images
UN
UN
စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲတွင် ဆုရရှိသူများ၏ရင်တွင်းစကားသံများ
သတင်းအဖွဲ့ Tuesday, 10 April 2018
စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ၈ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်(ရန်ကုန်)တွင်ကျင်းပခဲ့ပြီး အဆိုပါပြိုင်ပွဲတွင် ကဗျာပေါင်းချုပ်စာမူဆုကို အထူးဆုများဖြင့် ဆုရရှိခဲ့သူများ၏ မြန်မာစာပေ၊ ကဗျာများနှင့်ပတ်သက်၍ ရင်တွင်းစကားများကို ဖော်ပြပေးလိုက်ပါသည်။

ချစ်စုအောင် အထူးဆု(၁)
မေး။ စိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲဝင် ပြိုင်ဖြစ်ခဲ့ပုံလေး ပြောပြပေးပါ။
ဖြေ။ ဒီစိမ်းလန်းရွှေပြည်စာပေ ပြိုင်ပွဲက နေပြီးတော့ ပြိုင်ပွဲခေါ်တဲ့အချိန်မှာ
ပေါ့နော် ကျွန်တော်က ပုံမှန်ကဗျာရေး နေတဲ့သူဆိုတော့ စာပေဗိမာန်စာပေဆု လည်းဝင်ပြိုင်တာပဲ။ ဒီကခေါ်တယ်ဆိုတဲ့ အခါကျ ကျွန်တော်ဝမ်းသာအားရနဲ့ ပြိုင် ဖြစ်ခဲ့ပါတယ်။ ဘာလို့ဆိုတော့ မြန်မာ့ ရိုးရာ ကဗျာဆိုတော့ဘယ်တော့မှ ပျောက် ဆုံးမှာမဟုတ်ဘူး။ ဒါပေမဲ့ နောက်တန်း ရောက်ပြီး မှေးမှိန်စပြုလာတဲ့အချိန်မှာ ကျွန်တော်တို့က အဲဒါကို ဝိုင်းဝန်းကာ ကွယ်ဖို့ ကြိုးစားနေတဲ့အချိန် အဲဒီတော့ ဒါကို ကျွန်တော်တို့ဝင်ပြိုင်ရမယ်။ မြန်မာ့ ရိုးရာကဗျာကို ပြန်လည်ဖော်ထုတ်ရမယ် ဆိုတဲ့ အသိနဲ့ဝင်ပြိုင်ခဲ့တာပါ။
မေး။ အခုလို ဒီပြိုင်ပွဲမှာဆုရတဲ့ အပေါ် ဆရာ့ရဲ့ခံစားချက်လေး ပြီးတော့ ဆရာပြိုင်ဖြစ်ခဲ့တဲ့ကဗျာအကြောင်း လေး တွေကိုလည်း အကျဉ်းချုပ် ပြောပြပေးပါဦး။
ဖြေ။ ကဗျာတွေကတော့ ကျွန်တော် လူ ငယ်တွေအပေါ်မှာ စေတနာထား
ပြီးတော့ လမ်းမှန်ကိုရောက်အောင်၊ လမ်း မှားကိုရှောင်နိုင်အောင်၊ စေတနာ၊ မေတ္တာ တွေနဲ့ လောကကို အကျိုးပြုနိုင်အောင် အဲဒီအကြောင်းအရာတွေကိုပဲ အခြေခံပြီး တော့ ရေးပါတယ်။ ဆုရတဲ့အပေါ်ခံစား ချက်ကတော့ကျွန်တော် ဒီထက် ပိုပြီးလုပ် ရဦးမယ်လို့ကျွန်တော်အသိရသွားတယ်။
မေး။ မြန်မာ့စာပေနဲ့ မြန်မာကဗျာကို ရှင် သန်ထမြောက်အောင်ဦးတည်ဆောင် ရွက်တဲ့ ဒီပွဲအပေါ်ဆရာ့အမြင် လေးအကြံပြုပြောကြား ချက်လေး ပေါ့။
