images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ငါးရက်အတွင်း နေ့ချင်းပြန်နိုင်ငံခြားသား ခရီးသွားတစ်သောင်းကျော် ဝင်ရောက်လည်ပတ်
ကြယ်လေး Monday, 09 April 2018
တာချီလိတ် နယ်စပ်ဝင်ပေါက် မှတစ်ဆင့်ဝင်ရောက်သည့်နိုင်ငံခြား ခရီးသွားဧည့်သည် အရေအတွက် မှာ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ယခုလ ၁ ရက်မှ ၅ ရက်အထိ နေ့ချင်းပြန်ခရီးသည် စုစုပေါင်း ၁၁ဝ၃၇ ဦးဖြစ်ကြောင်း ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင်မိုင်းဖြတ်၊ကျိုင်းတုံခရီး စဉ်အနေဖြင့် ခရီးသည် စုစုပေါင်း ၁၄ဝ နှင့် ဗီဇာဖြင့် တာချိတ်လိတ် မှတစ်ဆင့် လေယာဉ်ခရီးစဉ်ဖြင့် ပြည်တွင်းသို့ ဝင်ရောက်လည်ပတ် သည့်ခရီးသည်စုစုပေါင်း ၁၂၁ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်းသိရ သည်။
နိုင်ငံခြားသားကမ္ဘာလှည့်ခရီး သွားဧည့်သည်များသည် မြန်မာ နိုင်ငံ၏ရေမြေတောတောင်သဘာဝ အလှများ၊ ခရီးသွားဆွဲဆောင်သည့် နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေး မှုဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံ များကို ကြည့်ရှုလေ့လာ သိမြင် ခံစားနိုင်ရန်အတွက် အပြည်ပြည် ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ် ဝင်ပေါက်များမှတစ်ဆင့် မြန်မာ နိုင်ငံအတွင်းသို့ အဆက်မပြတ်ဝင် ထွက်သွားလာလည်ပတ်လျက်ရှိ သည်။
မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ် အနေဖြင့် ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသားအများစု ပါဝင် သော နိုင်ငံခြားသားခရီးသွားဧည့် သည်များ လာရောက်ကြပြီး ၄င်း ဗီဇာဖြင့်လာရောက်လည်ပတ်ကြ သည့်ခရီးတွင် ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား အများစုပါဝင် သော နိုင်ငံခြားသားခရီးသွားဧည့် သည်များပါရှိကြောင်း သိရသည်။
နေ့ချင်းပြန်ခရီးစဉ် လာရောက် လည်ပတ်ကြသော ခရီးသွားဧည့် သည်အများစုသည် တာချီလိတ်မြို့ ရှိ အထင်ကရနေရာများဖြစ်သော တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီး၊ ရွှေတိဂုံ စေတီတော်၊တိုင်းရင်းသားကျေးရွာ၊ အာခါဈေး၊တရုတ်ဘုံကျောင်းများ သို့သွားရောက်လည်ပတ်ကြသည်။