images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
လှိုင်မြစ်အတွင်း ရေယာဉ်နှစ်စင်းတိုက်မှုဖြစ်ပွား
ရဲရင့် Thursday, 05 April 2018
လှိုင်မြစ်အတွင်း ယနေ့နံနက် ပိုင်းက ရေယာဉ်နှစ်စင်း တိုက်မိ သဖြင့် တစ်စင်းနစ်မြုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။
ယနေ့ နံနက် ၁ဝ နာရီ မိနစ် ၅ဝ က ရေကြောင်းရဲတပ်ဖွဲ့မှ တပ် ဖွဲ့ဝင်များနှင့်ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဆိပ်ကမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက လှိုင်မြစ်အတွင်းMIP ဆိပ်ကမ်းအနီး၌ ရေယာဉ် နှစ်စင်းတိုက်မိမှုဖြစ်ပွားခဲ့ပြီး တစ် စင်းနစ်မြုပ်သွားကြောင်း သတင်း ရရှိသဖြင့် သွားရောက်စစ်ဆေးခဲ့ သည်။
ယင်းသို့ သွားရောက်စစ်ဆေး ခဲ့ရာ အဆိုပါနေရာ၌ အလုံအပြည် ပြည်ဆိုင်ရာဆိပ်ကမ်းဘက်မှ ရေ ယာဉ်မှူး ဦးကျော်တင့်မောင်းနှင် လာသော ဝင်းပိုင်(၅)ဆီတင်တွဲ ရေယာဉ်နှင့် ဘုရင့်နောင်အောင်ဇေ ယျတံတားဘက်မှ ရေယာဉ်မှူး ဦးအောင်ဌေးလင်း မောင်းနှင်လာ သော ကျောက်စရစ်တွဲ(၂)တွဲ ဆွဲ လာသည့် ဓနလှိုင်(၃)၊ တွန်းရေ ယာဉ်တို့ အလုံမြို့နယ်၊ ဦးမြငဇင် သမ္ဗန်ဆိပ်ရှေ့ ရေပြင်အရောက် မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ ဓန လှိုင်(၃) တွန်းရေယာဉ်မှ တွဲလာ သည့် အလျား ၁၁၅ ပေ၊ အနံ ၃၈ ပေရှိ CB 395 ကျောက်စရစ် တွဲမှာ နစ်မြုပ်သွားခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းသိရ သည်။