images
UN
UN
စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲတွင် ဆုရရှိသူများ၏ရင်တွင်းစကားသံများ (အပိုင်း ၃ )
Monday, 09 April 2018
မောင်မောင်မိုးအောင်
တတိယဆု
မေး။ ဆရာ့အနေနဲ့ စာပေလောကထဲ ဝင်ရောက်လာပုံလေး အကျဉ်းချုပ် ပြောပြပေးပါ။
ဖြေ။ ၁၉၆၄ ခုနှစ် မက်ထရစ်တန်
ကျောင်းသားဘဝကတည်းက ကဗျာတွေရေးခဲ့ပါတယ်။ ကဗျာတွေ ရေးခဲ့ပြီးတော့ ၁၉၈၈ ခုနှစ်ပေါ့။ ကာ ကွယ်ရေးဝန်ကြီးဌာနကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်တော့ ရန်ကုန်မြို့က ထုတ်တဲ့မြဝတီ၊ ငွေတာရီကစပြီး ကဗျာ တွေရေးခဲ့ပါတယ်။ ဒီနေ့အထိ ကဗျာ အပုဒ်ပေါင်း သုံးရာကျော်ရေးခဲ့ပြီးပါပြီ။ နောက် ဝတ္ထု၊ ဆောင်းပါးတွေလည်း အများကြီးရေးခဲ့ပါတယ်။
မေး။ ဒီမြန်မာ့စာပေနဲ့ ရိုးရာကဗျာကဏ္ဍ အတွက် ရှင်သန်မှုကို ရှေးရှုပြီး စီစဉ်ခဲ့တဲ့ စိမ်းလန်းရွှေပြည်စာပေ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ တဲ့အကြောင်းလေးပြောပြပေးပါဦး။
ဖြေ။ ဒီစိမ်းလန်းရွှေပြည် စကြော်ငြာ ကတည်းက မြန်မာ့ရိုးရာဂန္ထဝင်
များ၊ စာပေများ မပျောက်ပျက် မတိမ်
ကောအောင်ထိန်းသိမ်းစောင့်ရှောက်ရေး မူဝါဒလေးတွေ့လို့ ကျွန်တော် ကြိုက်လို့ ဝင်ပြိုင်တာ။ ကျွန်တော်က နဂိုကတည်း က ဂန္ထဝင်ကဗျာရေးခဲ့တာကိုး။ အဲဒီ ကြော်ငြာလေးတွေ့လို့ စိတ်ဝင်စားလို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။
မေး။ ဒီပြိုင်ပွဲဝင်ဖို့အတွက် ပြင်ဆင်ခဲ့ပုံ လေးကိုလည်း ပြောပြပေးပါ။
ဖြေ။ ဒီပြိုင်ပွဲဝင်ဖို့သူက ကဗျာအပုဒ် အနည်းဆုံးအပုဒ် ၆ဝ ကျော်ပါရ မယ်ဆိုတော့ ကျွန်တော်တစ်လနီးပါး လောက် ရေးရပါတယ်။ ရေးတော့ ကျွန် တော်ကဗျာအပုဒ်ပေါင်းများစွာ ရေးခဲ့ပေ မယ့် ဒီပြိုင်ပွဲကျတော့ တော်တော်ခက်ခဲ တယ်ဗျာ။ ဘာလို့လဲဆိုတော့ သူက ကဗျာအသစ်တွေဖြစ်ရမယ်ဆိုတာကိုး။ အဲဒီတော့ ရေးရင်းနဲ့ ကျွန်တော်တင်တာ အားလုံးပေါင်း ၈၁ ပုဒ်ပါ။ သတ်မှတ် ထားတာ ၆ဝ ကျော်ပါ။ အဲဒီတော့ ပြန် ရေးရတာပေါ့ဗျာ။ တော်တော်ပင်ပန်းပါ တယ်။ တစ်လကျော်လောက် ကြိုးစား အားထုတ်လိုက်ရတယ်။
