images
UN
UN
၂ဝ၁၈ ခုနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း ခိုးဝင်ဘင်္ဂါလီ ယမန်နှစ်ကထက်များပြားလာ
နွယ်နွယ်(မကွေး) Wednesday, 04 April 2018
မကွေးတိုင်း ဒေသကြီးတွင် ၂ဝ၁၈ ခုနှစ်အတွင်း ရခိုင်ပြည် နယ်မှ ခိုးဝင်လာသည့် ဘင်္ဂါလီများ မှာ ၂ဝ၁၇ ခုနှစ်ကထက်အဆမတန် များပြားလာကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှသိရသည်။၂ဝ၁၈ ခုနှစ်အတွင်း ဘင်္ဂါလီခိုးဝင် မှုတားဆီးရေးစီမံချက်ဖြင့် ဌာန ပေါင်းစုံပါဝင်သောပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ရှာဖွေမှုများပြုလုပ်ခဲ့ရာ တွင်၂ဝ၁၈ ခုနှစ် ဇန်နဝါရီ၁ရက်မှ ဧပြီ၎ရက်အထိ ဖမ်းဆီးရမိဘင်္ဂါလီ ၉၁ ဦးရှိခဲ့ကြောင်း သိရသည်။
ဘင်္ဂါလီလူမျိုးများနှင့် သယ် ဆောင်သူများခိုအောင်းနေနိုင်သည့် နေရာများအား မင်းဘူးခရိုင် ငဖဲ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင် ဦးဆောင်သောအဖွဲ့သည် ယမန်နေ့ နံနက် ၇ နာရီခွဲမှစ၍ ငဖဲမြို့နယ် မင်းလွင်ကျေးရွာအုပ်စု သစ်ဆိမ့် ပင်ကျေးရွာမှလောက် ပုလဲကျေး ရွာသို့သွားရောက်သည့်တောလမ်း တစ်လျှောက် ပိတ်ဆို့ရှာဖွေစစ် ဆေးမှုများဆောင်ရွက်ခဲ့ရာသစ် ဆိမ့်ပင်ကျေးရွာ၏ အရှေ့မြောက် ဘက် နှစ်ဖာလုံခန့်အကွာရှိ လျှို အတွင်း၌ခိုးဝင်ဘင်္ဂါလီအမျိုးသား ၁၁ ဦးနှင့် အမျိုးသမီးနှစ်ဦး စုစု ပေါင်း ၁၃ ဦးဖမ်းဆီးရမိခဲ့ပြီး ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ယနေ့အထိ မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်နှင့် ငဖဲမြို့နယ်တို့မှ ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂါလီ ၉၁ ဦးရှိကြောင်း သိရသည်။
ဘင်္ဂါလီခိုးဝင်မှုတားဆီးရေး အတွက် မင်းဘူးခရိုင် ပုသိမ်-မုံရွာကားလမ်းတစ်လျှောက် ဂုတ် ကြီး၊ ငဖဲ၊ ပဒါန်းစသည့် မြို့ နယ်စခန်းများတွင်လည်းကောင်း၊ သရက်ခရိုင် မင်းလှမြို့နယ်ရှိ စခန်းများတွင်းလည်းကောင်း ပိတ် ဆို့ရှာဖွေစစ်ဆေးမှုများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။
ခိုးဝင်ဘင်္ဂါလီများမှာ ကျောက် တော်နှင့် မြောက်ဦးမြို့နယ်များ ဖြစ်ပြီး မြောက်ဦးမှ စက်လှေဖြင့် နှစ်ရက်ခန့်တက်လာပြီး တောလမ်း ရခိုင်ရိုးမကိုဖြတ်ကာ ပုသိမ်-မုံရွာကားလမ်းကို လာကြခြင်းဖြစ် ကြောင်း၊ ပုသိမ်-မုံရွာကားလမ်းမှ တစ်ဆင့်ရန်ကုန်ကို သွားမည်ဖြစ် ပြီး ဖမ်းဆီးရမိသူအများစုမှာ အမျိုးသားများ ဖြစ်ကြကြောင်း၊ မြန်မာနိုင်ငံအတွင်း အဆင်ပြေ သည့်မြို့များတွင် လည်းကောင်း၊ ရန်ကုန်မြို့တွင် လည်းကောင်း အခြေပြုလူစုပြီး မလေးရှားကို ကုန်လမ်း သို့မဟုတ် ရေလမ်းဖြင့် သွားမည်ဖြစ်ကြောင်း သိရသည်။
''မလေးရှားရောက်ပြီးဘင်္ဂါလီ တွေနဲ့အချိတ်အဆက်ရှိနေတယ်။ ရန်ကုန်ဘယ်နေရာကနေ ချိတ် ဆက်နေလဲဆိုတာကတော့ မသိရ သေးပါဘူး'' ဟု မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ဦးစီး အရာရှိ(ပထမတန်း) ဒုတိယရဲမှူး ကြီးတင်မိုးက ပြောသည်။
၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ မကွေးတိုင်းဒေသကြီး မင်းဘူး ခရိုင်နှင့် သရက်ခရိုင်အတွင်းသို့ ခိုးဝင်လာသည့် ဘင်္ဂါလီ ၁၇ ဦး ဖမ်းဆီးရမိခဲ့ကာ အဆိုပါဖမ်းဆီး ရမိမှုများတွင် မင်းဘူးခရိုင်တွင် ငါးမှု၊ သရိုင်ခရိုင်တွင်နှစ်မှုဖြစ် ကြောင်းသိရှိရပြီး အဆိုပါဘင်္ဂါလီ ၁၇ ဦးဖမ်းဆီးရမိမှုနှင့်ပက်သက်၍ လိုက်ပါပို့ဆောင်သူ မြန်မာ ၁၅ ဦးအားလည်း အမှုဖွင့်အရေးယူခဲ့ ကြောင်း သိရသည်။