images
UN
UN
ကားတင်သွင်းမှုနှင့်ဆိုင်သည့်အဟန့်အတားများကို လျှော့ချမည် တရုတ်အစိုးရစီစဉ်
Tuesday, 10 April 2018
တရုတ်အစိုးရသည် နိုင်ငံအတွင်းသို့ ကားတင်သွင်းမှုနှင့်ဆိုင်သော အဟန့်အတားများကိုလျှော့ချရန် စီစဉ်လျက်ရှိကြောင်း ဆင်ဟွာသတင်း ဌာနကဖော်ပြသည်။
တရုတ်သမ္မတရှီကျင့်ဖျင်က ကုန်သွယ်မှုကဏ္ဍနှင့်ဆိုင်သောအကြောင်း အရာများကို ပြောကြားခဲ့ရာတွင် နိုင်ငံအတွင်းသို့ ကားတင်သွင်းမှုပြုလုပ် ရာတွင် ချမှတ်ထားသော မူဝါဒပိုင်းများကို အပြောင်းအလဲပြုလုပ်သွား မည်ဖြစ်ကာ အဟန့်အတားအသွင်ဖြစ်နေသော အချက်များအား ဖြေလျှော့ ခြင်းနှင့် ပယ်ဖျက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။ ရှီကျင့်ဖျင်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းကြောင့် အမေ ရိကန်နှင့် တရုတ်နိုင်ငံကြားတွင် ကုန်သွယ်မှုကဏ္ဍနှင့်ပတ်သက်သော တင်းမာမှုအချို့ပေါ်ထွက်နေခြင်းများ လျော့ကျသွားနိုင်ကြောင်း ခန့်မှန်း မှုများ ပေါ်ထွက်လာခဲ့သည်။ တရုတ်အစိုးရသည် အမေရိကန်နိုင်ငံမှ တင်သွင်းသောကုန်စည် ရာဂဏန်းခန့်ကို အခွန်တိုးမြှင့်ကောက်ခံခြင်းများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ရာတွင် ကားတင်သွင်းမှုများကိုလည်း အခွန်တိုးမြှင့် ကောက်ခံရန် စီစဉ်ထားသည်။ သို့သော် ရှီကျင့်ဖျင်၏ပြောကြားမှုကြောင့် တရုတ်အစိုးရအနေဖြင့် ကုန်သွယ်မှုကဏ္ဍနှင့်ဆိုင်သောမူဝါဒများအား အပြောင်းအလဲများ ပြန်လည်ပြုလုပ်ရန်ပြင်ဆင်ခြင်းဖြစ်ဖွယ်ရှိနေသည်။
NG(Ref;Xinhua))