images
UN
UN
ကောင်းကျိုးထက် ဆိုးကျိုးက မင်းမူနေသော ဖေ့စ်ဘုတ်ဆိုဝေရာမဏိ နယ်ချဲ့မီဒီယာများနားမထောင်တာ ဖေ့စ်ဘုတ်အယုတ်တမာများမကြည့်တာ စိတ်ချမ်းသာပါဘိ
တက္ကသိုလ်မြတ်သူ Friday, 06 April 2018
(ယမန်နေ့မှအဆက်)
အကောင်းများစွာရှိသကဲ့သို့ အဆိုးများစွာ လည်းရှိပေသည်။ သူတစ်ပါးကို ပုတ်ခတ်ခြင်း၊ ဆဲရေးတိုင်းထွာကြသည်အထိ မိုက်မိုက်ရိုင်းရိုင်း အပုပ်ချရေးတင်ကြခြင်း၊ ကိုယ်နှင့်မတူ ကိုယ့်ရန် သူသဘောထား၍ ရန်လိုခြင်း၊ မိမဆုံးမ ဖမဆုံး မ ပုံစံမျိုးဆိုက်ရောက်လာခြင်းစသည့်မလိုလား အပ်ဖွယ်အပြုအမူများ၊ ကောလာဟလမမှန်မကန် လေပုပ်ထုတ်သတင်းမှားဖန်တီးမှုများလုပ်လာ သည်ကိုလည်းတွေ့ရပေသည်။ လူ့အသိုင်းအဝိုင်း တွင် အပြုသဘောဆောင်၊ အကျိုးပြုနိုင်သောဖေ့စ် ဘုတ်ကို အဖျက်သဘောဆောင်၊ အကျိုးဖျက်စေ နိုင်သောဖေ့စ်ဘုတ်ဖြစ်အောင် လုပ်နေပေသည်။
လက်ရှိအစိုးရလည်း မထိန်းနိုင်၊ ဖေ့စ်ဘုတ် လုပ်ငန်းထောင်ပြီး ကမ္ဘာကျော်ကုဋေကြွယ်သူဌေး ဖြစ်သွားသည့်မာ့ခ်ဇူကာဘတ်လည်း မနိုင်၊ ဆက် သွယ်ရေးဥပဒေဆိုသည်များကလည်း အာဏာ ပိုင်အစိုးရများ၊ အာဏာရပုဂ္ဂိုလ်များက မိမိတို့ ဂုဏ်သတင်းကိုထိခိုက်အောင် ဖေ့စ်ဘုတ်ပေါ်တင် သူကိုသာဖမ်းဆီးထောင်ချနိုင်ပြီး စည်းလွတ် ဘောင်လွတ်လုပ်နေသည်များကို မတားနိုင်ပေ။ ဤသို့ဖြင့် ဖေ့စ်ဘုတ်သည်ရှစ်လေးလုံးဆန်လာ ပေသည်။ ရှစ်လေးလုံးဆန်သည်ဟုဆိုရခြင်းမှာ ရှစ်လေးလုံးကာလ လူလုံးထွက်ပြပြီး ရှစ်လေးလုံး ဆန္ဒပြ၊ သပိတ်မှောက်ဆူပူမှုဖြင့် ကောင်းစားသွား သူများ၊ ကောင်းစားနိုင်ခြေရှိနေသေးသူများ၊ နားမလည်ပါးမလည် ဝေလေလေများကသာ ရှစ် လေးလုံးကို ဒီမိုကရေစီအရေးတော်ပုံကြီးဟု ဆိုင်းဘုတ်ရေးထူနေကြသော်လည်း ရှစ်လေးလုံး ကာလတွင် ခေါင်းအလုံး ၇ဝ ခန့်ဖြတ်၍ အကြောင်းမဲ့ သတ်ပစ်ခြင်းခံရသူတို့၏ မိသားစု များ၊ ထိုလုပ်ရပ်ကို လက်မခံနိုင်သူများ ၊ သင်္ချိုင်း အုတ်ဂူမကျန်၊ ပြည်သူပိုင်ပစ္စည်းများပါ ဖောက် ထွင်းခိုးယူစီးပွားဖြစ်သွားသည်ကို မြင်တွေ့နေ သောပြည်သူများ၊ စက်မှုတက္ကသိုလ်ကျောင်းသား တစ်စုနှင့်ပတ်ဝန်းကျင်ရပ်ကွက်နေ ပြည်သူများ လက်ဖက်ရည်ဆိုင်ရန်ပွဲကို