images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ရွှေပြည်သာစက်မှုဇုန်(၁)ရှိ အခန်းပေါင်း ၁၂ဝ ပါ တန်ဖိုးနည်းဝန်ထမ်းအိမ်ရာဖွင့်လှစ်
ရွှေရောင် Thursday, 05 April 2018
ရွှေပြည်သာစက်မှုဇုန်(၁)ရှိ အခန်းပေါင်း ၁၂ဝ ပါ တန်ဖိုးနည်း ဝန်ထမ်းအိမ်ရာ ဖွင့်လှစ်ပွဲအား ယမန်နေ့တွင် ရွှေပြည်သာစက်မှုဇုန် (၁)တွင် ကျင်းပခဲ့သည်။
ရွှေပြည်သာစက်မှုဇုန်(၁)အတွင်း ရှိ စက်ရုံအလုပ်ရုံများတွင် အလုပ် လုပ်ကိုင်ကြသော ဝန်ထမ်းများ သက်သာ ချောင်ချိရေးအတွက် တန်ဖိုးနည်းဝန်ထမ်းအိမ်ရာတည် ဆောက်ရန် ဆောက်လုပ်ရေးဝန် ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနမှ မြေဧရိယာ ၂ ဒသမ ၁၅ ဧကအား တစ်ဧကတစ် နှစ်လျှင် ကျပ်သုံးသိန်းနှုန်းဖြင့် ငါး နှစ်တစ်ကြိမ်စာချုပ်ကာ ၁၂ ကြိမ် အတွက် နှစ်ပေါင်း ၆ဝ ငှားရမ်း ဆောက်လုပ်ခြင်းဖြစ်သည်။
ယခုပြီးစီးသည့်ဝန်ထမ်းအိမ် ရာအားတစ်ခန်းလျှင် (၁၈x၁၈x၉) ပေရှိ တစ်ထပ်လျှင် အခန်းပေါင်း ၁၂ခန်းဖြင့် မြေညီထပ်၊ ကားရပ် နားစခန်းပါ(RC) ငါးထပ်တိုက် နှစ်လုံးအားယခင်နှစ်တွင် ဆောက် လုပ်ပြီးစီးခဲ့ရာ အဆိုပါ တန်ဖိုး နည်းအိမ်ရာတိုက်များအား ဝယ် ယူထားသော စက်မှုလုပ်ငန်းရှင် များသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး လည်းဖြစ်ကြောင်း သိရသည်။
''အိမ်ရာတွေဖြစ်ပေါ်လာဖို့ ကို အချိန်တော်တော်ယူရပါတယ်။ ဒီတိုက်တွေဖြစ်ပေါ်လာအောင် မြေ နေရာရဖို့ ကြိုးစားရတယ်။မြေရ တော့လည်းတန်ဖိုးနည်းအိမ်ရာဖြစ် ဖို့ကို ပထမပိုင်းကတော့ တချို့က စိတ်မဝင်စားကြဘူး။ ဒါပေမဲ့စည်း ရုံးရင်းကနေ စိတ်ဝင်စားလာကြ တယ်။ ဝယ်ယူနိုင်အောင်လည်း အရစ်ကျစနစ်နဲ့ဆောင်ရွက်ပေးထား ပါတယ်။ တိုက်တစ်တိုက်ကိုအခန်း ၆ဝ နဲ့ တိုက်နှစ်တိုက်ကို အခန်း ၁၂ဝ ရှိတယ်။ အခုတော့ အားလုံး ရောင်းချပြီးသွားပါပြီ''ဟု ရွှေပြည် သာစက်မှုဇုန်(၁)၊ သာဓုကန်စက်မှု ဇုန်၊ဝါးတစ်ရာစက်မှုဇုန် စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးသိန်းက ပြောသည်။
တန်ဖိုးနည်းဝန်ထမ်းအိမ်ရာ များ ငါးနှစ်အရစ်ကျဖြင့် ရောင်းချ ပေးခဲ့ရာ ပထမထပ်တစ်ခန်းလျှင် ကျပ်သိန်း ၁၂ဝ နှုန်း၊ ဒုတိယထပ် တစ်ခန်းလျှင် ကျပ်သိန်း ၁၁ဝနှုန်း၊ တတိယထပ် တစ်ခန်းလျှင် ကျပ် သိန်း ၁ဝဝ နှုန်း၊ စတုတ္ထထပ်တစ် ခန်းလျှင် ကျပ်သိန်း ၉ဝ နှုန်း၊ ပဉ္စမထပ်တစ်ခန်းလျှင် ကျပ်သိန်း ၈ဝ နှုန်းဖြင့် ရောင်းချပေးခဲ့ပြီး ထပ်မံ၍လည်း တန်ဖိုးနည်းအိမ်ရာ တိုက်နှစ်လုံးအား တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။