images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲတွင် ဆုရရှိသူများ၏ရင်တွင်းစကားသံများ (အပိုင်း ၂ )
Monday, 09 April 2018
သက်နိုင်(ကြို့ပင်ကောက်)
ဒုတိယဆု
မေး။ ဆရာ့အနေနဲ့ ဒီစိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲမှာဝင်ပြိုင်ရတဲ့အကြောင်း အရင်းလေး သိလိုပါတယ်။
ဖြေ။ ၁၉၅၈ခုနှစ် ဇွန်လထုတ် မြဝတီ မဂ္ဂဇင်းမှာ နေနှင့်သူ ကဗျာနဲ့စာပေ
လောက စရောက်တယ်။ အဲ့ကတည်း က မြန်မာကဗျာတွေကို ရေးလာတဲ့အခါ။ အများအားဖြင့် ကိုယ်ကမြန်မာကဗျာတွေ နဲ့ ထိတွေ့ကျွမ်းဝင်တဲ့အခါကျတော့ ကျေး လက်ကဗျာလေးတွေ၊ များသောအားဖြင့် ကောက်စိုက်သီချင်းလိုဟာမျိုး၊ နတ်ရှင် နောင်၊ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာသီလ ဝံသ သူတို့ကဗျာတွေဖတ်တဲ့အခါကျ တော့ အဲဒီကဗျာတွေရဲ့ရသခံစားပြီးတော့ သူတို့မူကိုထိန်းချင်တယ်။ စာပေမူကို ကိုယ်က တစ်ခါတစ်ရံမှာ ဘောင်တစ်ခု ကိုကျော်ပြီး ခေတ်ပေါ်ကဗျာကိုလည်း ရေးချင်ရေးတယ်။ နှိုင်းယှဉ်ခံစားလိုက် တဲ့အခါကျတော့ မြန်မာကဗျာရဲ့စနစ်ကျမှု ကို ခံစားမှုကိုထည့်ပြီးရေးရင် ပိုလှတာ တွေ့တဲ့အခါကျတော့ မြန်မာကဗျာကို ပိုအာရုံနစ်ပြီး စူးရှသွားမိတယ်။ အဲ့ဒီ အခါကျတော့ မြန်မာကဗျာပဲ ရေးနေရင်း ကနေ ပြိုင်ပွဲမှန်သမျှ ကိုယ်ကကဗျာရေး နေရရင် ကျေနပ်တယ်ဆိုတော့ဘယ်ပြိုင်ပွဲ မှမဝင်ခဲ့ဘူး။ အတတ်နိုင်ဆုံးကတော့ ပြိုင်ပွဲဆိုရင်ရှောင်တယ်။ ကိုယ်လိုချင်တဲ့ ပုံက ကဗျာရေးနေရရင် ကျေနပ်တယ်။ အဲလိုပုံစံနဲ့လာတဲ့အခါဇီးကုန်းမှာ စကား ပြောရင်း (မင်းသွေးနွယ်-ဇီးကုန်း)က ဆရာ၊ ဆရာ့ကဗျာတွေ ကျွန်တော်ကြိုက် တယ်တဲ့။ ပြိုင်ပွဲဝင်စေချင်တဲ့ အကြောင်း ဆွေးနွေးတယ်။ ဆွေးနွေးတဲ့အခါကျ တော့ ကိုယ်ကဆုဆိုတာကိုမကြိုက်ဘူး။ အမှန်အတိုင်းပြောရရင် အချို့မဂ္ဂဇင်းတွေ မှာ ကဗျာတစ်ပုဒ်ပါမယ်။ ဝတ္ထုတစ်ပုဒ် ပါမယ်။ ပါတဲ့အခါမှာ အယ်ဒီတာကဖြစ် ဖြစ်၊ ဖတ်တဲ့သူကဖြစ်ဖြစ် ကြိုက်တဲ့ပေါ် မှာမူတည်ပြီးတော့ ရည်ရွယ်ချက် တစ် ခုခုနဲ့မဟုတ်ဘဲနဲ့ ရေးတဲ့သူရဲ့ရသ ပေါ် လွင်တဲ့ဝတ္ထုကိုဆုပေးတာ ကိုယ်က ပို သဘောကျတယ်။ ဆုအနေနဲ့သီးသန့် လုပ်တာတော့ ဝင်ခဲတယ်။ ဒါပေမဲ့ ဒီနေ့ စိမ်းလန်းရွှေပြည်က စာပေဆုခေါ်တဲ့ အခါကျတော့ မြန်မာဂန္ထဝင်ကဗျာကို မြှင့် တင်ချင်တဲ့ပုံစံမျိုးကို မြင်ရတဲ့အခါကျ တော့ကိုယ်ဝမ်းသာသွားတယ်။ အဲ့ဒီအခါ မှာဝင်ပြိုင်ဖြစ်တာ။ အဓိကတော့ ဒါပဲ။
