images
UN
UN
Reflectionရုပ်ရှင်ဇာတ်ကားဧပြီ ၁၇ ရက်ရုံတင်မည်
ဒဂုံဝေလင်း Sunday, 08 April 2018
သုဒြာရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ရိုက်ကူးပြီး ဒါရိုက်တာ လူမင်း ဖန်တီးတင်ဆက်ကာ နိုင်ငံ ကျော် အမျိုးသမီးသရုပ်ဆောင် လေးဦး ပါဝင်သရုပ်ဆောင်ထား သည့်Reflection (ရောင်ပြန်) အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ဧပြီ ၁၇ ရက်တွင် ရုံတင်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
မင်းသမီးအသားပေးအက်ရှင် ဇာတ်ကားအမျိုးအစားဖြစ်သည့် ယင်းဇာတ်ကားသည်သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ ဇနီး မောင်နှံပိုင် သုဒြာထုတ်လုပ်ရေး၏ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားတစ် ကားလည်း ဖြစ်သည်။
ကုန်ကျစရိတ် စုစုပေါင်း ကျပ် သိန်းပေါင်းနှစ်ထောင်ကျော် သုံးစွဲ ထားသည့် ယင်းဇာတ်ကားနှင့် ပတ်သက်၍ သုဒြာထုတ်လုပ်ရေး ပိုင်ရှင် အိန္ဒြာကျော်ဇင်က ''ဒီ ဇာတ်ကားအတွက် ပရိသတ်အား ပေးမှုကို အူဝဲအများကြီး မျှော်လင့် ထားပါတယ်။ ဒီဇာတ်ကားက မင်းသမီးအသားပေးရိုက်ထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ပရိသတ် ဆီက ပြန်ကြားရမယ့်အသံကို အူဝဲ အရမ်းလည်းရင်ခုန်ပါတယ်။အဓိက ကတော့ဖက်ရှင်အသားပေးအက်ရှင် ဇာတ်ကားပုံစံဆိုတော့ ဒီဇာတ်ကား ထဲမှာပါတဲ့ မင်းသမီးတွေအကုန် လုံးရဲ့ဖက်ရှင်တွေဆိုလည်းဖက်ရှင် ဒီဇိုင်နာ တစ်ယောက်စီထားပြီး သေချာပြင်ဆင်တယ်။ ပြီးတော့ ဒီကားမှာ အမှတ်တရဖြစ်တဲ့ ဇာတ် ဝင်ခန်းဆိုရင် အူဝဲ ကွန်တိန်နာ ကားကိုတက်မောင်းပြီး တိုက်ပစ် တဲ့အခန်းပါ။ အူဝဲက အော်တိုဂီယာ နဲ့ပဲမောင်းတတ်တာ၊ အဲဒီကားကmanual ဆိုတော့ အူဝဲအတွက် အခက်အခဲဖြစ်ခဲ့ရတယ်။ အဲဒါက တော့ မှတ်မှတ်ရရပဲ''ဟု ယင်းက ဆိုသည်။
အဆိုပါဇာတ်ကားတွင် ပါဝင် သည့် သရုပ်ဆောင်များမှာ သရုပ် ဆောင် ထွန်းအိန္ဒြာဗိုလ်၊ အိန္ဒြာ ကျော်ဇင်၊ ဝတ်မှုန်ရွှေရည်နှင့် ပက် ထရစ်ရှာတို့အပြင် အခြားသရုပ် ဆောင်များစွာ ပါဝင်အားဖြည့် သရုပ်ဆောင်ထားကြောင်း သိရ သည်။