ဖြေ။ ကျွန်တော် ဒီလိုမျိုး စာပေဆုရွေး ချယ်ပြီးချီးမြှောက်တဲ့အပေါ် ကျွန် တော်ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ တောင့်တတုန်းအခါပေါ်ထွက်လာသတ္တဝါ ဓလေ့စိတ်ချမ်းမြေ့ ဆိုသလိုပဲ။ ကျွန်တော် တို့ရိုးရာကဗျာကို မြေတောင် မြှောက်ပေး တဲ့ အဖွဲ့အစည်းတွေအားလုံး။ ဥပမာ-မြဝတီစာပေတိုက်၊ နိုင်ငံ့ဂုဏ်ရည် စာပေ တိုက်လိုစသဖြင့်ပေါ့ အဲဒီလိုရိုးရာ ကဗျာ ကိုဖော်ထုတ်ပေးတဲ့ အဖွဲ့အစည်းတွေ၊ စာပေတိုက်တွေ၊ မဂ္ဂဇင်းတွေ၊ စာစောင် တွေ အားလုံးအပေါ်မှာ ဝမ်းမြောက် ဝမ်း သာနဲ့ ဂုဏ်ပြုပြောကြားလိုပါတယ်။
မေး။ လူငယ်တွေ မြန်မာကဗျာအပေါ် စိတ်ဝင်စားမှု အားနည်းလာတဲ့ အပေါ် ဆရာအနေနဲ့ ဘယ်လိုမြင် ပါသလဲ။
ဖြေ။ လူငယ်တွေကတော့ မြန်မာကဗျာ ဖြစ်ဖြစ်၊ မော်ဒန်ဖြစ်ဖြစ် သာမာန်
အားဖြင့်တော့ စိတ်ဝင်စားမှု နည်းတာ ပေါ့။သာမန်ပါပဲ။ သူတို့ ဝတ္ထု၊ ရုပ်ရှင်တို့၊ ပြဇာတ်တို့ ဒီလိုမျိုးစိတ်ဝင်စားသလောက် တောင် စိတ်မဝင်စားဘူး။ ဒါပေမဲ့ အခု
လူမှုမီဒီယာFacebook ပေါ်လာတဲ့ နောက်ပိုင်းမှာတော့ လူငယ်တွေ တော် တော်များများက မြန်မာကဗျာကို စိတ်ဝင် စားလာတယ်။ ကျွန်တော် ကိုယ်တိုင် လည်း အဲဒီလူမှုမီဒီယာအပေါ်မှာ လူငယ် တွေကို သင်ပေးတယ်။ ပြင်ပေးတယ်။ အဲဒီလိုအဓိကထားလုပ်ပါတယ်။
မေး။ ဆရာ့အနေနဲ့ ဖြည့်စွက်ပြောပေး ပါဦး။
ဖြေ၊ ဒီပွဲကြီးကတော့ မြန်မာကဗျာဆို တာပုဂံခေတ်ကတည်းကဒီနေ့အထိ
ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသယ် လာကြတယ်။ ဒီမြန်မာကဗျာဟာ အမျိုး ဘာသာ၊ သာသနာရှိနေသ၍ပျောက်ကွယ် လို့မရဘူး။ သဘောအားဖြင့် ပြောရရင် ဘုရားထီးတင်ပွဲမှာ၊ အလှူပွဲမှာ၊ သာ သနာ ဘာသာပွဲတွေမှာ တေးထပ်တို့ ရတုတို့ စသဖြင့် ဒီကဗျာတွေဟာ မဆို လို့ မရဘူး။ မပါလို့မရဘူး။ နောက် ဇာတ်သဘင်လောကမှာလည်း ငိုချင်း၊ ခွန်းထောက်စသဖြင့် ဆိုကြပြုကြမယ်ဆို ရိုးရာကဗျာဖွဲ့နည်းနဲ့ရေးမှ ဆိုလို့ပြုလို့ ရတယ်။ အဲဒါကြောင့် ဒီကဗျာဟာ ဘယ် တော့မှ မပျောက်ကွယ်ဘူး။ သို့သော် ကျွန်တော်တို့မျှော်မှန်းတာက ပိုမိုကျယ် ပြန့်ပြီးတော့ မြန်မာလူမျိုးတွေရဲ့ ရင်ဘတ် ထဲမှာ ပိုမိုစည်ပင်ဖွံ့ဖြိုးလာ စေချင်တဲ့ဆန္ဒ ကအဓိကပဲ။ ကျွန်တော်တို့မြန်မာ လူမျိုး