images
UN
UN
ညောင်တုန်းလဲကျေးရွာတွင် လယ်ကွင်းအတွင်း မီးလောင်ရာမှတစ်ဆင့်လူနေအိမ်ငါးလုံးသို့ကူးစက်လောင်ကျွမ်း
မန်းကျော် Thursday, 05 April 2018
အင်္ဂပူမြို့နယ် ညောင်ကျိုး ကျေးရွာအုပ်စုညောင်တုန်းလဲ ကျေးရွာတွင်ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ညောင်တုန်းလဲကျေးရွာ အနောက်ဘက်ရှိလယ်ကွင်းအတွင်း မီးလောင်ရာမှတစ်ဆင့် လယ်ကွင်း အနီးရှိ ဦးဌေးဦး၏ ကောက်ရိုးပုံနှင့် ပဲမှော်ပုံများသို့ကူးစက်လောင်ကျွမ်း ရာမှ လူနေအိမ်ငါးလုံးသို့ ကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွား ရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်ထွန်းရီဦးဆောင်သောသန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်၂၅ဦး၊မီးငြှိမ်းသတ် ယာဉ်တစ်စီးတို့နှင့်အတူကျေးရွာ နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ် မှုကြောင့် မွန်းလွဲ ၂ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။မီးလောင်မှု ကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း လူနေအိမ်ငါးလုံး စုစုပေါင်းတန်ဖိုး ငွေကျပ်၂၂သိန်းခန့်ဆုံးရှုံးခဲ့ကြောင်း နှင့် လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။