images
UN
UN
စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲတွင် ဆုရရှိသူများ၏ရင်တွင်းစကားသံများ (အပိုင်း ၁ )
Sunday, 08 April 2018
ဇော်မင်းမင်းဦး
-----------------
မေး။ စိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲ ဝင် ပြိုင်ဖြစ်ခဲ့ပုံလေး ပြောပြပေးပါ။
ဖြေ။ စိမ်းလန်းရွှေပြည် စာပေဆုပေါ့ အဲဒါကိုစာပေဆုပြိုင်ဖို့ခေါ်တဲ့အခါ
ကျတော့ အန်ကယ်ကလည်းစာအုပ် ထုတ်ထားတာရှိတယ်။ အဲဒီစာအုပ်လေး ကို တင်လိုက်တဲ့သဘောပါ။
မေး။ ခုလိုမျိုး မြန်မာစာပေနဲ့ ကဗျာတွေ ကို ဖော်ထုတ်ပေးတဲ့ ပြိုင်ပွဲအပေါ် ဆရာ့ခံစားချက်လေး ပြောပြပေး ပါဦး။
ဖြေ။ အမှန်တော့ စာပေဆိုတာ အမျိုး သားရေးလက္ခဏာပေါ့။ ဒါလူမျိုး
တိုင်း၊ လူမျိုးတိုင်းမှာ အမျိုးဘာသာ ယဉ်ကျေးမှုဆိုတာရှိတယ်။ အမျိုးသား ရေးစရိုက်လက္ခဏာဆိုတာ ရှိတယ်။ အဲဒီအမျိုးသားရေး စရိုက်လက္ခဏာ ယဉ်ကျေးမှုရဲ့အဓိက ပင်မရေသောက်မြစ် ကစာပေပဲ။စာပေနဲ့မှတ်တမ်းတင်လာ ခဲ့ပြီးတော့ ဒါတွေကို ထိန်းသိမ်းရတာ လေ။ အဲဒီတော့ စာပေနိမ့်ကျလို့ရှိရင် အမျိုးဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ အမျိုးသားရေးစရိုက်လက္ခဏာ နိမ့်ကျ မှာပဲ။ စာပေမြင့်လို့ရှိရင် အမျိုးသား ရေးစရိုက်လက္ခဏာ အမျိုးဘာသာ၊ ယဉ် ကျေးမှုဒါတွေမြင့်မှာပဲ။ ဒါကြောင့် စာပေက တန်ဖိုးကြီးတယ်။ အရေးကြီး တယ်။အရေးကြီးပေမယ့်လည်း ဒီနေ့ ဒီ အခါမှာ လူငယ်တွေကြားထဲမှာ မြန်မာ စာအပေါ်မှာ တန်ဖိုးထားမှု၊ မြန်မာ စာအပေါ်မှာ လေးစားမှု၊ မြန်မာစာကို လေ့လာလိုက်စားမှုအင်မတန်အားနည်း လာတယ်။ဒါသည် ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။အမျိုးသားရေးစရိုက်လက္ခဏာ နိမ့်ကျလာတဲ့သဘော။ နိုင်ငံရဲ့ အနာဂတ် အတွက် ရင်လေးစရာအနေအထား ဖြစ် တယ်။ ဒီလိုအခြေအနေမျိုးမှာ တကယ့် မြန်မာမှု၊ မြန်မာဟန်နဲ့ မြန်မာဓလေ့ ပြီးပြည့်စုံတဲ့ စာပေတွေ၊ အမျိုးသားရေး စရိုက်လက္ခဏာပြည့်တဲ့စာပေတွေ အထူး သဖြင့် ဂန္ထဝင်စာပေတွေ၊ ဂန္ထဝင်ကဗျာ တွေပေါ့။ ဒါလေးတွေကို ပြန်ပြီးတော့ မှ မြှင့်တင်အားပေးတဲ့အနေနဲ့ လုပ်တဲ့ စာပေဆုဖြစ်တဲ့အတွက် နိုင်ငံရဲ့အနာဂတ် အတွက်၊ အမျိုးသားရေးစရိုက်လက္ခဏာ အတွက်၊ စာပေအတွက်ကိုအင်မတန်မှ အရေးကြီးတဲ့၊ အင်မတန်မှ အရေးပါတဲ့၊ အင်မတန်မှဂုဏ်ယူဖို့ကောင်းတဲ့ စာပေ ဆုဖြစ်တယ်လို့ ပြောချင်ပါတယ်။

