images
UN
UN
ဗီလိန်ကာရိုက်တာနှင့် ပရိသတ်လက်ခံခဲ့သူ မြတ်သူသူဇင်(ဝိညာဉ်ရှိုက်သံ)
ဒဂုံဝေလင်း Tuesday, 10 April 2018
ဝင်္ကဘာစံအိမ်၊ ဝိညာဉ်ရှိုက်သံ၊ ရတနာထဲကရတနာ စသည့် ရုပ်သံဇာတ်လမ်းတွဲများနှင့်MRTV-4ကြည့်ရှုသူ ပရိသတ်များကို ဗီလိန်ကာရိုက်တာနှင့် စွဲဆောင်နိုင်ခဲ့သူ သရုပ်ဆောင်မြတ်သူသူဇင် အနေ ဖြင့် ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်သည့် ''ယတြာ''ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဗီလိန်ဇာတ်ရုပ်တွေထက် ကာရိုက်တာချိန်း သရုပ်ဆောင်မှုအပေါ် သူမ၏သဘောထားများနှင့် အနုပညာခံစားမှု အကြောင်းလေးတွေကို ဧပြီ ၈ ရက် နံနက် ၁ဝ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုမင်္ဂလာလမ်းနှင့် ရတနာလမ်းထောင့်ရှိ ရတနာ ပုံရိပ်ငြိမ် မိဘမဲ့ပရဟိတကျောင်းတွင် မွေးနေ့အလှူပြုလုပ်ခဲ့ပြီး ယင်းပွဲ တွင်ပြောကြားခဲ့သည်။

မေး။ မြတ်သူရဲ့ ပထမဆုံး အနုပညာခြေလှမ်းအစ
ဖြေ။ ညီမ ပထမဆုံးကတော့ ပန်းနုသွေးတို့၊ ထာဝရမန္တလေးစတဲ့ ဇာတ်လမ်းတွဲတွေမှာတော့ ညီမ ထိုက်သင့်သလောက်ပဲ လုပ်ခွင့်ရခဲ့ ပါတယ်။ ညီမပိုပြီး လုပ်ခွင့်ရခဲ့တဲ့ ဇာတ်လမ်းတွဲလေးကတော့''ဝိညာဉ် ရှိုက်သံ''ပါပဲ။ အဲဒီကားလေးက တော့ ညီမအတွက်အခွင့်အရေးတွေ အများကြီးရရှိခဲ့ပါတယ်။ ရှေ့မှာ ရိုက်ခဲ့တဲ့ ကားတွေကတော့ ညီမ အတွက် အခွင့်ရေးတစ်ခုအဖြစ်ပဲ။ ညီမအတွက်ဝိညာဉ်ရှိုက်သံကားက တော့ ပရိသတ်ပိုသတိထားမိသွား စေတာမို့ အနုပညာခြေလှမ်း အစ ဆိုလည်းမမှားပါဘူး။ ဒီကားလေး ကို ညီမအရမ်းကြိုက်တယ်။ ကိုယ့် အတွက် အမှတ်တရလည်းဖြစ်စေ ပါတယ်။ နောက်ပြီး ဒီဇာတ်လမ်း တွဲလေးက ညီမကိုအားလုံးမုန်းချင် လည်း
မုန်းကြမှာပဲပေါ့နော်။ အဲ့ဒါ အတွက် ပျော်ပါတယ်။ ဘာလို့လဲ ဆို ဒီကားလေးကြောင့် အားလုံးက မှတ်လည်း မှတ်မိသွားကြတယ်။ ဒါကြောင့်မို့ ဒီကားလေးကတော့ ညီမအတွက် အနုပညာခြေလှမ်း အစလို့ ပြောနိုင်ပါတယ်။
မေး။ ဝင်္ကဘာစံအိမ်မှာတော့ ကာရိုက်တာချိန်းသွားတယ်နော်။အဲ့ဒါအတွက် ခံစားမှုလေး
ဖြေ။ အဲဒီဇာတ်လမ်းတွဲထဲမှာ တော့အရမ်းရိုးသားပြီးတစ်ဖက်သတ် ချစ်ရတဲ့ကောင်မလေးတစ်ယောက် ကာရိုက်တာချိန်းသွားတာပေါ့နော်။ ဝိညာဉ်ရှိုက်သံမှာ ညီမက အိဖြူစင် ကို မုန်းပြီးလိုက်ပြီး ပြိုင်ဆိုင်တဲ့သူ ပေါ့နော်။ အဲဒီတော့ဒီဝင်္ကဘာစံအိမ် နဲ့ကွဲသွားတာပါပဲ။နောက်တစ်ကား က ရတနာထဲကရတနာဇာတ်လမ်း တွဲဆိုလဲ ဒီလိုပါပဲ။ ကာရိုက်တာ ချိန်းထားတယ်။ အဲဒီတော့ ညီမ ဇာတ်လမ်းတစ်ခုကို သရုပ်ဆောင် မယ်ဆို ပထမဆုံးအနေနဲ့ ကိုယ် အရင်ဆုံးလုပ်ခဲ့တဲ့ ကာရိုက်တာနဲ့ ကွဲအောင်သေချာလေ့လာဖြစ်တယ်။ ညီမကတော့ ဗီလိန်ကာရိုက်တာ ကိုလုပ်ဖြစ်ခဲ့တာက သူများတွေ မလုပ်ချင်တာ ကိုယ့်ဆီရောက်လာ တာပေါ့။ အဲဒီတော့ သူများတွေက ဒီကာရိုက်တာကို မုန်းမှာကြောက် ကြတယ်။ ညီမကတော့ ကိုယ့် အတွက် အခွင့်အရေးတစ်ခုပဲ ငါရ အောင်ကြိုးစားပြီး လုပ်မယ်ဆိုတဲ့ စိတ်နဲ့ လုပ်ဖြစ်ခဲ့တယ်။ ညီမက တော့ ကိုယ့်ကိုပေးလာတဲ့ ကာရိုက် တာကို အကောင်းဆုံးလုပ်တယ်။ ကိုယ့်တာဝန်ကို ကျေအောင်ကိုလုပ် တတ်တယ်။ နောက်ညီမအနုပညာ စလုပ်တာနဲ့ ဗီလိန်ကာရိုက်တာကို စလုပ်ရတာဆိုတော့ ကိုယ့်အတွက် အရမ်းကို ကြိုးစားခဲ့ရပါတယ်။ ညီမ ပထမဒီဝိညာဉ်ရှိုက်သံဆို ညီမ က ဇာတ်ပို့နေရာကနေပဲ သရုပ် ဆောင်ဖို့ရွေးထားတာပါ။ သူတို့ရဲ့ မူရင်းဇာတ်လမ်းကထိုင်းပါ။ သူတို့ ဘက်မှာကျတော့ ဆင်ဆာအနေနဲ့ ကန့်သတ်ထားတာမျိုးကနည်းတယ်။ ဒီကားထဲမှာ ညီမကိုမရွေးခင် ရှေ့ က တစ်ယောက်ရှိတယ်။ သူက မလုပ်ချင်ဘူး။ ဘာလို့လဲဆို ဇာတ် လမ်းမှာ အဲဒီကာရိုက်တာကအရမ်း ကိုကြမ်းတယ်။ အမှန်က ညီမ အတွက်က ရည်ရွယ်ပြီးဖြစ်လာတဲ့ နေရာမဟုတ်ပါဘူး။ အဲဒီနေရာကို ရွေးထားတဲ့သူကမလုပ်ချင်လို့ ညီမ ကိုအခွင့်အရေးတစ်ခုအဖြစ် ပေး လိုက်တာပါ။ အဲဒီအပေါ်ညီမက လုပ်ခွင့်ရတာ မှန်သမျှ အကောင်း ဆုံးလုပ်ခဲ့တာပါ။
မေး။ ဇာတ်လမ်းတွဲအပြင် ထပ်ပြီး အနုပညာလှုပ်ရှားမှုတွေ ရော ရှိသေးလား။
ဖြေ။ ဟုတ်၊ ရုံကြီးကားအနေနဲ့ တော့ လောလောဆယ်''ယတြာ'' ရုပ်ရှင်ကားကြီးမှာသရုပ်ဆောင်ထား ပါတယ်။ နောက်ထပ်ကိုထွန်းထွန်း နဲ့ ''ကဲမယုံချင်နေ''ဆိုတဲ့ ဇာတ် ကား ရိုက်ထားတယ်။ ဆင်ဆာတွေ ရုံတင်ရက်တွေချိတ်နေတယ်လို့ သိ ရပါတယ်။ ပွင့်ပွင့်လင်းလင်းပြော ရရင်ညီမ အပြင်လောကနဲ့ဆက်စပ် မှုရချင်ပါတယ်။ အချို့ကညီမအနေ နဲ့ ဇာတ်လမ်းတွဲတွေပဲ ရိုက်နေတာ များပြီး အပြင်ထုတ်လုပ်ရေးနဲ့ ရိုက် မရဘူးလို့ထင်နေကြတယ်။ ညီမ ကတော့ အပြင်ဇာတ်ကားတွေ ရိုက်ချင်ပါတယ်။ တစ်ခါတလေ ကိုယ့်ကို ဆက်သွယ်ကြတဲ့အခါ ညီမကမအားတဲ့ရက်နဲ့ သွားတိုက် ဆိုင်နေတာတွေရှိနေပြန်တယ်။ အဲဒီ တော့ ညီမအတွက် ကိုယ်ဖြစ်ချင် တဲ့နေရာလေးတွေ ဆုံးရှုံးရတာမျိုး တော့ ကြုံနေရပါတယ်။