ဗကပယူဂျီတို့က အသုံးပြုဖန်တီးသည့်ဆူပူမှုဖြစ်ပွားသော ၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်နေ့မှ အမေရိကန်စစ် သင်္ဘောငါးစင်းအုပ်စု ကျူးကျော်ဝင်ရောက်လာ သဖြင့် တပ်မတော်မှနိုင်ငံတော်တာဝန်ကို မလွှဲ မရှောင်သာယူခဲ့ရသည့် စက်တင်ဘာလ ၁၈ ရက်နေ့အထိ ခြောက်လနှင့်ခြောက်ရက်အတွင်း ရိုးရိုးသားသား ၊ အေးအေးဆေးဆေး နေလိုသော ပြည်သူတစ်ရပ်လုံး(မပြောဝံ့၊ မပြောသာ၍သာ မပြောကြခြင်းဖြစ်သည်) စိတ်အေးချမ်းသာမနေ ရ၊ နေရင်းထိုင်ရင်းခေါင်းဖြတ်ခံရနိုင်၍ အုံ့ပုံးပူ လူမသိနေခဲ့ကြရသည်။ လူတစ်စုက ကြားဖြတ် အစိုးရအာဏာရဖို့လူများစု အသက်ငယ်၊ ပညာနု၊ နိုင်ငံရေးအတွေ့အကြုံ၊ အသိမကြွယ်သေးသော ကျောင်းသားလူငယ် (မူလတန်းအရွယ်မကျန်) အသုံးချဆူပူခဲ့သည်ကို တိုင်းဆူပြည်ဖျက် အရေး အခင်းဟု ဆိုကြသည်။
ထိုကဲ့သို့ ရှစ်လေးလုံးကို တိုင်းပြည်မျက် နှာမငဲ့တတ်သူတို့က ရတနာစိန်ကျောက်(အာဏာ အရှိန်မောက်)ဖွယ် ဒီတက်ပွဲကဲ့သို့ ရှုမြင်ခံယူထား ချိန်၊ အများပြည်သူတို့ကမူ မသမာအရှိန်ကြောက် ဖွယ်၊ အာဏာကလိမ်မျောက်တို့၏ပြည်ဖျက်ပွဲဟု သူ့ဘက်ကိုယ့်ဘက်ရှုမြင်ကြသည့်နှယ်၊ ဖေ့စ်ဘုတ် ကိုလည်း အကျိုးပွားဖွယ် နည်းပညာပစ္စည်း အဖြစ် ပေါ်လာသော်လည်း လက်တွေ့၌ မျောက် လက်ထဲ မီးတုတ်ရောက်သွားသကဲ့သို့ အဆိုး များတကယ် မင်းမူသောင်းကျန်းလာသဖြင့်'ဖေ့စ် ဘုတ်ကြည့်ရတာ ဘီဘီစီ၊ ဗွီအိုအေ မုသားသတင်း တွေနားထောင်ရသလို အကုသိုလ်ဖြစ်လွန်းလို့ ဖေ့စ်ဘုတ်မကြည့်တော့ဘူး'ဟု နှာခေါင်းရှုံ့လာ ကြပေသည်။
ဤဆောင်းပါးအစတွင်ဖော်ပြသည့် နိုင်ငံခြား သတင်းကို ပြန်ဖတ်ကြည့်တော်မူကြပါရန်။ ယင်း သတင်းအစအဆုံး ပြန်မဖတ်လျှင်ပင် စာသား အမည်းဖြင့် ရေးသားထားသောစာပိုဒ်၊ စာကြောင်း များကိုမူ ပြန်ဖတ်ကြည့်စေချင်ပါသည်။ဖေ့စ်ဘုတ် သုံးစွဲသူတို့၏ ကိုယ်ရေးအချက်အလက်များကို ချိုးဖောက်အလွဲသုံးစားလုပ်မှုဟူသော အန္တရာယ် သည် ဒီမိုကရေစီလုံးဝမဆန်ဘဲ ညစ်ပတ်စုတ်ပဲ့ အောက်တန်းကျစွာသူခိုးကျင့်သူခိုးကြံဖြင့် အမြတ် ထုတ်နေကြောင်း တွေ့ရပါသည်။
