images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲတွင် ဆုရရှိသူများ၏ရင်တွင်းစကားသံများ (အပိုင်း ၃ )
Sunday, 08 April 2018
မောင်ချိုဝေ
-------------
မေး။ စိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အကြောင်း လေး ကနဦးပြောပြပေးပါ။
ဖြေ။ စိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲက ပထမဆုံးလုပ်တာပေါ့။ ကျွန်တော်
က ပြည်ထောင်စုနေ့စဉ်သတင်းစာမှာ ပင်တိုင်ဆောင်းပါး ရေးနေတာလေ။အမတ်ဒိန်နဲ့ရေးနေတာ။ ပင်တိုင်ဆောင်း ပါးတွေရေးနေတယ်။ စိမ်းလန်းရွှေပြည် ပြိုင်ပွဲလုပ်မယ်။ ၂ဝ၁၆ ခုနှစ်ကရေးခဲ့တဲ့ စာအုပ်တွေ ပြန်တင်ပါ။ တင်ပေးပါ ဆိုတော့ ကျွန်တော်က ၂ဝ၁၄ခုနှစ်မှာ စာပေဗိမာန်စာပေဆု ရထားတယ်။ စာပဒေသာဆောင်းပါး ပထမဆုရထား တယ်။ အဲဒီရထားတဲ့စာအုပ်လေးက ၂ဝ၁၅ ဒီဇင်ဘာမှာ ထွက်ခဲ့တယ်။ ၂ဝ၁၆ မှာ အမျိုးသားစာပေဆုရွေးတာက ဧပြီလောက်မှာရွေးတယ်။ ဒါပေမဲ့ ဒီစာ အုပ်က အဲဒီလမှာပဲ ထွက်တယ်။ရွေးချယ် ခံရလားမခံရလားဆိုတာတော့ ကျွန်တော် မသိနိုင်ဘူး။ ကျွန်တော်ရိုက်တဲ့စာအုပ် မဟုတ်ဘူး။ စာပေဗိမာန်က ရိုက်တဲ့စာ အုပ်ဖြစ်တယ်။ ဒီကစိမ်းလန်းရွှေပြည် စာပေဆုပေးမယ်ဆိုတော့ ဒီစာအုပ်လေး ကို ပြောရင်တော့ မျှော်လင့်ချက်ကြီးစွာနဲ့ ကျွန်တော် တင်လိုက်တာ။ ကျွန်တော် စိုးရိမ်တာတစ်ခုပဲရှိတယ်။ ဟိုမှာ ဆုရ ပြီးသားအတွက် ဒီမှာ ဆုပေးမလား၊ မပေးဘူးလားစိုးရိမ်တယ်။ အဲဒီစာအုပ် ကို ကျွန်တော်တင်ချင်တယ်ဆိုပြီးတော့ တာဝန်ရှိသူတွေကိုပြောတော့ တင်ချင် ရင် အဲ့ဒီစာအုပ်လာတင်ပေါ့တဲ့။ တင် ပေါ့ဆိုလို့ တင်ဖြစ်သွားတာ။

မေး။ ဒီပြိုင်ပွဲက ပြောရရင် မြန်မာ့စာ ပေနဲ့ ကဗျာများပြိုင်ပွဲပေါ့နော်။ ရှင်သန်ဖွံ့ဖြိုးရေးကို ရှေးရှုပြီးတော့ ကျင်းပခဲ့တဲ့ပြိုင်ပွဲဖြစ်တဲ့အတွက် အခု မြန်မာ့စာပေနဲ့ရိုးရာကဗျာက လက်ရှိအခြေအနေမှာ ဘယ်လိုမျိုး ဖြစ်ပေါ်နေတယ်ဆိုတာလေးကို လက်ရှိအခြေအနေပေါ်မှာ ဆရာ သုံးသပ်ပေးပါဦး။
ဖြေ။ အချက်နှစ်ချက်ပေါ့။တစ်ကတော့ မြန်မာစာပေအကြောင်းပေါ့။ နှစ်က
