images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ကိုလိုနီခေတ်သုံး အမြောက်လက်နက်ကြီးတစ်လက် ရန်ကုန်မြစ်သုံးခွဆုံ၌ ဒလရေငုပ်သားများဆယ်ယူရရှိ
သန်းဌေး(ဒလ) Monday, 09 April 2018
မြန်မာနိုင်ငံတွင် ကိုလိုနီခေတ် က အသုံးပြုခဲ့သော နှစ် ၂ဝဝ နီး ပါးခန့်က အမြောက်လက်နက်ကြီး တစ်လက်ကို ယနေ့ နံနက်ပိုင်းက ဒလမြို့မရဲစခန်းဝင်းအတွင်း၌တွေ့ရှိ ရကာ အဆိုပါ လက်နက် ကြီးမှာ ဒလမြို့နယ် ရေငုပ်သမားအဖွဲ့က ရန်ကုန်မြစ်သုံးခွဆုံးအနီးရှိသဲသောင် ပြင်၌ဆယ်ယူရရှိ၍ အပ်နှံထားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအမြောက်ကြီးကို ဒလ မြို့မရဲစခန်းသို့ စက်မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်အေးက ဆက်သွယ်အကြောင်းကြားပြီးဆယ် ယူရရှိခဲ့သောကမာကဆစ်ရပ်ကွက် မှ ဦးသန်းထွေးဦးဆောင်သည့် ရေ ငုပ်အဖွဲ့နှင့်အတူဒလမြို့မရဲစခန်းမှူး ဒုတိယရဲမှူး ညွန့်ဝင်းတို့အဖွဲ့ထံ ယခုလ ၅ရက် ညနေပိုင်းက အပ် နှံပေးခဲ့ကြောင်း၊ ယခုလ ၆ရက် မွန်းလွဲ ၁၂နာရီ ၁၅မိနစ်က ဒလ မြို့မရဲစခန်းသို့ အမှတ်(၁)ပင်မ လျှပ်စစ်အလုပ်ရုံ (အင်းတိုင်)မှ ဒုတိယဗိုလ်မှူးကြီးဝင်းမြင့်ဦးပါ ငါးဦးနှင့် အမှတ်(၉ဝ၅)စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီး ထက်ဝေဦးပါခုနစ်ဦးအဖွဲ့တို့ရောက် ရှိလာပြီး စစ်ဆေးခဲ့ရာ အမြောက် လက်နက်အမျိုးအစားမှာ '' Cast Iron Smmoothbore Muzzlel-pading Naval Cannon''ဖြစ်ပြီး အင်္ဂလန်နိုင်ငံထုတ်ဖြစ်ကြောင်း၊ အမြောက်၏ ပြောင်းအရှည်မှာ (2180)mm၊ လုံးပတ်မှာ အရင်း ပိုင်း 1218 mm ၊ အလယ်ပိုင်း1040 mm၊အဖျားပိုင်း 727 mmနှင့်ပြောင်း(အတွင်းပိုင်း)အချင်းဝ အကျယ်110 mm ရှိကြောင်းနှင့် အမြောက်လက်နက် အရင်းပိုင်း ဘက်တွင် ဘုရင်မသရဖူတံဆိပ်နှင့် အောက်တွင် ၁၈ဝ၄နှင့် ၂၁-၂-၂၁ ရက်စွဲစာတန်းများကို တွေ့ရှိခဲ့ ကြောင်း သိရသည်။
ရေငုပ်အဖွဲ့မှ ဦးသန်းထွေးက ''ရန်ကုန်မြစ်၊ ပုဇွန်တောင်ချောင်း၊ ပဲခူးမြစ်တို့ ''သုံးခွဆုံ''အနီးမှာ ပါ။ ဓမ္မစေတီခေါင်းလောင်း ရှာ ဖွေနေတာက ပဲခူးမြစ်ဘက်ပါသွား ပြီ။ ဒီပစ္စည်းက ရန်ကုန်မြစ်ဝထွက် တစ်နည်းအားဖြင့် သီလဝါဘက် အနီးရှိသဲစုပ်နေကြသော သဲသောင် ပြင်အနီးဝန်းကျင်မှာလွန်ခဲ့တဲ့ ၁၄ ရက်၊၁၅ရက်ကတည်းက ဆယ်ယူ ရရှိခဲ့တာပါ''ဟု ဖွင့်ဆိုခဲ့သည်။