images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
မိုးရွာသွန်းမှုများကြောင့်အလှစွန်လွှတ်ပွဲတော်နှင့် စွန်ဖြတ်ပွဲတော်ခေတ္တရပ်ဆိုင်းထား
မေနဒီမြနွယ် Wednesday, 04 April 2018
မြန်မာ့ရိုးရာ အားကစားအဖွဲ့ချုပ်က ကြီးမှူးပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ မြင်းစီး အားကစားကွင်းတွင် ယခုလ ၁ ရက်မှ စတင် ကျင်းပလျက်ရှိသော အလှစွန်လွှတ်ပွဲတော် နှင့် စွန်ဖြတ်ပွဲတော်ပြိုင်ပွဲအား ပွဲကျင်းပနေစဉ် ယမန်နေ့က မိုးများသည်းထန်စွာရွာသွန်း လာမှုကြောင့် ခေတ္တရပ်ဆိုင်းထားရကြောင်း
မြန်မာ့ရိုးရာအားကစားအဖွဲ့ချုပ်မှ (အလုပ်အမှုဆောင်) ဦးသိန်းထွန်း က ပြောသည်။
''အခုပြိုင်ပွဲကို ယခုလ ၁ ရက်ကနေ ၇ ရက်အထိ ကျင်းပ သွားဖို့ သတ်မှတ်ထားပေမယ့် အခု ဒီနေ့မှာမိုးတွေရွာလာတဲ့အတွက် ဒီပြိုင်ပွဲကို ခေတ္တရပ်နားထားရပါ တယ်။ ဒီအားကစားပြိုင်ပွဲက တခြားအားကစားနည်းတွေနဲ့မတူ ပါဘူး။ တခြားကစားနည်းတွေက တော့ မိုးရွာရင် indoor ဖြစ်ဖြစ် out door ဖြစ်ဖြစ် သတ်မှတ်ရက် အတွင်းမှာ ပြိုင်ပွဲကို ပြီးအောင် ကျင်းပလို့ရတယ်။ ဒီကစားနည်း မှာကျတော့ သတ်မှတ်ရက်အတွင်း မှာနေသာနေရင်လည်းကြိုပြီးချင်ပြီး သွားနိုင်တယ်။ ရာသီဥတုအဆင် မပြေရင် ပြီးချင်မှလည်းပြီးမယ်။ သေချာပြောလို့မရသေးဘူးဖြစ်နေ တယ်။ နေသာလာပြီဆိုရင်တော့ ပြိုင်ပွဲကိုဆက်ကျင်းပသွားမှာ ဖြစ် ပါတယ်'' ဟု ပြောသည်။
အဆိုပါအလှစွန်လွှတ်ပွဲတော် နှင့် စွန်ဖြတ်ပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍မြန်မာ နိုင်ငံရိုးရာအားကစားအဖွဲ့ချုပ် အနေဖြင့် ရိုးရာကစားနည်းများကို စည်းမျဉ်းစည်းကမ်းများနှင့် အညီ ရေးဆွဲ၍ မိမိတို့ရိုးရာပျော်ပွဲရွှင်ပွဲ ကစားနည်းများကို ပျောက်ကွယ် မသွားစေရန်အတွက်လည်းကောင်း၊ ယခုကဲ့သို့မိမိတို့၏ ရိုးရာကစား နည်းများကို အပျော်သက်သက်က စားကြခြင်းမှယှဉ်ပြိုင်ခြင်းစနစ်ဖြင့် ဖော်ထုတ်သည့်အတွက် ပြည်တွင်း သာမက ပြည်ပနိုင်ငံများသို့ ဖိတ် ခေါ်ပွဲများကို သွားရောက်ကစား လာနိုင်ခြင်းဖြင့်လည်းကောင်း၊ စွန် လွှတ်ကစားနည်းသည် စိတ်ကို ပျော်ရွှင်စေရုံမျှမက ဦးခေါင်းကို လှုပ်ရှားရသည့်အတွက် ဦးခေါင်း ကျီးပေါင်းတက်သူများအနေဖြင့် လေ့ကျင့်ခန်းသဘော သက်ရောက် ကာအလွန်အဆင်ပြေသည့် အား ကစားနည်းဖြစ်ကြောင်းဦသိန်းထွန်း က ဆက်လက်ရှင်းပြသည်။ အလှ စွန်လွှတ်ပွဲတော်နဲ့စွန်ဖြတ်ပြိုင်ပွဲ ကိုကျင်းပလာခဲ့သည်မှာ ယခုအပါ အဝင် ၁၄ ကြိမ်မြောက်ရှိပြီဖြစ် ပြီး အဆိုပါပြိုင်ပွဲသို့ အသင်းအဖွဲ့ အလိုက်စွန်လွှတ်အဖွဲ့ ၂၂ ဖွဲ့မှ ဝင် ရောက်ယှဉ်ပြိုင်ကြပြီး တစ်ဦးချင်း အနေဖြင့်၁၄၂ဦးက ဝင်ရောက်ယှဉ် ပြိုင်လျက်ရှိကြောင်း သိရသည်။