images
UN
UN
ဆူညံသည့်လုပ်ငန်းခွင်က သွေးတိုးခြင်းနှင့်ကိုလက်စထရော မြင့်တက်ခြင်းကိုဖြစ်ပေါ်စေနိုင်
နောင်နောင် Sunday, 08 April 2018
အမေရိကန်သုတေသနတစ်ခုအရ လုပ်ငန်းခွင်တွင် ဆူညံသံ များစွာနှင့်ထိတွေ့နေရသည့် အလုပ်သမားများသည် သွေးတိုးခြင်းနှင့် ကိုလက်စထရောမြင့်တက်မှု ပိုမိုဖြစ်ပေါ်နိုင်ဖွယ်ရှိသည်ဟု သိရ သည်။ ဆူညံသည့်အလုပ်များကို အချိန်ကြာမြင့်စွာလုပ်ကိုင်ရခြင်း ကြောင့် အကြားအာရုံထိခိုက်မှုများဖြစ်ပေါ်လာစေပြီး ယခုလက်ရှိ သုတေသနအရ ဆူညံလွန်းသည့်လုပ်ငန်းခွင် အခြေအနေများသည် နှလုံးရောဂါကိုဖြစ်ပွားစေနိုင်သည့် အန္တရာယ်ဖြစ်နိုင်ဖွယ်အချက်များ ကို ဖြစ်ပေါ်စေသည်ဟုသိရသည်။ ၄င်းတို့လေ့လာခဲ့သည့် ဆူညံသော လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေရသည့် အလုပ်သမားအများစု၏ ရာခိုင်နှုန်းများစွာသည် အကြားအာရုံထိခိုက်ခြင်း၊ သွေးတိုးခြင်းနှင့် ကိုလက်စထရောမြင့်တက်ခြင်းတို့ဖြစ်ပေါ်နေသည်ဟုသုတေသနတွဲဖက် ခေါင်းဆောင်Elizabeth Masterson ဆိုသူကပြောကြားခဲ့သည်။
အမေရိကန်အလုက်သမား ၂၂ သန်းခန့်တို့သည် ဆူညံသည့် လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်နေကြရသည်ဟုလည်းMasters on က ပြောကြားခဲ့သည်။ အကယ်၍ အလုပ်ခွင်တွင် ဆူညံသံများကို ဘေးအန္တရာယ်ကင်းသည့် အခြေအနေအထိလျှော့ချနိုင်မည်ဆိုပါက ဆူညံသံများဖြင့် ထိတွေ့နေရသည့် အလုပ်သမားများအနက် အကြား အာရုံထိခိုက်မှု ငါးသန်းကျော်ကိုတားဆီးကာကွယ် ပေးနိုင်မည်ဟု သိရသည်။ ယခုသုတေသနက လုပ်ငန်းခွင်ဆူညံမှုနှင့်သွေးတိုးခြင်း၊ ကိုလက်စထရောမြင့်တက်ခြင်းတို့အကြား ထင်ရှားသည့် ဆက်နွယ်မှု တစ်ခုကို ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဆူညံသံများကိုလျှော့ချနိုင်ပါက အဆိုပါ အခြေအနေများဖြစ်ပေါ်မှုကို တားဆီးနိုင်ခြေရှိသည်ဆိုသည်ကိုလည်း ဖော်ပြထားခြင်းဖြစ်သည်။ ထို့ပြင် ဆူညံသံများသည် စိတ်ဖိစီးမှုဖြစ် ပေါ်စေပြီး နှလုံးရောဂါအန္တရာယ်ဖြစ်ပွားနိုင်ခြေကို မြင့်မားစေသည် ဟုသိရသည်။ တစ်နည်းအားဖြင့် ဆူညံသံများက ကော်တီစောကဲ့သို့ ဖိစီးမှုဆိုင်ရာ ဟော်မုန်းများထုတ်လွှတ်မှုကို အစပျိုးပေးပြီး သွေးကြော များနှင့် နှလုံးခုန်နှုန်းကိုပြောင်းလဲမှုများဖြစ်ပေါ်စေသည်ဟု သိရသည်။
Ref: Channel News Asia