images
UN
UN
ကလိန်အောင်မြို့၌ ယာဉ်မောင်းလိုင်စင်နှင့် လိုင်စင်သက်တမ်းတိုးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးမည်
Thursday, 05 April 2018
တနင်္သာရီတိုင်းဒေသကြီးထား ဝယ်ခရိုင် ကလိန်အောင်မြို့ (၃) ရပ်ကွက်ရှိကလိန်အောင်မြို့ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယခု လ ၇ ရက် နံနက် ၉ နာရီမှ စတင်၍ ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်လိုင်စင်သက်တမ်းတိုးခြင်းများ ကို ကွင်းဆင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေး ရာတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန တနင်္သာရီတိုင်း ဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီး မှူးရုံး(ထားဝယ်)မှ မော်တော်ယာဉ် သက်တမ်းတိုးခြင်း၊ ယာဉ်မောင်း လိုင်စင်သက်တမ်းတိုးခြင်းနှင့်ယာဉ် မောင်းလိုင်စင်များပြုလုပ်ပေးမည် ဖြစ်ပြီး ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းအသိပညာပေးဟောပြော ခြင်းများဆောင်ရွက်မည်ဖြစ်သည်။
အဆိုပါ ယာဉ်မောင်းလိုင်စင် နှင့်ယာဉ်လိုင်စင်သက်တမ်းတိုးခြင်း ကို ကလိန်အောင်မြို့အတွင်းရှိ ရပ် ကွက် ကျေးရွာများမှ ပြည်သူများ အား ယခုလ ၇ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ နေ့ချင်း ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။