images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲတွင် ဆုရရှိသူများ၏ရင်တွင်းစကားသံများ (အပိုင်း ၁ )
Monday, 09 April 2018
မောင်လွန်းမြိုင်(ပင်လည်ဘူး)
ပထမဆု
မေး။ စိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်ခဲ့ပုံလေး ပြောပြပေးပါ။
ဖြေ။ ကျွန်တော် ဒီပြိုင်ပွဲနဲ့ပတ်သက်လို့ ပြိုင်ဖြစ်ရတဲ့အကြောင်းရင်းကတော့
စာပေရဲ့တိုက်ပွဲလေးတွေ ဖြစ်နေကြတာ ပေါ့နော်။ တိုက်ပွဲလေးတွေ သတင်းလေး တွေလည်းကြားရတယ်ပေါ့။ မော်ဒန်နဲ့ ဂန္ထဝင်နဲ့ အဲဒါမျိုးအဖြစ်အပျက်လေးတွေ ပေါ့။ ဂန္ထဝင်နဲ့ ဖြစ်ပျက်နေတဲ့အဖြစ် အပျက်လေးမှာ မတူညီတဲ့ခံစားမှုလေး မတူညီတဲ့ အတွေးအခေါ်တွေ၊ မော်ဒန်၊ ဂန္ထဝင်အမြင်မတူတာတွေ၊ အတွေးအခေါ် မတူတာ၊ အယူအဆကွဲပြားတာတွေကို အဲဒါ ကဗျာပွဲရဲ့စိန်ခေါ်မှုတွေ ဆူညံနေ တဲ့ကာလပေါ့နော်။ အဲဒီမှာ ဒီပြိုင်ပွဲပေါ် လာတဲ့အခါ၊ စိမ်းလန်းရွှေပြည်ပြိုင်ပွဲပေါ် တဲ့အခါ စိမ်းလန်းရွှေပြည်ဟာ ပုံစံသစ်နဲ့ လာတဲ့ပုံစံ၊ ဂန္ထဝင်ကိုဦးစားပေးတဲ့ကဗျာပဲ ဆိုပြီးတော့ ဒီကဗျာလေးတော့ပြိုင်မှဖြစ် မယ်ဆိုပြီး စပြီးတော့ပြိုင်ဖြစ်တယ်ပေါ့။
မေး။ အခုလို ပြိုင်ဖြစ်တဲ့အပေါ် ဆုရတဲ့ အခါမှာရော ဘယ်လိုခံစားရပါ သလဲ။
ဖြေ။ ဆုရတာတော့ အတိုင်းမသိဝမ်းသာ မိတာပေါ့။ ဘာဖြစ်လို့ဝမ်းသာရလဲ
ဆိုရင် ဒီပြိုင်ပွဲနဲ့ပတ်သက်လို့ တကယ့် ကို ပြင်းပြင်းထန်ထန် တော်တော်လုပ် လိုက်ရပါတယ်။ ဒီပွဲလေးဖြစ်မြောက်ဖို့ အတွက် ဒီစာမူရေးရတာလည်းတော် တော်ကို ပြင်းပြင်းထန်ထန်ဆုရချင်လွန်း လို့ ပထမဆုံးပြိုင်ပွဲအနေနဲ့ ပထမဆုံးဆု ရချင်လို့ပါ။ ဆူညံနေတဲ့ကာလမှာခေတ် ကလည်းဒီမိုကရေစီ ဖြစ်နေတဲ့အခါကျ တော့ ဒီမိုကရေစီသစ္စာ၊ သူတစ်လူငါ တစ်မင်း၊ ပါတီချင်းပြိုင်နေသလို စာပေ ကလည်း အဲဒီလို ဂန္ထဝင်၊ မော်ဒန်ပြိုင်နေ သလိုဖြစ်နေတာ။ အဲဒီလို ပြိုင်နေသလို ဖြစ်နေတဲ့ကာလမှာ ဂန္ထဝင်ကိုပစ်ပယ်တဲ့ သဘောကိုဖြစ်နေတာ။ မဂ္ဂဇင်းတော် တော်များများကလည်း နေရာမပေးကြ ဘူး။ မဂ္ဂဇင်းတွေက မော်ဒန်တို့ ပေါ်ပင် ပေါ့နော်။ ကာရန်တောင် မပါပါဘူး။ လွတ်လပ်တဲ့အတွေးနဲ့ပဲ ရေးထားတာတွေ ရှိတဲ့အခါ ဂန္ထဝင်ပုံစံတွေက ကာရန်မပါ တော့ဘူးဆိုရင်တော့ ပျောက်ပျက်သွားနိုင် တယ်ဆိုတဲ့ကိစ္စက ပြိုင်ကိုပြိုင်ရမယ်ဆို ပြီး အဲဒီလိုပြိုင်ပြီး ဆုရလိုက်တော့ ပိုပြီး တော့ဝမ်းသာတာပေါ့။

မေး။ ဂန္ထဝင်ကဗျာရဲ့ မော်ဒန်ကဗျာအပေါ် ဆရာ့အမြင်ပြောပြပေးပါ။ လက်ရှိ အချိန်မှာလည်း ဂန္ထဝင်ကဗျာတွေ တိမ်မြုပ်နေတဲ့ အပေါ်မှာလည်း အမြင်လေး သုံးသပ်ပေးပါဦး။
ဖြေ။ အခုတိမ်မြုပ်နေတဲ့ အနေအထား ပေါ့နော်။ ကဗျာကတော့ ကျွန်တော်
