images
UN
UN
အင်းဝမြို့ သမိုင်းဝင်အင်းဝရွှေစည်းခုံဘုရား
နွေနဒီ(မြစ်ငယ်) Sunday, 08 April 2018
ပျော်ရွှင်ခြင်း၊ လွတ်လပ်ခြင်း၊ သဘာဝ အလှအပရှုခင်းများနှင့်စိတ်ကိုပျော်ရွှင်ကြည်နူး စေသော ဘုရားဖူးခရီးစဉ်တစ်ခုကိုပြပါဆိုလျှင် အင်းဝဒေသဘုရားဖူးခရီးစဉ်ကို ပြသရမည် ဖြစ်သည်။ တံတားညီနောင်မြစ်ညီအစ်မဟု တင်စားထားသော ဧရာဝတီမြစ်ကူးတံတား များဖြစ်သည့် အင်းဝတံတား(စစ်ကိုင်းတံတား)၊ ဧရာဝတီတံတား(ရတနာပုံ)တို့၏ အလှများ၊ စစ်ကိုင်းတောင်တန်း၏ အလှများ၊ ကမ်းခြေ ဇေယျာဦးမှ စေတီပုထိုးများစွာကို ပြည့်စုံစွာ ခံစားရသော ဒေသပင်ဖြစ်သည်။
ဒုဋ္ဌဝတီမြစ်ကို စက်လှေနှင့်ဖြတ်အကူး တွင် လှပသောရှုခင်းကို မြင်တွေ့နိုင်ပေသည်။ အင်းဝဘက်အရောက် မယ်နုအုတ်ကျောင်းအနီး တွင် များလှစွာသောမြင်းလှည်းများက ဆီးကြို နေပေသည်။ ယောက်ျားကလေးများသာမက မိန်းကလေးများပင် မောင်းနှင်လေ့ရှိသည်။မြင်းလှည်းတစ်စီးလျှင် နှစ်ဦးနှုန်းတင်ဆောင်ကာ အင်းဝတစ်ခွင်လှည့်လည်ဘုရားဖူးရခြင်းအရသာ မှာ စိတ်ကို လွတ်လပ်ပေါ့ပါးပျော်ရွှင်စေပါ သည်။ အင်းဝဒေသရောက် ဘုရားဖူးများမှာ အင်းဝရွှေစည်းခုံဘုရားသို့ မြင်းလှည်းကလေး များဖြင့် သွားရောက်ဖူးမြော်လေ့ရှိသည်။
ဒေသခံများကမူ မြင်းလှည်းကလေးနှင့် သွားမှုများ အင်းဝရွှေစည်းခုံဘုရားဟုပင် တင်စားထားကြသည်။ အင်းဝရွှေစည်းခုံဘုရား မှာ အင်းဝမြို့ဟောင်းရှိ စည်တိုပုံမြို့ရိုး၏ အနောက်တောင်ထောင့်တွင် တည်ရှိသောစေတီ ပင်ဖြစ်သည်။ စေတီတော်ကို ပထမအင်းဝ ခေတ်၊ မင်းကြီးစွာစော်ကဲ(အေဒီ ၁၃၆၇-၁၄ဝဝ) မြန်မာသက္ကရာဇ် (၇၃၂)ခု အေဒီ (၁၃၇ဝ) တွင် တည်ထားကိုးကွယ်ခဲ့သော စေတီပင်ဖြစ်သည်။ စေတီတော်တည်ထားရခြင်း အကြောင်းထဲတွင် မင်းကြီးစွာစော်ကဲငယ် ဆရာ၏တိုက်တွန်းချက်လည်းပါသည်။ မင်းကြီး စွာစော်ကဲ မင်းဖြစ်သောအခါ ငယ်ဆရာမှ ဘုန်းကြီးလို့သက်တော်ရှည်လိုသော် အနောက် တောင်အရပ်မှာ ဘုရားတည်ဆိုသော တိုက် တွန်းချက်အရ ရွှေစည်းခုံစေတီတော်ကို တည် ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။
စေတီတော်မှာ နောက်ဆက်ခံသည့် ညောင် ရမ်းအဆက်ဆက် အလေးထားကိုးကွယ်ခဲ့သည့် စေတီတစ်ဆူဖြစ်သည်။ သာလွန်မင်းလက်ထက် တွင် တစ်ကြိမ်၊ ပြည်မင်းလက်ထက်တွင် တစ်ကြိမ်၊ လုံးတော်ပြည့်ရွှေချတော်မူခဲ့သည်။ အထူးသဖြင့် ညောင်ရမ်းမင်း၏ အချို့သော ဘာသာရေးအခမ်းအနားကို ရွှေစည်းခုံစေတီ တော်၌ ကျင်းပလေ့ရှိသည်။ စေတီတော်၏ ထူးခြားချက်မှာ ညောင်ဦးရွှေစည်းခုံစေတီတော် ကဲ့သို့ ပစ္စယံများ၊ မကားရုပ်ပါ နတ်လှေကား များ၊ စေတီရံများနှင့်အတူ နောက်ပိုင်းကိုယ် ထည်နှစ်ခုရှိသော ထောင့်ခြင်္သေ့ကြီးများ ထည့် သွင်းတည်ဆောက်ထားသည်။ ခေတ်အဆက် ဆက် သဘာဝဘေးအန္တရာယ်ကြောင့် ပြိုကျ ပျက်စီးမှုရှိခဲ့သော်လည်း ဂေါပကအဖွဲ့နှင့်ဒေသခံ များ စုပေါင်းပြင်ဆင်မှုဖြင့် စေတီတော်ကို အင်္ဂါ ရပ်စုံလင်စွာ ဖူးမြော်နိုင်သည်။ လက်ရှိကာလ တွင် အင်းဝဒေသရောက်ပြည်တွင်းဘုရားဖူးများ နိုင်ငံတကာ ခရီးသွားဧည့်သည်များမှာ မြင်း လှည်းကလေးများဖြင့် အင်းဝရွှေစည်းခုံဘုရား သို့ အရောက်သွားလေ့ရှိကြောင်း သိရသည်။