မေး။ ဆရာဆုရခဲ့တဲ့ ကဗျာအမျိုးအစား အကြောင်းလေးတွေနည်းနည်း လောက်ပြောပြပေးပါ။
ဖြေ။ ကျွန်တော်ရေးခဲ့တဲ့ ကဗျာကတော့ စပ်ထုံး၊ စပ်နည်း ငါးမျိုးလောက် ပါပါတယ်။ လေးလုံးစပ်၊ တြိချိုး၊ ဒွေးချိုး၊ တျာချင်း အဲဒါတွေ ရေးခဲ့ပါ တယ်။ ဒီအေးရိပ်ဝတီသစ်တစ်ပင်ဆိုတဲ့ အဓိပ္ပာယ်လေးကို နည်းနည်းရှင်းပြချင် ပါတယ်။ ဒီသစ်ပင်ကြီးက မြန်မာပြည် ကိုတင်စားထားတာပါ။ ဒီအရွက်အခက် ကိုင်းတွေက တိုင်းရင်းသားတွေပေါ့နော်။ ရေသောက်မြစ်က မျိုးချစ်စိတ်ဓာတ်ပါ။ ရေသောက် မြစ်ကောင်းမှ မျိုးချစ်စိတ်ရှိမှ သစ်ပင်ကြီးခိုင်မြဲသလို အရွက်၊ အခက် တွေဖြစ်တဲ့ တိုင်းရင်းသားတွေသည် စည်းလုံးညီညွတ်မှ ကျွန်တော်တို့ တိုင်းပြည် ထာဝရတည်မြဲမယ်။ အဲဒီ သဘောနဲ့ အေးရိပ်ဝတီသစ်တစ်ပင် ခေါင်းစဉ်ပေးရခြင်းဖြစ်ပါတယ်။

မေး။ ဒီပြိုင်ပွဲကျင်းပတဲ့အပေါ် ဆရာ့ရဲ့ အမြင်ဘယ်လိုများ သုံးသပ်ပါ သလဲ။
ဖြေ။ ဒီနေ့လူတွေက စာဖတ်အားတော် တော်ကျသွားပြီ။ အထူးသဖြင့် ကျွန်တော်တို့ ဂန္ထဝင်ကဗျာတွေ တော် တော်လေးသုံးတဲ့မဂ္ဂဇင်း တော်တော်နည်း သွားပြီ။ ကျွန်တော်တို့က ဂန္ထဝင်ကဗျာ ရေးတဲ့သူဆိုတော့ ဒီလိုပြိုင်ပွဲလုပ်ပေး တာ အားရဝမ်းသာဖြစ်တာပေါ့။ဘာလို့ လဲဆိုတော့ ဒီကဗျာတွေ မတိမ်ကော မပျောက်ပျက်အောင်လုပ်ပေးတဲ့သဘော လို့ ယူဆပါတယ်။ ဒါကြောင့် ကျွန်တော် ဝင်ပြိုင်ဖြစ်တာပါ။
မေး။ ဒီလိုပြိုင်ပွဲမျိုးတွေ ရှေ့ဆက် ဘယ် လိုများဆောင်ရွက်သင့်ပါသလဲ။
ဖြေ။ မြန်မာကဗျာဆိုတာ နှစ်ပေါင်း ထောင်ကျော်တည်လာပါပြီ။ ခုပြိုင် ပွဲတွေက တော်တော်နည်းသွားပါပြီ။ တပ်မတော်နေ့ပြိုင်ပွဲရှိတယ်။ စိမ်းလန်း ရွှေပြည်ပြိုင်ပွဲ။ နောက်မူးယစ်ဆေးဝါး ပြိုင်ပွဲ ဒါတွေပဲရှိတယ်။ ပြိုင်ပွဲတွေ တော်တော်နည်းသွားတယ်။ ဒီပြိုင်ပွဲတွေ ကို မကြာခဏနှစ်စဉ်နှစ်တိုင်းလုပ်ပေး စေချင်တယ်။ မြန်မာကဗျာတွေ မတိမ် ကော မပျောက်ပျက်အောင် နှစ်တိုင်း ပြိုင်ပွဲတွေလုပ်မှ ရေးကြမယ်၊ ဆိုကြ မယ်၊ ရေးသားကြမယ်ဆိုတော့ ကဗျာ တွေ တည်မြဲနေမှာပါ။