တို့ ငယ်စဉ်ဘဝကတည်းက ကဗျာတွေနဲ့ မွေးဖွားခဲ့ကြတာပေါ့နော်။ သာချော့တေး ကအစ ကာရန်ပါတဲ့ကဗျာတွေပေါ့၊ ''လူ ကလေးရဲ့အိပ်ချိန်တန်'' ''ဗျိုင်းရှေ့က ပြန်'' ''ပြန်လေသည့် ကိုရွှေဗျိုင်း'' ''ညွန့်တွေကဝိုင်း'' အဲဒါပေါ့ ''မိတ္ထီလာ ကန်တော်အောက်က'' ''ဖားကောက်ခဲ့ ပါ''''ဖားပါရင် တစ်ကောင်ပေး'' ''မျက်လုံးရယ် ကြောင်တောင်တောင်နဲ့'' ''ဖားကောင်ကသေး'' အဲဒါလေးတွေက ကာရန်နဲ့လာတာ ကာရန်နဲ့လာတော့ ဒီ ကဗျာလေးတွေက ပျောက်ကွယ်သွား တော့မလိုဖြစ်နေတယ်။ အဲဒီတော့ ကျွန် တော်တို့ ဒီဂန္ထဝင်ပုံစံကို အားပေးနေတာ များများမရှိတော့ဘူး။ ငွေတာရီ၊ မြဝတီ၊ နိုင်ငံ့ဂုဏ်ရည်၊ ဓမ္မရံသီ၊ ဓမ္မရတနာ၊ ဒါတွေပျောက်ပျက်သွားမယ်ဆိုရင် ကျွန် တော်တို့အမျိုးသားကဗျာ ''မြန်မာမှန် ရင် ကဗျာဆန်ရမယ်'' ''မြန်မာစစ်ရင် ကဗျာချစ်ရမယ်''ပေါ့၊ မြန်မာဆိုတာ အမျိုးသားတို့ရဲ့ အမွန်မြတ်ဆုံးသော ရတနာဖြစ်တယ်။ ကျွန်တော်တို့ပုံဂံခေတ် ကတည်းက ဒီကဗျာစပေါ်ခဲ့တာ။ မြန်မာ စာ စပေါ်ကတည်းက ကဗျာတွေက ''တောင်ကျချောင်းထဲရေဝင်ပြေးလျက်'' ''ရေအေးကြည်စွာ ကန်ပိုင်မာလျက်'' ''ကြာပန်းထုံထုံ ငှက်ပေါင်းစုံသည်'' ''ဘုံဝတိံနန္ဒာ''လို့ မြန်မာစာပေါ်စမှာ တောင် ကဗျာက ကာရန်နဲ့ပေါ်လာတာ။ တကယ့်ကို သိပ်သိပ်သည်းသည်းလည်း ဖြစ်ခဲ့တယ်။
လူမျိုးတစ်မျိုးမှာ ကံ မကောင်း အကြောင်းမလှချင်နေပါစေ။ ကဗျာကို မပစ်ပယ်သေးဘူးဆိုရင်တော့ အောက် တန်းမကျသေးဘူးတဲ့။ ကဗျာကို ပစ်ပယ် မယ်ဆိုရင်တော့ ဂန္ထဝင်ကဗျာက အမျိုး သားရေးအမွေအနှစ်။ ဒါတွေကို ပစ်ပယ် လိုက်မယ်ဆိုရင် လူမျိုး၊ ကျွန်တော်တို့ ယဉ်ကျေးမှုပါ ပျောက်သွားလိမ့်မယ်။ အစားထိုးလာသလိုပေါ့။ တိုက်ပုံနေရာ တွေမှာ နက်ကတိုင်တွေ အစားထိုးလာ သလို ကြာရင်တဖြည်းဖြည်းနဲ့ အမျိုးသား ဝတ်စုံတွေကလည်း ပြောင်းလဲသွားပြီ လေ။ အဲဒီလိုမော်ဒန်တွေပဲလာမယ်ဆို ရင် ကာရန်ဆိုတာဘယ်လိုဟာမျိုးတောင် ရှိတော့မှာ မဟုတ်ပါဘူး။
မေး။ ကျွန်တော်တို့ မေးခဲ့တဲ့အထဲမှာ မပါ တာရှိလို့ ဆရာဖြည့်စွက်ပြောချင် တာရှိရင်လဲ ပြောပြပေးပါ။
ဖြေ။ မော်ဒန်လည်း ဖတ်ပါတယ်။ ဒါပေ မဲ့သူနဲ့မတူငါ့ရန်သူ။ သူ့ရန်သူဆိုတဲ့
သဘောလည်းမထားဘူး။ သူလမ်းသူ ဖောက်ရမယ်။ အခုဒီခေတ်မှာပေါ်လာ တာလည်း ဖောက်ရမှာပဲ။ ဖောက်တဲ့ နေရာမှာ သမိုင်းရဲ့နောက်ဆက်တွဲ စာ မျက်နှာကောင်းဖို့တော့ အရေးကြီးတာ ပေါ့။ အသိတရားနဲ့ သတိတရားရှိရှိနဲ့ ကိုယ်ရဲ့လမ်းကိုယ်ဖောက်ပြီးတော့မှကိုယ့် ကဗျာကို ကိုယ့်အရောင်တင်နိုင်ဖို့တော့ အရေးကြီးတာပေါ့။ အရောင်တင်ပြီးတော့ မှ ထွန်းတောက်လာအောင် ကိုယ့်ရဲ့ အမျိုးသား၊ ဘာသာ၊ သာသနာကိုရေရှည် တည်တံ့ဖို့။ ဒီဟာတွေကလည်း ဆက်စပ် ပြီးတော့ဆိုင်တယ်။ ကိုယ့်ရဲ့ ယဉ်ကျေးမှု၊ ကိုယ့်ရဲ့ရိုးရာဓလေ့ဆက်လက်ထိန်းသိမ်း ဖို့ အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုလို့ မြင်ပါတယ်။