images
UN
UN
လူသားများသည် လွန်ခဲ့သည့်နှစ် ၈၈ဝဝဝ ခန့်ကတည်းက ရှင်သန်နေထိုင်ဟု ထပ်မံတွေ့ရှိ
Tuesday, 10 April 2018
ဆော်ဒီနိုင်ငံတွင်တွေ့ရှိခဲ့သည့် လူသားအရိုးအပိုင်းအစတစ်ခုကြောင့် လူသားသမိုင်းနှင့်ဆိုင်သည့်ယူဆချက်များအား အပြောင်းအလဲပြုလုပ် ရဖွယ်ရှိကြောင်း ဒေးလီးမေးလ်သတင်းဌာနကဖော်ပြသည်။
ဆော်ဒီနိုင်ငံအတွင်းရှိ နီဖတ်ဒ်သဲကန္တာရအတွင်းရှိ ရေကန်ဟောင်း တစ်ခုအနီးတွင် တူးဖောက်လေ့လာမှုများ ပြုလုပ်ခဲ့ရာတွင် သုံးလက်မ ခန့်ရှိသောအရိုးအပိုင်းအစတစ်ခုအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။ နည်းပညာ အသုံးပြုကာ လေ့လာမှုများပြုလုပ်ခဲ့ရာတွင် အဆိုပါအရိုးအပိုင်းအစ သည် လူသားတစ်ဦး၏လက်ခလယ်အရိုးဖြစ်ကြောင်းတွေ့ရှိခဲ့ကာ သက် တမ်းမှာ နှစ် ၈၈ဝဝဝ ရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။ လူသားသမိုင်း နှင့်ဆိုင်သော ယခင်ကအတည်ပြုချက်များထက် နှစ် ၂ဝဝဝဝ ခန့်ပိုစော နေသောအရိုးဖြစ်သောကြောင့် ယနေ့ခေတ်လူသားများရှင်သန်နေထိုင်ခဲ့ သည့်မှတ်တမ်းကို အပြောင်းအလဲပြုလုပ်ရဖွယ်ရှိနေခြင်းဖြစ်သည်။ ထို့ အပြင် ယခင်က ယူဆထားခဲ့သော လူသားများသည် အာဖရိကတိုက်တွင် ဦးစွာ ပေါက်ဖွားရှင်သန်ခဲ့ပြီးနောက် အခြားတိုက်ကြီးများသို့ ပြောင်းရွှေ့ အခြေချနေထိုင်ခဲ့ခြင်းဖြစ်ကာ အာရှတိုက်သို့ နောက်ဆုံးမှရောက်ရှိလာ ခြင်းဖြစ်သည်ဆိုသောအချက်ကိုလည်း ပြင်ဆင်ရမည်ဖြစ်သည်။
NG(Ref;Daily Mail)