images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အလုပ်အကိုင်အခွင့်အလမ်း ၆ဝဝဝ ခန့်ဖန်တီးပေးနိုင်မည့်စီမံကိန်းဖော်ဆောင်မည်ဟုဆို
NG Friday, 06 April 2018
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိလယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် စီမံကိန်းများ ဖော်ဆောင်ရန် စီစဉ်လျက်ရှိကာ အဆိုပါစီမံကိန်းများကြောင့် အလုပ် အကိုင်အခွင့်အလမ်းသစ် ၆ဝဝဝ ခန့်ဖန်တီးပေးနိုင်မည်ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က အတည်ပြုခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့သည် မြန်မာနိုင်ငံကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ပူးပေါင်းကာ တိုင်း ဒေသကြီးအတွင်း၌ လယ်ယာစိုက် ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို ဖော်ဆောင်ရန်စီစဉ် ထားခြင်းဖြစ်သည်။ လေးနှစ်သက် တမ်းရှိမည့် စီမံကိန်းများကို ယခု နှစ်တွင်စတင်ဖော်ဆောင်သွားမည် ဖြစ်သည်။ ရေးဆွဲထားသော စီမံ ကိန်း ၂၂ခုရှိရာ ပြီးခဲ့သည့်နှစ် အတွင်းက ကျင်းပခဲ့သော အလုပ်ရုံ ဆွေးနွေးပွဲများတွင် ရရှိခဲ့သော ရလဒ်များကို အခြေခံရေးဆွဲထား ခြင်းဖြစ်ကြောင်းလည်းသိရသည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများမှ ထွက် ရှိလာသော ထုတ်ကုန်များကို ရန် ကုန်မြို့ကိုအခြေပြုသည့် ဈေးကွက် များမှတစ်ဆင့် ဖြန့်ဖြူးရောင်းချမှု များလည်းပြုလုပ်နိုင်မည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ပြည်ပသို့တင်ပို့ခဲ့ သည့်လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ ထုတ်ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ၂ဒသမ၄ဘီလီယံရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကအတည်ပြုခဲ့သည်။