ယဉ်မျိုးစာပေမှထုတ်ဝေသော ကျော်ဇင်(စာ နယ်ဇင်း)ပြုစုသည့် 'အက်ဒွပ်ဂျိုးဇက်စနိုဒင်နှင့် ကမ္ဘာကျော်မီဒီယာဖောက်ခွဲမှုကြီးများ' စာအုပ်ကို ဖတ်မိသူတိုင်း ထိုဖေ့စ်ဘုတ်၊ အွန်လိုင်း၊ အင်တာ နက်၊ လက်ပ်တော့ကွန်ပျူတာ၊ အီးမေးလ်၊ မို ဘိုင်းလ်ဖုန်း၊ အိုင်ဖုန်း၊ အိုင်ပက်တို့ကိုဝယ်ယူအသုံး ပြုသူများ၏ အချင်းချင်းဆက်သွယ်ပြောကြားသမျှ ရေးသားပေးပို့သမျှ ယင်းပစ္စည်းများ ထုတ်လုပ် သည့် ကုမ္ပဏီများကိုယ်တိုင်က မလွန်ဆန်နိုင် သောကြောင့် အမေရိကန်အမျိုးသားလုံခြုံရေးအေ ဂျင်စီ(NSA)တို့ ကြားဖြတ်ရယူစုစည်းပေးသွင်း နေရသည်ကို အက်ဒွပ်စနိုဒင်ဆိုသော ထို NSA တွင် CIA ကသွင်းပေး၍လုပ်ကိုင်ခဲ့ရသူ ကွန်ပျူ တာပညာရှင်ကထုတ်ဖော်ကာ ကမ္ဘာသို့တင်ပြခဲ့ သည်များကို ထိုစာအုပ်၌ ဖော်ပြထားပါသည်။
NSA အမေရိကန်အမျိုးသားလုံခြုံရေးအေ ဂျင်စီဆိုသည်ကို အမေရိကန်သမ္မတ၊ ပင်တဂွန် စစ်ဌာနချုပ်၊ အမေရိကန် စီအိုင်အေထောက်လှမ်း ရေးတို့ ဦးစီးသည်။ အမေရိကန်နိုင်ငံလုံခြုံရေး အတွက် မည်သည့်နိုင်ငံကိုမဆို ကျူးကျော်တိုက် ခိုက်နိုင်သည်။ အမေရိကန်နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အမေရိကန်ပြည်သူတို့၏ ပုဂ္ဂလိ က လွတ်လပ်ခွင့် PRIVACY ကို အာမခံပြဋ္ဌာန်း ထားသည်။ အမေရိကန်ပြည်သူများကို နောက် ယောင်ခံလိုက်ခြင်း၊ ပေးစာများခိုးဖတ်ခြင်း၊တယ် လီဖုန်းဆက်သွယ်မှုများ ကြားဖြတ်ခိုးနားထောင် ခြင်း စသည်တို့မလုပ်ရပေ။ သမ္မတ ရီဂင်၊စီနီယာ ဘုရှ်၊ဂျူနီယာဘုရှ်၊ဘေလ်ကလင်တန်၊အိုဘားမား တို့လက်ထက်တွင် ထိုအခြေခံဥပဒေကိုချိုးဖောက် ကာ အမေရိကန်ပြည်သူများကို ထောက်လှမ်းလာ ခဲ့သည်။ ယနေ့ခေတ်တွင်ကား အင်တာနက်၊ ဖေ့စ် ဘုတ်၊ အီးမေးလ်၊ ကွန်ပျူတာဆက်သွယ်ရေးနည်း ပညာအခြေခံလက်ကိုင်ဖုန်းအပါအဝင် ဆက်သွယ် ရေးပစ္စည်းကိရိယာများပေါ်လာသည်။အမေရိကန် မှ အကြီးဆုံးဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် ဗာရီ ဇုန်တယ်လီဖုန်းများ ဝယ်ယူအသုံးပြုသည့် အမေရိ ကန်ပြည်သူသန်းပေါင်းများစွာတို့ ဆက်သွယ်ပြော ကြားကြသမျှကို ထို Verizon ဗာရီဇုန်ကုမ္ပဏီက ပြန်လည်ကြားဖြတ်ခိုးယူနားထောင်စုဆောင်းကာNSA သို့ ပုံမှန်ပေးရသည်။ အလားတူ အမေရိ ကန်မှ အက်ပဲလ်၊ ဘလူးတုစ်၊ ဂူဂဲလ် စသည့်အီ လက်ထရောနစ်၊ ကွန်ပျူတာစနစ်သုံးတယ်လီဖုန်း၊ အီးမေးလ်ပို့စက်၊ ကွန်ပျူတာ၊ အိုင်ဖုန်း၊ အိုင်ပက်၊ နုတ်ဘုတ် ထုတ်လုပ်သော ကုမ္ပဏီများက ထို ပစ္စည်းဝယ်ယူသုံးစွဲသူ ကမ္ဘာသူကမ္ဘာသားများ၊ အစိုးရများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ စစ်ဘက် ဆိုင်ရာများ ပြောဆိုဆက်သွယ်သမျှ ရေးသားပေး ပို့ချက်ဟူသမျှ ကုမ္ပဏီရုံးချုပ်က ပြန်လည်ထောက် လှမ်းခိုးယူလျက် အမေရိကန်လုံခြုံရေးအေဂျင်စီသို့ ပို့ရသည်။
ဝါရှင်တန်ဒီစီနှင့် ဘော်လ်တီမိုး မြို့နှစ်မြို့ အကြား တောအုပ်အတွင်း လုံခြုံရေးအပြည့်ချ ထားကာ ခေတ်မီဆက်သွယ်ရေးပစ္စည်းကိရိယာ အစုံအလင်တပ်ဆင်ထားသောNSA၏ သတင်း များ ကြားဖြတ်ထောက်လှမ်း(ခိုးယူရေး)အဆောက် အအုံရှိသည်။ အက်ဒွပ်စနိုဒင်သည် ထိုဌာနတွင် လုပ်ရင်း မိမိလုပ်ရသောအလုပ်ကို မသတီနိုင် တော့သဖြင့် သက်သေအထောက်အထားများဖြင့် ပြည်ပသို့ ထွက်ပြေးခိုလှုံကာ၊ ထိုမသမာလုပ်ရပ် တို့ကို ကမ္ဘာသိဖွင့်ချခဲ့သည်။စနိုဒင်လည်း ယခု ဝရမ်းပြေးအဖြစ် ရုရှနိုင်ငံ၌ခိုလှုံနေ၏။ အမေရိ ကန်သမ္မတအိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဂျွန်ကယ်ရီတို့ ဒေါသ ဖြစ်ခဲ့ရ၊ အရှက်ရခဲ့ရ၏။ မိတ်ဆွေနိုင်ငံမှအစိုးရ အကြီးအကဲများကပါ ဒေါသထွက်ခဲ့ကြရ၏။ မြန်မာသမ္မတ ဦးသိန်းစိန်၏ဆက်သွယ်မှုများ လည်း ဖောက်ထွင်းခိုးယူခံရ၏။ ယခုလည်းဖေ့စ် ဘုတ်ကဒေါ်နယ်ထရန့်သမ္မတဖြစ်ရေးရွေးကောက် ပွဲ၌ ဖေ့စ်ဘုတ်သုံးစွဲသူ သန်း ၅ဝတို့၏ဆက်သွယ် မှုများချိုးဖောက်ခိုးယူအသုံးပြုခဲ့သည်။
၂ဝ၁၈ခုနှစ် မတ် ၂၉ ရက်ထုတ် ဘုလက် သတင်းဂျာနယ် အတွဲ(၂)၊ အမှတ် ၃၉ တွင် ဖေ့စ်ဘုတ်၏ မသမာမှုများအကြောင်းဆောင်းပါး သုံးလေးပုဒ်ပါ၏။ ယင်းဂျာနယ် စာမျက်နှာ ၁၅၊ ဘုလက်မှာတမ်းခေါင်းစဉ်ဖြင့် ဦးလှဆွေ၏ ဆောင်းပါး၌ ဤသို့ဖော်ပြထား၏။
''စာပေစိစစ်ရေးမရှိသောအခါ နိုင်ငံရေးစာ ပေများ ဒလဟောထွက်လာ၏။ ထို့အပြင် အပြာ စာအုပ် (ကာမရာဂမြှူဆွသောစာအုပ်)ဆန်ဆန် ဝတ္ထုများလည်းထွက်လာ၏။ အထူးသဖြင့်ဖေ့စ် ဘုတ်ကဲ့သို့သောမီဒီယာ၌ လူပုံအမှန်မတင်သော အကောင့်ပုန်းများဖြင့် နိုင်ငံရေးအောက်လုံးထိုးမှု များ လုပ်လာ၏''
