images
UN
UN
ကျောင်းချိန်ပြင်ပ ကရင်တိုင်းရင်းသားစာပေသင်ကြားသော ဆရာ ဆရာမများမွမ်းမံသင်တန်းဖွင့်
ပြည့်ဖြိုး(ပန်းတနော်) Monday, 09 April 2018
ပန်းတနော်မြို့နယ် ကရင် စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ကြီးမှူးပြီးကျောင်းချိန်ပြင်ပ ကရင် တိုင်းရင်းသားစာပေသင်ကြားသော ဆရာဆရာမများ မွမ်းမံသင်တန်း အမှတ်စဉ်(၁)သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီက ကရင်ယဉ်ကျေးမှုပြတိုက်တွင် ကျင်းပရာ မြို့နယ်ပညာရေးမှူး ဦးငွေထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ပန်းတနော်မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ နာယက ဆရာတော်အရှင်မန်းနန္ဒာ စာရ(တောကျောင်း)နှင့် ကရင် စကားစာပေဆပ်ကော်မတီဥက္ကဋ္ဌ ဆရာမနမ့်ရှားပေါင်တို့က အမှာ စကားများပြောကြားကာ သင်တန်း ဆိုင်ရာအကြောင်းအရာများကို စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဒု ဥက္ကဋ္ဌဆရာမန်းဒိုင်းနီရယ်က ရှင်း လင်းတင်ပြခဲ့သည်။
အဆိုပါ အခမ်းအနားကို ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်တင် တင်လှိုင်နှင့် ကရင်စာပေနှင့်ယဉ် ကျေးမှုကော်မတီဥက္ကဋ္ဌ ဆရာမန်း ခင်မောင်စိုးတို့ တက်ရောက်ကာ သင်တန်းသားသင်တန်းသူဦးရေ စုစုပေါင်း ၅၃ ဦး တက်ရောက် ကြပြီး သင်တန်းကို ယနေ့မှ ယခုလ ၁၁ ရက်အထိ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။