မေး။ လက်ရှိမြန်မာ့စာပေနဲ့ ရှေးဟောင်း ကဗျာတွေ ဘယ်လိုပုံစံမျိုးဖြစ်နေ လဲ။ တချို့ဆိုရင် ဆရာပြောသလို စာမဖတ်ကြဘူး။ ဒါတွေနဲ့ပတ် သက်ပြီး မတိမ်ကော မပပျောက် အောင် ဘယ်လိုဆောင်ရွက်သင့် တယ်ဆိုတဲ့ ဆရာ့ရင်တွင်းခံစားချက် လေး ပြောပြပေးပါ။
ဖြေ။ မြန်မာကဗျာ စစ်စစ်ပဲရေးခဲ့တာ ဆိုတော့ လူတွေက စာမဖတ်ကြ တော့ဘူး။ အထူးသဖြင့် နှစ်ပေါင်းထောင် ကျော်တည်လာတဲ့ မြန်မာကဗျာတွေဟာ အခုအစောပိုင်းက သတင်းကြားပါတယ်။ မော်ဒန်ကဗျာတွေတောင် အမျိုးသား စာပေဆုပေးမယ် သတင်းကြားတယ်။ တချို့စိစစ်ရေးအဖွဲ့တွေ နုတ်ထွက်တာ လည်း သတင်းကြားပါတယ်။ ဘာမူနဲ့ ပေးမယ်ဆိုတာတော့ ကျွန်တော်မသိဘူး ပေါ့။ မြန်မာကဗျာတွေက နှစ်ပေါင်း ထောင်ကျော်တည်လာပြီ။ ဒီကဗျာတွေ ဆက်လက်ရှင်သန်တည်တံ့နေဖို့ ကဗျာ ဆရာတွေမှာ တာဝန်ရှိသလို မြန်မာနိုင်ငံ သားတိုင်းမှာလည်း တာဝန်ရှိတယ်လို့ ထင်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုပါပဲ ဒီကဗျာကတော့။
မေး။ စာပေယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး
လက်ရှိ ထိန်းသိမ်းဆောင်ရွက်နေတဲ့ တာဝန်ရှိသူများ၊ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ဘာများအကြံပြု ပြောကြားချင်ပါသလဲ။
ဖြေ။ လူတွေကစာဖတ်နည်းတော့ စာအုပ် စာပေတွေလည်း ကျဆင်းသွားပြီ။ အရောင်းဈေးကွက်လည်းမရှိတော့ဘူး။ အထူးသဖြင့် ကဗျာပေါ့။ မဖတ်ကြ တော့ဘူး။ မြန်မာကဗျာစစ်စစ်သုံးတဲ့ မဂ္ဂဇင်းတော်တော်ရှားသွားပြီ။ လက်ချိုး ရေလို့ရတဲ့အဆင့်ကို ရောက်သွားပါပြီ။အဲဒီတော့ ဒီကဗျာတွေ မပျောက်ပျက်၊ မပျက်စီးအောင် ကဗျာရေးတဲ့သူတွေရော၊ ပြည်သူလူထုရော စာဖတ်ကြဖို့တိုက်တွန်း ချင်ပါတယ်။
မေး။ အခုဒီစိမ်းလန်းရွှေပြည်ကနေ ဆုရ တဲ့အပေါ် ဆရာ့သဘောထားအမြင် လေးပြောပြပေးပါ။
