images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ရန်ကုန်နှင့်မန္တလေးမြို့များတွင်MYTEL SIM cardsများ တရားဝင်ဖြန့်ချိရောင်းချခြင်းမရှိသေးဟုဆို
မေနဒီမြနွယ် Thursday, 05 April 2018
ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အချို့သောဆိုင်များတွင်MYTEL SIM cards များအားဖြန့်ချိရောင်း ချနေသည်မှာ တရားဝင်မဟုတ် သည့် သတင်းမှားဖြစ်ကြောင်းMYTELမှ Chief External Relations Officer ဦးဇော်မင်းဦး က ယမန်နေ့က မေးမြန်းမှုကို ဖြေကြား ခဲ့သည်။
''MYTEL SIM cards တွေ ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အချို့ဆိုင်တွေမှာရောင်းချနေတယ် ဆိုတာ တရားဝင်မဟုတ်တဲ့ သတင်း အမှားဖြစ်ပါတယ်။ ကျွန်တော်တို့ MYTELအနေနဲ့ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဖြန့်ချိရောင်း ချခြင်းမရှိသေးပါဘူး''ဟု ပြော သည်။
MYTEL မှ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများကို ၂ဝ၁၈ ခုနှစ် မတ် ၁၅ ရက်မှစတင်၍ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းနှင့်ကရင်ပြည်နယ်တို့တွင် စတင်ဝန်ဆောင်မှုပေးခဲ့သည်။မြန်မာ နိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၅ ခုတွင် ကွန်ရက်ချဲ့ထွင်မည့် အစီအစဉ်အား အဆိုပါပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ကွန်ရက်များ အဆင်သင့်အသုံးပြုနိုင်ရန်အတွက် ယခုလတွင် အပြီးသတ်အကောင် အထည်ဖော်သွားမည်ဖြစ်သည်။
''ကျွန်တော့်တို့အနေနဲ့ MYTEL ရဲ့ဝန်ဆောင်မှုကို စောင့်စား နေတဲ့ သုံးစွဲသူတွေရဲ့လက်ထဲ အရောက် သယ်ဆောင်လာပေးရ တာ အရမ်းကိုဝမ်းသာပါတယ်။ ဝန်ဆောင်မှုရဲ့ အဓိကရည်ရွယ် ချက်တစ်ခုကတော့ ဝေးလံတဲ့ကျေး လက်ဒေသတွေရယ်၊ ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးတွေနဲ့အလှမ်း ဝေးတဲ့နေရာဒေသတွေမှာ ဆက် သွယ်ရေးဝန်ဆောင်မှုပေးနိုင်ဖို့ ရည် ရွယ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဆင့်မြင့်နည်းပညာတွေ၊ ၄ွ ကွန်ရက်နဲ့မြန်မာနိုင်ငံကသုံးစွဲသူ တွေအတွက်ထားရှိတဲ့ ကျွန်တော် တို့ရဲ့အားသွန်ခွန်စိုက်မှုတွေကြောင့် အနာဂတ်ကာလရဲ့ဆက်သွယ်ရေး ဈေးကွက်အတွက် စိတ်လှုပ်ရှားမိ ပါတယ်''ဟု၎င်းက ထပ်မံပြော ကြားခဲ့သည်။
MYTEL၏ ဆက်သွယ်မှု ကွန်ရက်များ အဆင်သင့်ဖြစ် သည်နှင့် တစ်ပြိုင်နက် အထက် ဖော်ပြပါဒေသများတွင် ဖြန့်ချိ ရောင်းချပြီး ဝန်ဆောင်မှုများပေး သွားမည် ဖြစ်သည်။MYTEL SIM Card တစ်ကတ်အား ငွေ ကျပ် ၁၅ဝဝ ဖြင့် စတင်ရောင်းချ မည်ဖြစ်ပြီး “Welcome Bonus”အနေဖြင့် MYTEL အစီအစဉ် အောက်တွင်SIMကတ်အား စာရင်းသွင်းပြီး ရက် ၆ဝ အတွင်း ၇၅ဝMB+ ၁ဝဝ မိနစ် on-net (MYTEL လိုင်းအချင်းချင်း)ဖုန်း ခေါ်ဆိုရန် အသုံးပြုနိုင်မည်ဖြစ် သည်။သုံးစွဲသူများအနေဖြင့်လည်း မတ် ၁၅ရက်မှစ၍ ဖုန်းဘေလ်ဖြည့် သွင်းတိုင်းtop-up bonus ရာခိုင် နှုန်း ၅ဝ ရရှိမည်ဖြစ်သည်။top-up bonus များသည်လည်း ရရှိ သည့်လအတွင်း အကုန်သုံးစွဲ၍ မကုန်ပါက နောက်လများတွင် ဆက်လက်၍အသုံးပြုနိုင်မည်ဖြစ် သည်။MYTEL ၏အခြေခံခေါ်ဆို ခနှုန်းထားသည် on-net (MYTEL လိုင်းအချင်းချင်း)တစ်မိနစ်လျှင် ၁ဝကျပ်၊ off-net(MYTEL နှင့် အခြားဆက်သွယ်ရေးလိုင်းများ) တစ်မိနစ်လျှင် ၂၃ ကျပ်နှင့်SMS စာတိုဝန်ဆောင်မှုများအတွက် on-net (သို့)off-net အတွက် တစ် စောင်လျှင် ၁ဝ ကျပ်နှုန်းသာကျ သင့်မည်ဖြစ်ကြောင်း သိရသည်။