images
UN
UN
လှည့်ကင်းဆောင်ရွက်စဉ် ဆိုင်ကယ်ခိုးသူအားလက်ရဖမ်းမိ
ထိုက်ထိုက်၊တင့်ဆွေ Tuesday, 10 April 2018
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ယခုလ ၈ ရက်ညက နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဝေလွင်ကို ခေါင်းဆောင်သောအဖွဲ့၊ တပ်ကြပ်အောင် မျိုးထွန်း၊ ဒုတပ်ကြပ်လှိုင်ဇင်ထက်၊ ဒုတပ် ကြပ်ကိုဝင်း၊ တပ်သား သန့်ဇင်ထွန်း၊ ဇော်မြင့်စိုး သက်သေဦးထွန်းထွန်း၊ ရာအိမ် မှူး အောင်ဇော်မိုးတို့နှင့်အတူ ဇီးကုန်း မြို့နယ် လယ်မကျေးရွာအုပ်စု ကျေးရွာ များအတွင်း ရွာစဉ်ကျယ်လှည့်ကင်းဆောင် ရွက်နေစဉ် ဘန့်ဘွေးကုန်းကျေးရွာထိပ် လမ်းမပေါ်တွင် ဆိုင်ကယ်တစ်စီးကို တွန်း လာနေသူတစ်ဦးအား မသင်္ကာသဖြင့်စစ် ဆေးရာ ချစ်ဦး (၂၈နှစ်) ကျပန်းခုံကြီး အုပ်စု ခုံကြီးရွာ ကြံခင်းမြို့နယ် ဧရာဝတီ တိုင်းဒေသကြီးနေသူဖြစ်ကြောင်း သိရှိရပြီး တွန်းလာသော ၄၈ယ/----နံပါတ်ပါHONDAWAUE 110 မီးခိုး/ အနက် ရောင်ဆိုင်ကယ်နှင့်ပတ်သက်ပြီး မေးမြန်း ရာအကြောင်း တစ်စုံတစ်ရာပြသပြောဆို နိုင်ခြင်းမရှိ၍ ၄င်းလွယ်ထားသော အိတ် အား ဆက်လက်ရှာဖွေရာ အိတ်အတွင်းမှ အရှည် ခုနစ်လက်မခန့်ရှိ အဝါရောင် ဝက် အူလည့်တစ်ချောင်း၊ အရှည် ၁ဝလက်မခန့် ရှိ အနီရောင်ဝက်အူလည့်တစ်ချောင်း၊ အရှည် ၁ဝ ပေခန့်ရှိ နှစ်ပင်လိမ်ကြိုးတစ် ချောင်းတို့ကို ရှာဖွေတွေ့ရှိခြင်းတို့ကြောင့် ဆိုင်ကယ်အား နေအိမ် သို့မဟုတ် အဆောက်အအုံအတွင်းမှ ခိုးယူလာနိုင် ကြောင်း မသင်္ကာသဖြင့် ချစ်ဦးအား ဇီးကုန်း မြို့မရဲစခန်းမှ(ပ)၃၃၃/၁၈ ရာဇ သတ်ကြီးဥပဒေပုဒ်မ ၃၈ဝ/၅၄ဖြင့် အရေး ယူဆောင်ရွက်ထားပြီး ထပ်မံဖော်ထုတ်စစ် ဆေးရာ ဆိုင်ကယ်သုံးစီးအား ခိုးယူထားရှိ ကြောင်း ထပ်မံဝန်ခံသဖြင့် ဇီးကုန်း(မြို့မ) ရဲစခန်းမှ စုစုပေါင်းခိုးရာပါ ဆိုင်ကယ် လေးစီးအား သိမ်းဆည်းရမိကြောင်း သိရ သည်။