ဖြေ။စကြော်ငြာကတည်းကမြန်မာဂန္ထဝင် ကဗျာမပျောက်ပျက်အောင် ထိန်း သိမ်းစောင့်ရှောက်တဲ့အနေနဲ့ဝင်ပြိုင် လိုက်တာပါ။ ဆုရဖို့မရည်ရွယ်ပါဘူး။ အတတ်နိုင်ဆုံး ကြိုးစားအားထုတ်လိုက် တာပေါ့။ ဒါပေမဲ့ ထွက်လာတော့ သူ ငယ်ချင်းက ဖုန်းဆက်တယ်။ ပြည် ထောင်စုသတင်းစာဖတ်ကြည့်။ မင်း တတိယဆုရတယ်။ ကျွန်တော်ဝမ်းသာ သွားတယ်။ ဒီလိုပြိုင်ပွဲကြီးမှာ တတိယ ဆုရတယ်ဆိုတော့ ကျေနပ်ပါတယ်။ ဒီ လိုပြိုင်ပွဲတွေ ဆက်လက်လုပ်ပေးဖို့ လည်း စိမ်းလန်းရွှေပြည်အဖွဲ့ကြီးကို တောင်းဆိုပါတယ်။
မေး။ ဆရာ့ကဗျာတွေနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာရှိရင် ပြောပြ ပေးပါ။ အခုဆုရတဲ့ကဗျာတွေထဲ မှာ ဆရာ့အကြိုက်ဆုံးကဗျာရှိရင် လည်း ပြောပြပေးပါ။
ဖြေ။ ကျွန်တော့်ကဗျာတွေထဲမှာ ခုနပြော သလို စံချိန်ငါးမျိုးလောက်ပါ တယ်။ နောက်ပြီးတော့ အကျိုးပြု ပေါ့နော်။ အကျိုးပြုတစ်ခုခုပါတယ်။ ဒီ ကဗျာတွေထဲမှာ အရင်ကလည်း ကျွန် တော် ကဗျာတွေအများကြီးရေးခဲ့ပါ တယ်။ တစ်ခုတစ်ခုမှာ နိမိတ်ပုံလေးနဲ့ အကျိုးပြုတစ်ခုခုပါအောင်ရေးပါတယ်။ ဒီထဲမှာခေါင်းစဉ်ပေးထားတဲ့ ''အေးရိပ် ဝတီသစ်တစ်ပင်''ပေါ့။ အမိပြည်ကြီး နဲ့နှိုင်းထားတာပါ။ ဒီကဗျာကိုအကြိုက် ဆုံးပါပဲ။ ကျွန်တော်ရေးခဲ့တဲ့ ကဗျာထဲ က အကြိုက်ဆုံးဆိုရင် 'ဘဝလှေကား' ဆိုတဲ့ခေါင်းစဉ်ပေါ့။ ဒီပြိုင်ပွဲမှာ ပါပါ တယ်။ 'ဘဝလှေကား'ဆိုတာ ကိုယ့်လို ဖိနှိပ်တဲ့သူ။ ချိုးဖဲ့တဲ့သူပေါ့။ ဒီလူတွေ ဟာ ကိုယ့်လမ်းကြောင်းမှာ ဝမ်းနည်း စရာ မဟုတ်ဘူး။ ကိုယ့်အောင်မြင်ရေး အတွက် လှေကားထစ်တွေပဲ။ သူတို့ ဖိနှိပ်လေ ကိုယ်ကရုန်းကန်လေပဲ။ ချိုးဖဲ့ လေ့ ကိုယ်ကကြိုးစားလေပဲ။ ဒီတော့ ဖိနှိပ်တဲ့သူ၊ ချိုးဖဲ့တဲ့သူကို ကိုယ်က အပြစ်မမြင်ဘဲနဲ့ ကိုယ့်ဘဝရဲ့ခွန်အားတွေ အဖြစ် သတ်မှတ်ပြီးတော့ တက်နင်းပြီး ကျော်လွှားသွားရင် အောင်မြင်မှုရမယ်လို့ ကျွန်တော်ထင်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်။)