က ကဗျာတွေနဲ့တကယ်တမ်း ကြီးပြင်း လာတာ။ ပြောရရင် ရေခဲရေရောင်းတဲ့ သူတောင် ''အပြန်တစ်ရာ ကောင်းတဲ့ သံပရာပေါင်း''လို့အော်ရောင်းတော့ ပို စိတ်ဝင်စားကြတယ်။''မီးရထားနဲ့ ခရီး သွား ကြတဲ့ပြည်သူများ''ဆိုတော့ လူက ပိုစိတ်ဝင်စားတာပေါ့။ ဒါကဗျာရဲ့ တန်ဖိုး ရှိရှိဆွဲဆောင်နိုင်မှု၊ စည်းကမ်းထိန်းသိမ်း ရေးဆိုရင်လည်း လမ်းဘေးမှာတွေ့ဖူးကြ မှာပါ။''ဘာကြောင့်ရပ်ရပ် လမ်းဘေးချ ရပ်''စသဖြင့် နောက်တစ်ခါလူမှုဆောင် ပုဒ်တွေမှာလည်းဒီကဗျာကမပါလို့မရ ပါဘူးဗျာ။
မင်းသွေးနွယ်(ဇီးကုန်း)

အထူးဆု(၂)
မေး။ အခုလိုပြိုင်ပွဲဝင်ပြိုင်ဖြစ်ခဲ့ပုံလေး အရင်ဆုံးပြောပြပါဦး။
ဖြေ။ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး ရယ်၊ မြန်မာ့ရိုးရာ ဂန္ထဝင်ကဗျာ
တွေ ဖွံ့ဖြိုးတိုးတက်အောင်ပေါ့နော်။ ပြန် လည်မြှင့်တင်တဲ့အနေနဲ့ ဒီပွဲဖိတ်ခေါ်တာ ကိုနဂိုကလည်းဂန္တဝင်သမားအနေနဲ့ပါဝင် ယှဉ်ပြိုင်တဲ့အနေနဲ့ ဒီပွဲကိုပြိုင်ဖြစ်တာပါ။
မေး။ ဆုရခဲ့တဲ့အပေါ်ဘယ်လို ခံစားရ ပါသလဲ။
ဖြေ။ အဓိက ကတော့ကိုယ်ကဗျာ၏
ချစ်တဲ့စိတ်နဲ့ဂန္တဝင်ချစ်တဲ့ စိတ်နဲ့ ပဲ ဒီဂန္ထဝင် ကဗျာတွေထွန်းကားရေးကို ရှေးရှုပြီးတော့ကိုယ့်ရဲ့ကြိုးစားအားထုတ်မှု နဲ့ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပါတယ်။
မေး။ မြန်မာ့ရိုးရာဂန္ထဝင်ကဗျာအပေါ် လူငယ်တွေစိတ်ဝင်စားမှုအားနည်း တဲ့အပေါ်ဆရာ့အမြင်လေးသုံးသပ် ပေးပါဦး။
ဖြေ။ အဓိကပြောရရင်တော့ စာပေလော က အနှံ့အပြားမှာ တော်တော်များ
များက ခေတ်ပေါ်ကဗျာ၊ မော်ဒန်ကဗျာ တော်တော်များများ လွှမ်းမိုးနေတာတော့ နေရာတိုင်းမှာပါပဲ။ တကယ်တမ်းက ဂန္ထဝင်ကဗျာတွေကိုမြှင့်တင်ပေးတဲ့မဂ္ဂဇင်း စာစောင်တွေလည်း တော်တော်လေး အားနည်းလာတယ်ပေါ့။ အားနည်းလာတဲ့ အခါကျ အထူးသဖြင့် မြဝတီ၊ ငွေတာရီ တို့ နိုင်ငံဂုဏ်ရည်တို့ စီးတီးမဂ္ဂဇင်းတို့ ဘာတို့စသဖြင့်နည်းနည်းပါးပါးလောက် ပဲရှိတော့တယ်ပေါ့။ အဓိက ကျွန်တော် တို့ကမြန်မာဂန္ထဝင်ကဗျာတွေ မတိမ်ကော ဖို့၊ ရေရှည်တည်တံ့ခိုင်မြဲဖို့ ကျွန်တော် တို့ကအတတ်နိုင်ဆုံးပြန်လည် ပြီးတော့ ထိန်းသိမ်းရမယ်၊ စောင့်ရှောက် ရမယ်။ မြန်မာကဗျာတွေပြန်လည်မြှင့်တင်ရမယ်။ မြန်မာကဗျာမှာစည်းမျဉ်း စည်းကမ်းတွေ ရှိတယ်။ စည်းစနစ်တွေ ရှိတယ်။သူ့ရဲ့ ဖွဲ့ထုံးတွေ။ဒါကတကယ် တမ်းပြောရင် တကယ်ကို ချစ်စရာကောင်းတယ်။ တကယ်ကို မြတ်နိုးစရာကောင်းတယ်။ ကဗျာဖတ်သူတွေအနေနဲ့လည်း စွဲငြိနေတဲ့ အနေအထားထိကိုကဗျာက ဖမ်းစားနိုင် တဲ့အနေအထားရှိပါတယ်။ ဒါကြောင့်မို့ လို့ အတတ်နိုင်ဆုံး မြန်မာကဗျာတွေကို ပြန်လည်မြှင့်တင်ပေးဖို့ လိုအပ်တယ်လို့ ကျွန်တော် အဲဒီလို ပြောချင်ပါတယ်။
မေး။ မော်ဒန်ကဗျာတွေကို ဆုပေးမယ် ဆိုတဲ့အပေါ်မှာရော ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ အဓိက ကျွန်တော်တို့ဂန္ထဝင်သမား တွေ အနေနဲ့ကတော့ ဘာပဲပြော
ပြော ဂန္ထဝင်ချစ်တဲ့စိတ်နဲ့က ကိုယ့်ရိုးရာ အမွေအနှစ်ဖြစ်တဲ့ ဒီဂန္ထဝင်ကဗျာတွေကို တော့ ထွန်းကားအောင်၊ ရေရှည်တည်တံ့ အောင် ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်။အလားတူပဲ အခြားသောဂန္ထဝင်ချစ်တဲ့ ပုဂ္ဂိုလ်တွေကို ဆက်လက်ထိန်းသိမ်းဖို့ ကျွန်တော်တို့က လက်ကမ်းခေါ်မယ်။မြှင့်တင်ပေးမယ်။ အားပေးမယ်ပေါ့။ ခေတ်ပေါ်ကဗျာကတော့ ခုနပြောသလို သူ့နည်းသူ့ဟန်နဲ့ ရေးကြတာပေါ့လေ။ အဲဒါတော့ ကျွန်တော်တို့က အပြစ်လို့ တော့မပြောဘူး။
မေး။ အခုကျင်းပတဲ့ စိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲကြီးက မြန်မာ့စာပေနဲ့ မြန်မာကဗျာဖွံ့ဖြိုးတိုးတက်အောင် ရည်ရွယ်ချက်ထားပြီး ကျင်းပခဲ့ တာပေါ့နော်။ ဒီပွဲအပေါ်မှာရော ဆရာ့အနေနဲ့ သုံးသပ်ပေးပါဦး။
ဖြေ။ တကယ်တမ်းပြောရရင် စိမ်းလန်း ရွှေပြည် စာပေပြိုင်ပွဲကြီးကနေပြီး
မြန်မာ့ရိုးရာကဗျာကဏ္ဍအတွက် အဓိက ထားပြီး မြှင့်တင်တဲ့အတွက် ကျွန်တော် တို့အတိုင်းမသိဝမ်းသာပါတယ်။ အလား တူပဲနှစ်စဉ်နှစ်တိုင်းနီးပါးလို ပြိုင်ပွဲတွေကို ဖိတ်ခေါ်သွားမယ်ဆိုလို့ရှိရင် မြန်မာ ဂန္ထဝင်ချစ်တဲ့ စာပေချစ်သူတွေကလည်းပဲ ဂန္ထဝင်ချစ်စိတ်နဲ့ပဲပြိုင်ပွဲတွေကိုဆက်လက် ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်မယ့် အနေ အထားတွေရှိပါတယ်။ အဲဒီလိုယှဉ်ပြိုင် လာခြင်းအားဖြင့်လည်း မြန်မာဂန္ထဝင် ကဗျာတွေဟာ ရှင်သန်တိုးတက်လာမယ် လို့ကျွန်တော်မြင်ပါတယ်။ ကြိုလည်းကြို ဆို ပါတယ်။