မေး။ အခုလက်ရှိ မြန်မာစာပေနဲ့ ကဗျာ အပေါ် လူငယ်တွေစိတ်ဝင်စား မှုနည်းလာတဲ့အတွက် လက်ရှိ ကိုင်တွယ်နေတဲ့အစိုးရ၊အဖွဲ့အစည်း တွေအနေနဲ့ ဘယ်လိုဆောင်ရွက် သင့်သလဲဆိုတာ အကြံပြုပြော ကြားပေးပါဦး။
ဖြေ။ လူငယ်တွေကြားထဲမှာ ဂန္ထဝင် စာပေပေါ့။ဂန္ထဝင်ကဗျာပေါ့။ဒါတွေ
အပေါ်မှာလေ့လာလိုက်စားမှုအားနည်း လာတယ်။ လူငယ်တွေကလည်း မော်ဒန် ကဗျာဘက်ကိုပဲ ယိမ်းသွားကြတယ်။ ဒါကတော့ ခေတ်ကာလအလိုက် ပြောင်း သွားတဲ့အနေအထားပေါ့နော်။ ဒါက တော့အစိုးရတစ်ရပ်တည်းမဟုတ်ပါဘူး။ စာပေချစ်မြတ်နိုးတဲ့သူတွေရော၊ မြန်မာ စာ၊ မြန်မာကဗျာကို ချစ်မြတ်နိုးတဲ့သူ တွေရော အားလုံးကဝိုင်းပြီးတော့မှ လုပ် ကြရမယ့်ကဏ္ဍဖြစ်ပါတယ်။ တကယ် တမ်းကျတော့ လိုအပ်တဲ့ကွက်လပ် ကလေးကို စိမ်းလန်းစိုပြည်စာပေဆုက ဖြည့်ပေးတဲ့သဘောပါ။
မေး။ အခုစာပေပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ဖြည့်စွက်ပြောကြား စရာရှိရင်လည်း ပြောပေးပါဦး။
ဖြေ။ ဘာပဲပြောပြောစာပေဆုတွေ မြန်မာ နိုင်ငံမှာ အများကြီးရှိတယ်။ အမျိုး
သားစာပေဆု၊ စာပေဗိမာန်စာပေဆု တွေစပြီးတော့ ပုဂ္ဂလိကစာပေဆုတွေ အများကြီးရှိတယ်။ အားလုံးကတော့ ကိုယ်နိုင်ရာကဏ္ဍ၊ ကိုယ်သန်ရာရှုထောင့် ကနေဆုတွေ ရွေးချယ်ပြီး ပေးနေတာ ပေါ့။ စိမ်းလန်းရွှေပြည် စာပေဆုက တော့ အမျိုးသားရေးအတွက် တိုင်းရင်း သားစည်းလုံးညီညွတ်ရေး၊ပြည်ထောင်စု အရေး၊ ယဉ်ကျေးမှုစရိုက်လက္ခဏာ ဒါ တွေကို ဦးစားပေးပြီး ဇောင်းပေးပြီး တော့မှ ရွေးချယ်တယ်လို့ မြင်ပါတယ်။ ဒီလိုစာပေဆုမျိုးလည်း ရှိသင့်ပါတယ်။ ဘာပဲပြောပြော ဒီဘက်ခေတ်မှာ ရှေး အဆက်ဆက်က လုပ်ရပ်တွေအပေါ်မှာ Negative Point of View နဲ့ဝေဖန်နိုင်မှ စာလို့ထင်နေကြတဲ့ခေတ်မှာ ဒီလိုအပြု သဘောစာပေကိုလည်း အားပေးတဲ့ဆု မျိုးကတော့ ကြိုဆိုရမှာဖြစ်ပါတယ်။