မေး။ လက်ရှိမှာ မြန်မာစာပေနဲ့ ရိုးရာ ကဗျာတွေက တိမ်မြုပ်တော့မယ့် အခြေအနေကို ရောက်နေတယ်လို့ ဆိုကြတယ်။ အဲ့ဒီအတွက်ကြောင့် မြန်မာစာပေနဲ့ ရိုးရာကဗျာတွေ ဖွံ့ဖြိုးတိုးတက်အောင်ဆိုပြီးတော့ ဒီ စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်တယ်လို့လည်းသိရ တယ်။ပြိုင်ပွဲကျင်းပပေးခဲ့တဲ့အပေါ် မှာရော ဆရာအနေနဲ့ ဘာများမှတ် ချက်ပြု ပြောကြားလိုပါသလဲ။

ဖြေ။ ကိုယ်ကတော့ ဒီပြိုင်ပွဲကျင်းပပေး ခဲ့တဲ့သူတွေကို အထူးကျေးဇူးတင်
မိတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကနေ့ မြန်မာကဗျာဆိုတာ စပ်ထုံးစပ်နည်းနဲ့ ဘယ်လိုရေးရမယ်ဆိုတာ ကလေးတွေ မသိတော့ဘူး။ မသိတဲ့အခါမှာကာရန်ဆို တာလည်း မသိသလို၊ မြန်မာ ကဗျာရဲ့ ပုံသဏ္ဌာန်၊ စပ်ပုံစပ်နည်းပွင့်ပွင့်လင်း လင်းပြောရရင် သူတို့ ဝဂ်တို့ ဋ္ဌာန်တို့ ကာရန်လည်း မသိတော့ဘူး။ မသိတဲ့ အခါ သူတို့ရင်ထဲပေါ်လာတာကို ရေးရင် ဒါကိုကဗျာလို့ သူတို့ကထင်တာ။မြန်မာ ကဗျာရဲ့ စနစ်ကျမှု၊ အသံစီးဆင်းမှု၊ အသံ ကူးပြောင်းမှုတွေသူတို့မသိဘူး။ များ သောအားဖြင့် မြန်မာကဗျာတွေမှာ ၄၊၃၊၂ နဲ့ရေးတယ်။ တစ်မျိုးတည်းမြင်နေလို့ ကျွန်တော်တို့က မရဘူး။ အဲ့မှာ ဘာလဲဆို တော့ ဒွေးချိုးတို့ လေးချိုးတို့ စကားပြော ပုံသဏ္ဌာန်နဲ့ရေးတဲ့ကဗျာတွေမှာ သပ်ရပ်မှု ရှိတယ်။ အဲဒီအခါမှာ မြန်မာကဗျာရဲ့ အရသာပိုပေါ်လွင်တယ်။ အထူးသဖြင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာ တွေမှာ အမျိုးသားရေးအမြင်နဲ့ ဆရာ ဇော်ဂျီတို့သူတို့ရေးခဲ့တဲ့ဟာတွေမှာ မြန်မာ ကဗျာရဲ့ အရသာဟာ ပိုပေါ်လွင်တယ်။ အဲဒါကြောင့် မြန်မာကဗျာ ပျောက်ကွယ် တိမ်မြုပ်သွားမှာစိုးတဲ့အတွက် မြန်မာ ကဗျာကို မြှင့်တင်ပေးတဲ့စိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲနဲ့ ဒီလိုမြန်မာကဗျာတွေကို ဖော်ထုတ်ခွင့်ပေးတဲ့ အဖွဲ့အစည်းကို ကျေးဇူးတင်တယ်။ ဝင်ပြိုင်တယ်။
