images
UN
UN
ဟန်ဒါဆင်၏နေရာတွင် ဖြည့်ကစားပေးနိုင်သည်ဟု ဝီနယ်ဒမ်ပြော ကွင်းလယ်လူဖယ်လိုင်နီကို သုံးနှစ်စာချုပ်ဖြင့်ခေါ်ယူနိုင်ရန် လီဗာပူးကြိုးစားနေ
Monday, 09 April 2018
လီဗာပူးကွင်းလယ်လူ ဝီနယ် ဒမ်က ဟန်ဒါဆင်မပါဝင်နိုင်မှုကို ဖြည့်ကစားပေးရန်အဆင်သင့်ရှိနေ သည်ဟုပြောကြားလိုက်သည်။ လီ ဗာပူးအသင်းခေါင်းဆောင် ဟန်ဒါ ဆင်သည် အန်ဖီးလ်တွင် မန်စီးတီး ကို သုံးဂိုးပြတ်ဖြင့်အနိုင်ရခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် အဝါကတ် အပြခံရပြီးနောက် မန်စီးတီးကွင်း ၌ယှဉ်ပြိုင်ရမည့် ဒုတိယအကျော့ ပွဲစဉ်ကို လွဲချော်မည်ဖြစ်သည်။ ဝီ နယ်ဒမ်သည် တိုက်စစ်ကစားသမား တစ်ဦးဖြစ်သော်လည်း ဟန်ဒါဆင် မပါဝင်နိုင်သောကြောင့် ခံစစ်ကိုပါ လိုက်ဖြည့်ကစားပေးရန် စဉ်းစား နေခြင်းဖြစ်သည်။
''နည်းပြကလော့ပ်က ရာသီ ကြိုကာလမှာကတည်းက ဒီလို အခြေအနေတွေအတွက်ပြင်ဆင် ထားဖို့ကျွန်တော့်ကို ပြောခဲ့ဖူးပါ တယ်။ လက်ရှိအချိန်မှာ ကျွန်တော့် အနေနဲ့ခံစစ်ပိုင်းကိုလိုက်ဖြည့်ကစား ဖို့အတွက် ပြဿနာမရှိဘူးလို့ပြော ရမှာပါ''ဟု ဝီနယ်ဒမ်က ပြော ကြားခဲ့သည်။ အန်ဖီးလ်၌ ကစား ခဲ့သောပွဲတွင် လီဗာပူးက ဆာလက်၊ ချိန်ဘာလိန်နှင့် မာနေးတို့၏သွင်း ဂိုးများဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဆက်စပ်သတင်းတစ်ရပ်၌ လီဗာပူးသည် မန်ယူကွင်းလယ်လူ ဖယ်လိုင်နီကို လာမည့်နွေရာသီ တွင်ခေါ်ယူနိုင်ရန် ကြိုးစားနေပြီ ဖြစ်ကြောင်းသိရသည်။ ဖယ်လိုင်နီ သည် ယခုရာသီကုန်တွင် မန်ယူ နှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့ မည်ဖြစ်သည်။ ထို့ကြောင့် လီဗာပူး ခေါ်ယူမည်ဆိုပါက အလွတ်ပြောင်း ရွှေ့ကြေးဖြင့် ခေါ်ယူခွင့်ရမည်ဖြစ် သည်။ပြင်သစ်သတင်းစာတစ်စောင် ဖြစ်သောL'Equipe မှ ဖော်ပြမှုကို ဒေးလီးမေးလ်ကပြန်လည်ကိုးကား ၍ ဖော်ပြလိုက်ခြင်းဖြစ်သည်။ အသက် ၃ဝ ရှိပြီဖြစ်သော ဖယ် လိုင်နီသည်မန်ယူနှင့် စာချုပ်သက် တမ်းတိုးရန်ဆွေးနွေးမှုများပြု လုပ် ခဲ့သော်လည်း အဆင်မပြေခဲ့သူ ဖြစ်သည်။
Ref ;Dailymail