images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ခရီးသွားဒေသခံများ မကြာခဏအန္တရာယ်ကြုံတွေ့နေသော ကျေးရွာချင်းဆက် ဖျောက်ဆိတ်ကုန်းတံတားအားပြုပြင်ပေးစေလို
ဘိုဘို(မလှိုင်) Sunday, 08 April 2018
မန္တလေးတိုင်းဒေသကြီး မိတ္ထီ လာခရိုင် မလှိုင်မြို့နယ်ရှိ ခရီးသွား ဒေသခံများမကြာခဏ အန္တရာယ် ကြုံတွေ့နေသောကျေးရွာချင်းဆက် ဖျောက်ဆိတ်ကုန်းတံတားအားပြုပြင် ပေးရန် ဒေသခံများ မျှော်လင့် နေကြောင်း သိရသည်။
မလှိုင်မြို့နယ်ရှိ ကျေးရွာချင်း ဆက် ဖျောက်ဆိတ်ကုန်း တံတား ကြီးမှာ ဆိုင်ကယ်များ၊ လူများ ကျွံကျနိုင်သည်အထိ အပေါက်ကြီး ဖြစ်ပေါ်လျက်ရှိပြီးမကြာခင်ကလည်း ခရီးသွားများ တံတားအောက်သို့ ကျွံကျမှုများ ဖြစ်ပေါ်ခဲ့သည်။
လွန်ခဲ့သောရှစ်လခန့်ကတာဝန် ရှိသူအချို့လာရောက်၍ တံတားကို ပြုပြင်ခဲ့ကြသော်လည်း အစား ထိုးသစ်သားများမှာ စံချိန်မီမဟုတ် သဖြင့် ဆွေးမြည့်ပြီး အပေါက် ကြီးများ ဖြစ်ကုန်လျက်ရှိသည်။
မကြာမီ ရက်ပိုင်းကလည်း အမျိုးသမီးတစ်ဦးနှင့် အမျိုးသား တစ်ဦးတို့ အဆိုပါအပေါက်ကြီးမှ ကျွံကျခဲ့ရာ ကံကောင်းထောက်မ စွာဖြင့် အသက်မသေသော်လည်း ဒဏ်ရာများပြင်းထန်စွာရရှိခဲ့သည်။
အဆိုပါ ဖျောက်ဆိတ်ကုန်း တံတားမှာ ပေအရှည် ၄ဝဝခန့်ရှိပြီး ကျေးရွာအုပ်စုပေါင်းများမှ ကျောင်း သားကျောင်းသူများ ဒေသခံများ တို့၏ လူမှုကိစ္စအဝဝများအပြင် ဒေသကုန်စည် စီးဆင်းသွားလာ ရောင်းဝယ်ဖောက်ကားရာ တံတား တစ်းစင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးမှ ပြောကြားသည်။
ထို့သို့ အပေါက်ကြီးများ ဖြစ် ပေါ်နေသော ဖျောက်ဆိတ်ကုန်း ကျေးရွာတံတားအား သက်ဆိုင် ရာမှကောင်းမွန်ကြံ့ခိုင်သောတံတား ဖြစ်အောင် အမြန်ဆုံးလာရောက် ပြုပြင်ပေးရန်ဒေသခံပြည်သူများက မျှော်လင့်နေကြောင်း သိရသည်။
ထို့ကြောင့် ခရီးသွားပြည်သူ များအတွက် အသက်အန္တရာယ် ဖြစ်ပေါ်နေပြီး ဒေသခံပြည်သူများ အတွက် အလွန်အရေးပါလှသော မလှိုင်မြို့နယ် ဖျောက်ဆိတ်ကုန်း ကျေးရွာရှိ ကျေးရွာချင်းဆက် ဖျောက်ဆိတ်ကုန်းတံတားကြီးအား သက်ဆိုင်ရာမှအမြန်ဆုံးလာရောက် ကြည့်ရှု ဆောင်ရွက်ပေးစေလို ကြောင်း သိရသည်။