မေး။ မြန်မာစာပေနဲ့ မြန်မာကဗျာတွေ ပျောက်ကွယ်လုနီးပါးဖြစ်နေတာ ကို မပျောက်ကွယ်အောင်၊ ဖွံ့ဖြိုးတိုး တက်လာအောင် ဘယ်လိုဆောင် ရွက်လို့ ရနိုင်မလဲ။
ဖြေ။ ကျွန်တော်ပြောချင်တာ မြန်မာကဗျာ ရဲ့စီးဆင်းမှုနဲ့ ဥပမာ-ကျွန်တော်
အစ်ကိုမောင်လွမ်းဝေဆိုရင် ရွက်ြေ<ွက တောမှ ညှီသောသွေးနံ့ တို့ကိုလှန့်၏ သတ်ဖြတ်မင်းမူ နှင်ြး<ွကင်းဟူက နီ မောင်းကြ၏။'' နှင်းရဲ့အရောင်နီနေတာ။ တော်လှန်ရေးရဲ့ သွေးနိမိတ်ကိုရေးတာ။ မြန်မာကဗျာမှာ နိမိတ်ပုံအားကောင်း ကောင်းနဲ့ရေးရင် မလှဘူးလား။ မောင်စိန်ဝင်း(ပုတီးကုန်း)ဆိုရင် မြန်မာ ကဗျာချစ်မြတ်နိုးတဲ့သူဖြစ်တယ်။ နောက် ကိုယ်တို့က သူ့ကိုလက်တွဲခေါ်ပြီးတော့ မြန်မာကဗျာနဲ့ရှင်သန်ခဲ့တာ။ တစ်ခါ တစ်ရံသူ့ကိုပြောမိတယ်။ ကာရန်မပါတဲ့ ကဗျာမရေးနဲ့လို့ပြောမိတယ်။ အဲ့တော့ နောက်မျိုးဆက်၊ မျိုးဆက်တွေကို နောက် လာမယ့် ဧပြီ ၁၉ ရက်နေ့မှာ အခြေခံ ကဗျာရေးနည်းသင်တန်းဖွင့်ဖို့ ပြင်ဆင် နေတယ်။ အဲ့ဒီမှာ ဟိုတုန်းက ငွေတာရီ မဂ္ဂဇင်းမှာစာတမ်းတွေ ဘာတွေရေးတဲ့ သူပါမယ်။ နောက် ဦးမောင်ဟန်စိုး ကြို့ပင်ကောက်ဆိုတာပါမယ်။ မြန်မာ ကဗျာကို စဉ်ဆက်မပြတ်ရှင်သန်ဖို့အပတ် စဉ်အပတ်စဉ် ကိုယ်တို့ကြိုးစားအားထုတ် နေတာပဲ။ ဘာကြောင့်လဲဆိုတော့ မြန်မာ ကဗျာ ပျောက်ကွယ်မှာစိုးလို့။
မေး။ စိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲက ပထမဆုံးလုပ်တဲ့ ပြိုင်ပွဲကြီးဖြစ်ပါ တယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပပေး ဖို့အတွက်ရော ဆရာ့အနေနဲ့ ဘာ ပြောချင်ပါသလဲ။
ဖြေ။ စဉ်ဆက်မပြတ်ချီးမြှင့်မယ့် လူငယ် တွေပြိုင်ပွဲကိုပိုပြီး စိတ်ဝင်စားလိမ့်
မယ်ထင်တယ်။ဘာလို့လဲဆိုတော့ မြန်မာ ကဗျာကိုအားပေးမှုနည်းလာတော့ မြန်မာ ကဗျာဆိုတာ ဘာလဲဆိုတာ သူတို့မသိ ဘူး။ ကာရန်မပါလို့ရှိရင်နိုင်ငံခြားဘာသာ ပြန်ပုံစံနဲ့ရေးတာကို သူတို့က ကဗျာလို့ မှတ်နေတာ။ မြန်မာကဗျာရဲ့ အရသာကို သူတို့မသိတဲ့အခါကျတော့ သူတို့မှာ ထင်ယောင်ထင်မှားတွေ ဖြစ်လာတယ်။ နတ်ရှင်နောင်ရဲ့ကဗျာတွေကြည့်ပါလား။ စကားလုံးလှလှလေးတွေနဲ့။ ဒီနေ့ခေတ် ကျတော့ခင်ဗျားတို့လည်း သိတဲ့အတိုင်းပဲ တောင်ပံပါရင် မင်းဆီကို ဒီကနေဆင်း သက်လာတာ။