images
UN
UN
ပြည်တွင်းသစ်ဖြင့်ပြုလုပ်သော ပန်းပုများအား ပြည်ပတင်ပို့ရာတွင် ကန့်သတ်မှုများရှိခြင်းကြောင့် ပန်းပုပညာရှင်များ အဆင်မပြေမှုဖြစ်
ထက်မြတ်(မန္တလေး) Sunday, 08 April 2018
မန္တလေးမြို့တွင်ရှိသော သစ် သားပန်းပုပညာရှင်များအနေဖြင့် သစ်ဖြင့်ပြုလုပ်သော ပန်းပုများ အား ပြည်ပသို့တင်ပို့ရာတွင် ကန့် သတ်မှုများရှိခြင်းကြောင့် အဆင် မပြေ ဖြစ်ပေါ်လျက်ရှိကြောင်း မန္တလေးမြို့ ပန်းပုလုပ်ငန်းလုပ်ကိုင် သူများထံမှ သိရသည်။
''မန္တလေးမြို့ တမ္ပဝတီရပ် ကွက်မှာ အရင်က ပန်းပုဆရာတွေ က အလုပ်နဲ့ လက်နဲ့မပြတ်သ လောက်ကို အလုပ်ဖြစ်ခဲ့တယ်။ အခုက ပန်းပုဆရာတွေက ဆိုင် ကယ်တက္ကစီမောင်းတဲ့သူတွေဘဝ ရောက်နေကြပါပြီ။
အဲဒီလိုအခြေအနေမျိုးရောက် နေတော့ မျိုးဆက်သစ်တွေကို လည်း ပညာမပေးနိုင်တဲ့အခြေ အနေတွေဖြစ်လာပါတယ်။ နောက် ဆိုရင် ဒီပညာရပ်က တိမ်မြုပ် ပျောက်ကွယ်သွားမယ့်အခြေအနေ နဲ့ ရင်ဆိုင်ရလာနိုင်ပါတယ်''ဟု ပန်းပုပညာရှင်တစ်ဦးကပြောသည်။
ပြည်တွင်းမှသစ်ဖြင့် ထုတ် လုပ်သောပန်းပုများအား ပြည်ပသို့ တင်ပို့ရာတွင် လက်ဆောင်ပစ္စည်း အနေဖြင့် တင်ပို့မည်ဆိုလျှင် ဒေါ်လာ ၅ဝဝ အထိသာ တင်ပို့ခွင့် ပြုခြင်း၊ သမဝါယမဆိုင်များမှ တစ်ဆင့်ရောင်းချလျှင် ဒေါ်လာ ၁ဝဝဝ အထိ တင်ပို့ခွင့်ပြုခြင်း လွပ်လပ်စွာ သယ်ယူရောင်းချခွင့် ပြုထားခြင်းများကို အစိုးရအနေ ဖြင့် ဖြေလျှော့မှုများကို ပြုလုပ်ပေး ထားသော်လည်း အရေအတွက် များများတင်ပို့မှုမရရှိခြင်းကြောင့် အခက်အခဲများဖြင့် ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း သိရသည်။
''သစ်လုပ်ငန်းရှင်တွေကို လုပ်ငန်းလိုင်စင်ကို အရင်တစ်နှစ်ပဲ ခွင့်ပြုတာကနေ ငါးနှစ်အထိ သက် တမ်းတိုးမြှင့်ပေးခဲ့ပါတယ်။ တင် ပို့ခွင့်ပြုတဲ့ တန်ဖိုးတွေကိုလည်း ဖြေလျှော့ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအရေအတွက်နဲ့က ပြည်တွင်း က ပန်းပုလုပ်ငန်းရှင်တွေ အနေနဲ့ အလုပ်အကိုင်က ပေါများလာဖို့ တော့ မဖြစ်နိုင်သေးပါဘူး။ ဒီထက်ပိုမိုပြီး တင်ပို့ခွင့်ပြုမှသာ အဆင်ပြေနိုင်မှာပါ''ဟု မန္တလေး တိုင်းဒေသကြီး သစ်တောထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရဲမင်းသူကပြောသည်။
သစ်ကို ပြည်ပပို့ရာတွင် အလုံး လိုက်ပို့ခြင်းထက် ပန်းပုရုပ်အဖြစ် ထုဆစ်ကာ ပြည်ပသို့တင်ပို့ခြင်းမှာ နိုင်ငံခြား ဝင်ငွေပိုမိုရရှိမည်ဖြစ် ကြောင်း၊ ပြည်တွင်းမှထုတ်လုပ် သော ပန်းပုများကို ပြည်ပနိုင်ငံ များက ဝယ်ယူမှုပိုမိုပြုလုပ်လို လျက်ရှိသော်လည်း ဥပဒေအရ ကန့်သတ်ချက် ရှိခြင်းကြောင့် မတင်ပို့နိုင်သဖြင့် လုပ်ငန်းရှင်များ ဆုံးရှုံးမှုဖြစ်ပေါ်လျက်ရှိကြောင်း၊ ပန်းပုထုသောသစ်များမှာ လမ်း ဘေးတွင် အလေ့ကျပေါက်လေ့ရှိ သော သစ်အမျိုးအစားများကိုထု ခြင်းကြောင့် သစ်တောပြုန်းတီးမှု ကို ဖြစ်ပေါ်စေနိုင်မည်မဟုတ် ကြောင်း သိရသည်။
''လမ်းဘေးမှာပေါက်နေတဲ့ သစ်မျိုးတွေကို ထုလုပ်တဲ့အတွက် အမှိုက်ကနေ ရွှေဖြစ်မယ့်ကိစ္စဖြစ် ပါတယ်။ အဲဒီအတွက် ဝန်ကြီးဌာန တွေကို ဖြေလျှော့ပေးဖို့ကို တင်ပြ သွားမှာဖြစ်ပါတယ်''ဟု ဥက္ကဋ္ဌ ဦးရဲမင်းသူကပြောသည်။
နိုင်ငံတော်အနေနဲ့ ဖြေလျှော့ ပေးမှုများပြုလုပ်ပေးခြင်းဖြင့် ပန်းပု ပညာရှင်များဘဝရှင်သန်လာပြီး မြန်မာနိုင်ငံမှထွက်ရှိသော ပန်းပု များမှတစ်ဆင့် ယဉ်ကျေးမှုအနု ပညာပုံရိပ်များ ကမ္ဘာသို့ပျံ့နှံ့စေ မည်ဖြစ်ကြောင်း၊ နိုင်ငံခြားဝင် ငွေများမှာလည်း ပိုမိုရရှိကာ ပြည် တွင်း မျိုးဆက်သစ်လူငယ်များ လည်း ပေါ်ထွက်လာနိုင်မည်ဖြစ် ကြောင်း သိရသည်။