအတွင်းရေးမှူးဦးသာဝင်း နှင့် ဗဟိုကော်မတီဝင်များ၊ တိုင်း ဒေသကြီး ပါတီကော်မတီဝင်များ နှင့် ခရိုင်ပါတီဥက္ကဋ္ဌများ၊ မြို့နယ် ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။
အစီအစဉ်အရပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင် မောင်စိုးက အမှာစကားပြောကြား ရာတွင် မိမိတို့မြို့နယ်ပါတီကော် မတီများတွင် ကော်မတီဝင်များ၊ ပြည့်စုံအောင်ဖြည့်စွက်ကြရန်နှင့်
ဖြည့်စွက်ရာတွင် ပြုပြင်သင့်တာတွေပြုပြင်ပြီး အမှန်တကယ်အလုပ်လုပ်သူများဖြင့် ဖြည့်စွက်ကြရန် လိုအပ်ကြောင်း၊ သင်တန်းသားများရွေးချယ်ရာတွင်လည်း သင်တန်းနှင့်အမှန်တကယ်ကိုက်ညီသော ပါတီဝင်များကိုရွေးချယ်ပေးရန် လိုအပ်ကြောင်း၊ ယခုအခါ မိမိတို့ပါတီသို့ ဝင်ရောက်လိုသူများရှိနေ သဖြင့်ပါတီဝင်ရောက်နိုင်ရန် မြို့နယ်ရုံးများတွင် ဆောင်ရွက်ထားကြရန်လိုအပ်ကြောင်းမှာကြားသည်။ ထို့နောက် ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများမှခရိုင်အလိုက်ပါတီဥက္ကဋ္ဌများမှ မိမိတို့ခရိုင်နှင့်မြို့နယ်အခြေအနေ များကိုတင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီးပါတီကော်မတီဝင်များကရေးရာအလိုက်ဆွေးနွေးသည်။
ထို့နောက် ဗဟိုကော်မတီဝင်တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးသာဝင်းက ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေး ကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။