''ဖေ့စ်ဘုတ်၌ အပြာဇာတ်လမ်းအများအပြား အလွယ်တကူဝင်ကြည့်နိုင်၍ သက်ငယ်မုဒိမ်းမှု များရာချီ၍ တိုးပွားလာသောအကြောင်းရင်းများ အနက်တစ်ခုဖြစ်သည်''
''ယခုအခါ (NLDအစိုးရ) ဆက်သွယ်ရေး ဝန်ကြီး ဦးသန့်စင်မောင်က သမ္မတ၏အရေးပေါ် ရန်ပုံငွေထဲမှ ကျပ် ၆၄၂၆သန်းအသုံးပြု၍ သူများ ကို စောင့်ကြည့်နှိပ်ကွပ်လျက်ရှိကြောင်း လွှတ်တော် ၌ဗြောင်ရှင်းပြသွားသည်။ ၄င်းပြောသည့်အထဲ တွင် သက်ငယ်မုဒိမ်းမှုများ၊ ရာဇဝတ်မှုဖြစ်ပွား စေသည့် Sex Post များနှင့်ပတ်သက်၍ ဘာမှမပါ ရှိခဲ့ဘဲ နိုင်ငံရေး Post တင်သူများကိုသာ စောင့် ကြည့်မှုသက်သက်လုပ်နေကြောင်း ရှင်းပြသွား သည်။ ထို Post အများကိုလွတ်လပ်စွာဒေါင်းလုတ် ဆွဲကြည့်နေသူ၊ စိတ်ဝေဒနာရှိသူများက မုဒိမ်းမှုကို ကျူးလွန်နေကြကြောင်းသိသာသော်လည်း အစိုးရ ၏ ပိတ်ပင်မှုများ၌ ၄င်းတို့ကင်းလွတ်ခွင့်ရနေပြီး မျိုးချစ်ပုဂ္ဂိုလ်များ၊ တပ်မတော်(ငြိမ်း)များ၊ ပြည် ခိုင်ဖြိုးပါတီအမာခံများ၊ဘင်္ဂါလီအရေးရတက်မအေး သူများကိုသာ နိုင်ငံတော်ဘတ်ဂျက်ကျင့်သုံး၍ စောင့်ကြည့်နေဟန်ရှိသည်။ အဓိပ္ပာယ်မှာ နိုင်ငံ ခြားတွင် ဖေ့စ်ဘုတ်သုံးစွဲ၍ ပြည်သူကိုနှိပ်ကွပ် ချက်အားလက်မခံဘဲ မြန်မာပြည်တွင် ဖေ့စ်ဘုတ် သုံး၍ ပြည်သူကိုအစိုးရကနှိပ်ကွပ်မည့် သဘော ဖြစ်သည်''

ယင်းဘုလက်ဂျာနယ် စာမျက်နှာ ၁၆တွင် ''ယာယီသမ္မတအဖြစ် တာဝန်ယူ ဆောင်ရွက်နေ သည့် ဦးမြင့်ဆွေမိန့်ခွန်းပြောခဲ့သည်ဟု သတင်း များ၊ သတင်းတုများကို Account ဖြန့်ဝေသော ပိုင်ရှင်များအား ဥပဒေနှင့်အညီ အရေးယူနိုင်ရန် စိစစ်နေ''ဟူသောခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ် ဖော်ပြထားပေသည်။ သမ္မတနေရာယာယီယူထား ရသော ပုဂ္ဂိုလ်ကိုပင် အလွတ်မပေး၊ ဖေ့စ်ဘုတ် တွင် အောက်တန်းကျစွာ လုပ်ကြံဖန်တီးတင်ခဲ့သူ ကား အမှိုက်ပုံအနီး ယက်ရှာစားနေသော ခွေးဝဲစား နှင့်ဘာများကွာခြားပါသနည်း။ တစ်နေ့ကသတင်း တစ်ပုဒ်တွင် မလေးရှားနိုင်ငံက သတင်းတု၊ သတင်း လိမ်၊ သတင်းမှားဖြန့်ဝေသူများကို ကြီးလေးသော ပြစ်ဒဏ်ချရန် ဥပဒေပြုထားသည်ကို ဖတ်လိုက် ရသည်။ မြန်မာနိုင်ငံတွင်မူ တပ်မတော်နှင့်ကြံ့ခိုင် ရေး၊ တစညလိုအဖွဲ့အစည်းများကို အမုန်းတရား၊ အာဃာတအငြိုးများဖြင့် ရေးချင်သလိုရေး ထို လုပ်ရပ်သည်စာပေလွတ်လပ်ခွင့်ဖြစ်သည်။NLD ကိုတော့မထိနဲ့ ၆၆(ဃ)၊ ၁၂၄(က)၊ ၅ဝ၅၊ ၈(စ) စသည်စသည် ပုဒ်မတို့နှင့် ငြိသွားနိုင်ပေသည်။ထိုဘုလက်ဂျာနယ်နောက်ကျောဘက်မျက် နှာဖုံးမှာပင် ''Facebook ပေါ်မှ ယုတ်မာမှုများ'' ခေါင်းစဉ်ပါ စစ်ငြိမ်း၏ဆောင်းပါးပါစာပိုဒ်အချို့ ကိုထုတ်နုတ်တင်ပြမျှဝေလိုက်ပါသည်။
''ကျွန်တော်က ဗုဒ္ဓဘာသာဖြစ်လို့ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်းပဲလိုက်နာပါတယ်။ဗုဒ္ဓကအမုန်း စကားမပြောရဘူးလို့ မဆုံးမခဲ့ပါဘူး။ စကားကြီး ခြောက်မျိုးမှာနှစ်မျိုးကို ပြောရမယ်လို့ပဲဆုံးမ ခဲ့ပါတယ်။ မှန်တယ်၊ အကျိုးရှိတယ်၊ နားထောင်ရ သူလည်း နှစ်သက်တယ်ဆိုတဲ့စကားနဲ့ မှန်လည်း မှန်တယ်၊ အကျိုးလည်းရှိတယ်၊ နားထောင်ရသူ မနှစ်သက်ဘူးဆိုတဲ့ နှစ်မျိုးပြောရမယ်လို့ ဆုံးမ ခဲ့ပါတယ်။ ဒုတိယအမျိုးအစားဖြစ်တဲ့ နားထောင် ရသူ မနှစ်သက်ဘူးဆိုတာ အမုန်းစကားပါပဲ။ မာဂဏ္ဍိမိဖုရားဟာ မြတ်စွာဘုရားရှင် ပြောတဲ့ စကားတစ်ခွန်းကြောင့် ဘုရားရှင်ကို အမုန်းပွား ပြီး တောက်လျှောက်ရန်ပြုခဲ့တာက အထင်ရှားဆုံး ဥပမာပါ။ ဒါကြောင့် မှန်တယ်၊ အကျိုးရှိမယ် ဆိုရင် အမုန်းစကားလည်း ပြောရပါမယ်။ အမုန်း စကားပြောလို့ဆိုပြီးFacebookမှာလိုရာဆွဲ ပိတ် နေတာတွေဟာ ဗုဒ္ဓရဲ့အဆုံးအမနဲ့ မကိုက်ညီဘူး''
''ဒါပေမဲ့ အမုန်းစကားမပြောနဲ့ဆိုတဲ့ 'စံ' ဟာ ဘယ်လိုသတ်မှတ်ချက်အတိအကျ မသိရလေ တော့ ပေါင်ချိန်တရားရုံးလိုလို၊ လိုသလိုဆွဲကျုံ့ မယ့်သားရေကြိုးတရားရုံးလိုလိုဖြစ်နေပါတော့တယ်။ ငါကြိုက်တာရေးရင် ဆဲလည်းမေတ္တာ စကား၊ ငါမကြိုက်တာရေးရင် မေတ္တာစာလည်း အမုန်း စကား၊ ငါကြိုက်သလိုဆုံးဖြတ်မယ်ဆိုရင်တော့ ရှက်တတ်ရင် ရှက်စရာကောင်းလှပါတယ်။''