ရိုးရာကဗျာတွေအကြောင်းပေါ့။ ကျွန် တော်တို့ကဗျာတွေအကြောင်းကို အရင် ပြောရအောင်။ ကဗျာတွေ အကြောင်း ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ခေတ် အဆက်ဆက် သယ်ဆောင်လာတဲ့ကဗျာ စပ်နည်းတွေက ရိုးရာကဗျာပဲ။ ခေတ် အဆက်ဆက်ဆုပေးခဲ့တာလည်း ရိုးရာ ကဗျာပဲ။ အခုခေတ်ရောက်တော့မှ ရိုးရာ ကဗျာနဲ့ခေတ်ပေါ်ကဗျာဆု ပေးဖို့ရွေး ချယ်တော့ မဲပေးပြီးရွေးချယ်တာမျိုးလုပ် တယ်။ လုပ်တဲ့အခါကျတော့ ရိုးရာ ကဗျာဘက်က အားနည်းပြီးတော့ ရိုးရာ ကဗျာကိုရွေးချယ်ဖို့မဟန်ဘူးပေါ့။မဟန် တဲ့အခါကျတော့ ကျွန်တော်တို့ကို ပြော တာက ရှေးရိုးစွဲတွေလို့ပြောတာပေါ့။ကျွန်တော်တို့ရှေးရိုးစွဲ မဟုတ်ဘူးဗျ။
မေး။ ဆရာ့အနေနဲ့ ဆောင်းပါးပေါင်းချုပ် နဲ့ အကောင်းဆုံးဆုရခဲ့တာဆိုတော့ ဆရာရဲ့ဇာတိစိတ်၏ခေါ်ဆောင်ရာ မှာ ပါဝင်တဲ့အကြောင်းအရာလေး ရယ်၊ ဆုရတဲ့အပေါ်မှာ ဆရာရဲ့ ခံစားချက်လေး ပြောပြပေးပါဦး။
ဖြေ။ အဲဒီစာအုပ်ထဲမှာ မြန်မာစာပေနဲ့ ပတ်သက်တာတွေပါတယ်။ နောက်
တစ်ခါသမိုင်းနဲ့ပတ်သက်တာတွေ ပါ တယ်။ တစ်ပုဒ်ချင်း၊ တစ်ပုဒ်ချင်းမှာ ပြောစရာတွေချည်းပဲ။ တစ်ခုလေးပြော ပြမယ်။ ဆရာမင်းသုဝဏ်ရဲ့ ဖိုးမောင်လာ ပြီဆိုတဲ့ ကဗျာလေးကို အဲဒီထဲမှာ ရေး ထားတယ်။ ဖိုးမောင်ဆိုတဲ့ကလေးက ကျေးရွာမှာ အရင်တုန်းက လွတ်လပ်ရေး ရခါစ ဓားပြတွေဘာတွေ သောင်းကျန်း နေတဲ့အချိန်မှာ ရွာတံခါးတွေ အားလုံး ပိတ်ရတယ်။ ရွာကိုခြံစည်းရိုးခတ်ရ တယ်။ ခြံစည်းရိုးခတ်ရတဲ့အချိန်ကျတော့ ရွာကနေ ညဆိုဘယ်သူမှ မထွက်ရဘူး။ အဲဒီမှာ ဖိုးမောင်ဆိုတဲ့ ကလေးတစ် ယောက်က ထွက်ခွင့်ရတယ်။ အောက်က နေ လျှိုထွက်တယ်။ ထွက်ပြီးတော့ ငါး ဖမ်းတယ်။ ငါးဖမ်းမှပဲရွာကလူတွေက ဟင်းစားရှိတာကိုး။ အဲဒါနဲ့ သွားဖမ်း တယ်။ ပြီးတော့ ဖိုးမောင် ပြန်လာတယ် ပေါ့။ ငါးဖမ်းကနေ ပြန်လာတယ်။ အရင် တုန်းက ဖိုးမောင်ပြန်လာရင် ငနီဆိုတဲ့ ခွေးလေးက ဟောင်တယ်။ တောက်တဲ့ ကြီးကလည်း တောက်တဲ့၊ တောက်တဲ့ အဲ့ဒီလိုမျိုးအော်တယ်။ အဲဒီလိုအချိန်မှာ ဖိုးမောင်လာရင် ရွာကကင်းစောင့်တဲ့ သူက တံခါးဖွင့်ပေးရတယ်။ တံခါး ဖွင့်မပေးနဲ့ ဓားပြတွေ ပါလာတယ်လို့ အော်တာ။ အော်လည်းအော်ရော ကင်း စောင့်တဲ့ ပုဂ္ဂိုလ်က တံခါးမဖွင့်ဘဲနဲ့ ရွာ လှန့်တဲ့ အုန်းမောင်းခေါက်ပြီး လူတွေ စုလိုက်ပြီးတော့မှ ဓားပြတွေကို လိုက် တော့ ဓားပြတွေက ဖိုးမောင်ကို သတ် သွားတယ်။ အဲဒါလေးလို ဆရာမင်းသု ဝဏ်က ဖိုးမောင်လာပြီဆိုပြီး ကဗျာလေး ရေးတယ်။ အဲဒီတော့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ရွာ၊ ကိုယ့်ရပ်ကို အသက်နဲ့လဲပြီး ကာကွယ်ချင်စိတ်ရှိ အောင် ရှေးကဗျာလေးက ပြောသွား တယ်။ အခုတို့နိုင်ငံမှာ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်ရပ်၊ ကိုယ့်ရွာကို ကာကွယ်ရတဲ့တာဝန်ဟာ မွန်မြတ်တဲ့ တာဝန်လို့မသိတဲ့မျိုးဆက်တစ်ခုကို နိုင်ငံ ရေးသမားတွေကလုပ်နေတယ်။ အကယ် ၍ အဲဒီလိုသာလုပ်နေရင် မျိုးဆက် တစ်ခုက ကိုယ့်လူမျိုး ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကာကွယ်တာ မလိုအပ် ဘူး။ အဲဒါက မွန်မြတ်တဲ့ တာဝန်လည်း မဟုတ်ဘူးဆိုပြီး သိရှိသွားရင် ဆုံးရှုံးစရာ တွေအများကြီး ကြုံစရာဖြစ်မယ်။ အဲဒီ တော့ ဖိုးမောင်လိုကလေးမျိုးတွေ အများ ကြီးဖြစ်စေချင်တယ်လို့ ဘဘ အဲဒီထဲမှာ ရေးထားတယ်။ ဖိုးမောင်လို လူငယ်တွေ အများကြီးဖြစ်စေချင်တယ်လို့ရေးထားတာ။ ဒါတစ်ကြောင်းပဲရှိသေးတယ်။ တကယ် ဖတ်မယ်ဆိုရင် ဘဘရဲ့စာအုပ်က သိမ်း ထားရမယ့်စာအုပ်ပါ။ ဘဘဆုရတာ တော့ဝမ်းသာတာပေါ့။ ဘာကြောင့် ဝမ်း သာလဲဆိုတော့ ဘဘက ရသစာပေရေးခဲ့ တာ။ ကဗျာတွေစပ်ခဲ့တာ၊ ဘဘ ကဗျာ စပ်သိပ်ဝါသနာပါတယ်။ ခုနပြောတဲ့ ဂန္ထ ဝင်ကဗျာတွေပေါ့။ ကဗျာပေါင်းစုံစပ် တယ်။ အဲဒီလိုစပ်ရင်းဒီဘက်ပိုင်းရောက် တော့ဟိုဘက်ပိုင်းက မောင်ချိုဝေနဲ့ ရေးခဲ့ တာ။ ဒီဘက်ပိုင်းတော့ဘဘအမတ်ဒိန် နဲ့ ရေးတာ။ အမတ်ဒိန်နဲ့ရေးတာ နိုင်ငံရေး စာပေတွေရေးတယ်။ နိုင်ငံရေးစာပေဆို တာက နိုင်ငံရေးခေတ်တစ်ခတ်ကို ပြုပြင် ပြောင်းလဲလို့ပဲရမယ်။ ဒီခေတ်ကုန်သွားရင် ဒီစာပေဘယ်လိုပြောမလဲ။ အခုတောင်မှ တချို့ဖတ်ပြီးပစ်ကြတာပဲ။ တချို့ကျ တော့လည်းသိမ်းထားမှာပေါ့။ ဘဘ အခု ရတဲ့စာမူက ဘဘ အဲ့ဒီထဲမှာရေးထား တယ်။
(ဆက်လက်ဖော်ပြပါမည်)