images
UN
UN
ရွှေကျင်မြို့၌ တိုင်းဒေသကြီးအဆင့် အစိုးရ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပ
တင်စိုး(ပဲခူး) Monday, 09 April 2018
ရွှေကျင်မြို့ မြို့နယ်စည်ပင် သာယာရေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးအဆင့် အစိုးရ၊တပ်မတော်နှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က တိုင်း ပြည်တစ်ခု ဘက်စုံဖွံ့ဖြိုး တိုး တက်ရေးအတွက် အဓိကအရေး ကြီးဆုံးသည် ငြိမ်းချမ်းရေးပင်ဖြစ် ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန် အတွက် တစ်ဖက်နှင့် တစ်ဖက်၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုးယုံကြည်မှု ရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ ယုံ ကြည်မှုရရှိရန်အတွက် တစ်ဦးနှင့် တစ်ဦးကူးလူးပေါင်းသင်းဆက်ဆံ နိုင်မည့် လမ်းပန်းဆက်သွယ်ရေး လိုအပ်မည်ဖြစ်ကြောင်း၊မတူကွဲပြား မှုများစုစည်းပြီးအတူတကွပူးပေါင်း ပါဝင်ဆောင်ရွက်သည့်အလေ့အထ များ ရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရ၏ အဓိကရည်မှန်း ချက်သည် ငြိမ်းချမ်းရေးရရှိရေးပင် ဖြစ်ကြောင်းနှင့် ယခုလို(၂၁)ပင်လုံ နှင့်အတူ ပေါက်ဖွားလာသည့် ရရှိပြီးငြိမ်းချမ်းရေး အသီးအပွင့် များ ထပ်မံတည်မြဲခိုင်မာစေရန် ကြိုးစားသွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက်KNUဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ဖဒိုစောအယ် ထူးက မြန်မာနိုင်ငံလက်ရှိငြိမ်းချမ်း ရေးဖြစ်စဉ်အား လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ် ဘက်ရေးရာ လုံခြုံရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး သိန်းထိုက်ဦး၊KNU ညောင်လေးပင်ခရိုင်ဥက္ကဋ္ဌ ဖဒိုစောဆဲက၊ ရွှေကျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစောနှင့်KNLA တပ်မဟာ(၃)မှ တပ်မဟာမှူးစော အယ်လူသိန်းတို့က အကြံပြုစကား များပြောကြားခဲ့ကြပြီး CIDKP ညွှန်ကြားရေးမှူးနှင့် စီမံကိန်း တာဝန်ခံ စောဘယ်ထူးက ပြီးခဲ့ သည့် ဆွေးနွေးပွဲများတွင် တင်ပြ သည့် အချက်အလက်များအား အကောင်အထည်ဖော်ဆောင်ရွက် ခြင်းမရှိသေးသည့် အချက်အလက် များ ဆက်လက်ဆောင်ရွက်နိုင်ရန် တင်ပြခဲ့သည်။
ဆက်လက်ပြီး တက်ရောက် လာကြသူများက အပြန်အလှန် မေးခွန်းများမေးမြန်းခြင်း၊ ပြန် လည်ဖြေကြားခြင်းများ ဆောင်ရွက် ခဲ့ပြီးနောက်KNU နိုင်ငံခြားရေး တာဝန်ခံဖဒိုစောတောနီးကကျေးဇူး တင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသည် အစိုးရနှင့်KNUတို့အကြား အပစ် အခတ်ရပ်စဲရေးပြုလုပ်ပြီးငြိမ်းချမ်း ရေးတည်ဆောက်နေသည့်ကာလတွင် အောက်ခြေအဆင့်၌ နှစ်ဖက်သော အုပ်ချုပ်ရေးအဖွဲ့များနှင့် လက်နက် ကိုင်တပ်ဖွဲ့များအကြား ထိပ်တိုက် ရင်ဆိုင်ဖြစ်ပွားမှုများ မရှိစေဘဲ ယုံကြည်မှုရှိသော တွေ့ဆုံဆွေးနွေး ပွဲများ ကျင်းပခြင်းအားဖြင့် စစ်မှန် သောငြိမ်းချမ်းရေးကိုတည်ဆောက် နိုင်ရန် ရည်ရွယ်ကျင်းပရခြင်းဖြစ် သည်။
တွေ့ဆုံပွဲသို့ဝန်ကြီးချုပ်၊တောင် ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ဘက် ရေးရာ အဆင့်မြင့်အရာရှိကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ KNUနှင့်KNLAမှတာဝန်ရှိသူများ၊ NGO များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။