အင်္ဂလိပ်ခေတ်ကနေ သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နဝတ၊ နယက ခေတ်နှစ် ခေတ် နှစ်နှစ်ခြိုက်ခြိုက် ကုလားဆိုတဲ့အခေါ်ကို အမုန်းစကားဖြစ်တယ်လို့ ဘယ်မဟာ ပညာကျော် က သတ်မှတ်လိုက်သလဲမသိဘူး ဖေ့စ်ဘုတ်မှာ 'ကုလား'လို့မရေးရဖြစ်လာတယ်။ ကုလားဆိုတဲ့ စာသားပါတာတွေကိုပြပြီး တစ်ရက်ပိတ်တယ် လုပ်လိုက်ကြပါသေးတယ်။ ကုလားရှောင်ရင် ရပြီ လားဆိုမဟုတ်သေးပြန်ဘူး၊ မွတ်စလင် ပါတာ နဲ့ပိတ်ပြန်ရော။ ကဲ မွတ်စလင်အကြောင်း ပါရင် ပိတ်တော့ မဘသနဲ့ အစိုးရအဆင်ပြေရာပြေ ကြောင်းရေးမယ်ဆိုတော့လည်း ပိတ်ပြန်ရော''
''ပုံနှိပ်မီဒီယာမှာရေးလို့ရပေမယ့်Facebook မရဘူးဆိုတော့Facebook Standard က ပုံနှိပ် ထက်ကို မြင့်နေတယ်။Facebook က ခါးအောက် ပိုင်းညစ်တီးညစ်ပတ်တွေ အကုန်ရေး တင်၊ တပ်မ တော်အကြီးအကဲကို ရိုင်းရိုင်းစိုင်းစိုင်းရေး၊ ပြည်သူ နဲ့တပ်မတော်အမုန်းစကားကုန်းစကားတွေ လိမ်ညာ ပြော၊ အမျိုးသားရေး၊ သံဃာ၊ လူပုဂ္ဂိုလ်တွေ တပ်မတော်မကောင်းကြောင်းတွေ မဟုတ်မမှန် တစ်တစ်ခွခွအပုပ်ချ အဲဒါတွေဆိုရင်တော့ တော် တော် သဘောကျပုံရတယ်မပိတ်ဘူး''
''နောက်တစ်ခါ ဂျာနယ်မှာပါတဲ့ဆောင်းပါး အစအဆုံးကူးယူ ဖော်ပြလို့ဆိုပြီး Thaung Aye Account ကိုလည်းတစ်လပိတ်ပါတယ်''
''အစိုးရအားနည်းချက်ကို ဝေဖန်တာ မဆလခေတ်မှာ ရေးလို့မရဘူး။ နဝတ ခေတ်မှာ ရေးလို့ မရဘူး။ ကျွန်တော်တို့က နိုင်ငံရေးသမားမဟုတ်ဘူး။ တော်လှန် ရေးသမားလည်းမဟုတ်ဘူး။ ဘယ်ပါတီ မှလည်းမပါဘူး။ သာမန်ပြည်သူ တစ် ယောက်ပဲ။ အခုဒီမိုကရေစီခေတ်ရောက်ပြီး ရေးလို့ရပြီဆိုလို့ရေးတာ။ ပြည်ခိုင်ဖြိုး အစိုးရလက်ထက်ကလည်း ဝေဖန်ရေးခဲ့ တာပဲ။ ရေးခွင့်ရတဲ့ နိုင်ငံရေးစနစ်ဆိုလို့ ရေးတာ။ ရေးခွင့်မရှိဘူးဆိုရင် မရေးရုံဘဲ။ အာဏာရှင်စနစ်ဆို အစိုးရလုပ်သမျှ ဘာမှ ဝေဖန်ခွင့်မပြုနဲ့၊ ဒီမိုကရေစီဆိုရင် ဝေဖန် ခွင့်ပြုပေး ---အခုစနစ်က ဒီမိုကရေစီ၊ လက်တွေ့ဖြစ်နေတာက အာဏာရှင်လို ဖြစ်နေတယ်လို့ ဘုလက်ဂျာနယ် ဆောင်း ပါးရှင်တစ်ဦးက ပြောတယ်''
''Facebook ကြီးရဲ့ မလိုတစ်မျိုးလို တစ်မျိုးStandard ကြီးကို ရွံရှာစက်ဆုပ် သွားပြီး 'အဆင့်အတန်းရှိတဲ့ ကိုယ့်စာ တွေမုဒိမ်းကျင့်မခံချင်ရင် မုဒိမ်းကျင့် ခံရမယ့်နေရာကို မပို့တာအကောင်းဆုံး ပဲမဟုတ်လား''လို့ တစ်လပိတ်ခံလိုက်ရ တဲ့ ဦးသောင်းအေးThaung Aye က ပြောတယ်''
''ဘယ်လိုအဖွဲ