images
UN
UN
စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲတွင် ဆုရရှိသူများ၏ရင်တွင်းစကားသံများ
သတင်းအဖွဲ့ Tuesday, 10 April 2018
စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ၈ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်(ရန်ကုန်)တွင်ကျင်းပခဲ့ပြီး အဆိုပါပြိုင်ပွဲတွင် ဝတ္ထုတိုပေါင်းချုပ်စာမူဆုကို ပထမဆု၊ ဒုတိယဆု၊ တတိယဆုတို့ ဖြင့် ဆုရရှိခဲ့သူများ၏ မြန်မာစာပေ၊ ကဗျာများနှင့်ပတ်သက်၍ ရင်တွင်းစကားသံများကို ဖော်ပြပေးလိုက်ပါသည်။

ထွန်းလှိုင်(မြိုင်)
ပထမဆု
======
မေး။ စိမ်းလန်းရွှေပြည်ပြိုင်ပွဲမှာဝင်ပြိုင် ဖြစ်ခဲ့ တာလေး သိချင်ပါတယ်။ နောက်ပြီး ဆရာရေးခဲ့တဲ့ ဝတ္ထုတို ပေါင်းချုပ်ကအကြောင်းလေးတွေ နည်းနည်း လောက်မျှဝေပေးပါ။
ဖြေ။ ကျွန်တော် ဒီစိမ်းလန်းရွှေပြည်ပြိုင် ပွဲမှာ ပြိုင်ဖြစ်တဲ့ အကြောင်းက
ပြည်ထောင်စုနေ့စဉ်ထဲမှာ စိမ်းလန်းရွှေ ပြည်စာမူပြိုင်ပွဲဖိတ်ခေါ်တာပါလာတယ် ဗျ။ အဲဒီမှာ သူက မြန်မာ့ရိုးရာယဉ်ကျေး မှုနဲ့ရသဆန်တဲ့ကျေးလက်ဝတ္ထုတွေ ပြိုင်ပွဲ ခေါ်တဲ့အခါမှာ ဝတ္ထုတို ၁၅ ပုဒ်ပြိုင်ရ မယ်။ ကျွန်တော်က ဝတ္ထုတိုကို အားသန် တဲ့အတွက် ပြိုင်ဖြစ်တာပါပဲ။
မေး။ ဆရာရဲ့ ဝတ္ထုတိုပေါင်းချုပ်ထဲမှာ မွေးရပ်မြေနှင့် သုတ၊ ရသ၊ ဝတ္ထု တိုပေါင်းချုပ်လို့နာမည်ပေးထား တယ်ပေါ့။ အဲဒီထဲက ဆရာနှစ် သက်တဲ့ အကြောင်းအရာလေး တစ်ခုခုကို ပြန်မျှပေးပါဦး။
ဖြေ။ ကျွန်တော်က စင်ရော်မောင်မောင် လိုပြောရရင် ကျွန်တော်တောသား
ပေါ့။ကျေးရွာမှာနေခဲ့တာပေါ့။ ကျွန်တော့် အလုပ်ကလည်း နှစ် ၄ဝ လောက်နီး ပါးကျေးလက်မှာနေပြီး အလုပ်လုပ်ခဲ့ရ တယ်။။ တိရစ္ဆာန်ဆေးကု ဆရာဝန်ပါ ကျွဲနွားတွေနဲ့ တောင်သူတွေနဲ့ ဆက်စပ် ပြီးတော့ တိရစ္ဆာန်တွေဆေးကုခဲ့ရတယ်။ ကျွန်တော် တိရစ္ဆာန်တွေ ရောဂါတွေ အကြောင်း၊ တောင်သူတွေရဲ့ ရိုးသားမှု တွေအကြောင်း အဲဒါတွေစုစည်းပြီးတော့ ဝတ္ထုတိုရေးလိုက်တာပါ။ ကျွန်တော်က ရသစာပေခံစားစေချင်လို့ ရသနဲ့ သုတ လေးရအောင် ရွေးပေးလိုက်တာပါ။ ဒီ ဝတ္ထု ၁၅ပုဒ်မှာ ပြိုင်တဲ့ဝတ္ထု ၁၅ ပုဒ်မှာ ကျေးလက်ဦးစားပေးအနည်းဆုံး ၁၃ ပုဒ် လောက် ပါပါတယ်။ အဲဒီထဲမှာ ကျွန် တော် အကြိုက်ဆုံးစာမူကတော့ မွေးရပ် မြေ၊ တကယ်လည်း ဒါမွေးရပ်မြေ။ ကျွန် တော်က ပခုက္ကူမြိုင်က မွေးရပ်မြေကို အရင်တုန်းက မွေးရပ်မြေက မြို့တွေကို လာတဲ့အခါမှာ လမ်းတွေက မကောင်း ဘူး။ ကားတွေက ချက်ပလက်ပဲရှိတယ်။ တံတားကလည်း ကျဉ်းကျဉ်းလေး ဖုန် တထောင်းထောင်းနဲ့ ပခုက္ကူနဲ့ မြိုင် ၂၇ မိုင်ခရီးကို ကားက လေးနာရီလောက် သွားရတယ်။ ကားရပ်လိုက်ရေဆူလိုက်နဲ့ ကံဆိုးရင် ဓားပြတိုက်ခံရတယ်ဗျ။ အခု တစ်ခေါက် ကျွန်တော် အလုပ်ထဲရောက် သွားပြီးသားသမီးသုံးလေးယောက်ဖြစ်တဲ့ အချိန်ကျ အဲဒီဇာတိမြေကို ကျွန်တော်က ပြောင်းမိန့်ကျတယ်ဗျ။ ပြောင်းမိန့်ကျတဲ့ အခါ ပြန်တဲ့အခါကျတော့ အရင်တုန်းက ပခုက္ကူနဲ့ မြိုင်၊ ဧရာဝတီမြစ်ကိုဖြတ်ရင် မော်တော်တစ်ဆင့် ကူးရတာပေါ့။ အခု ကတော့ ကျွန်တော်တို့ကကားတွေ တိုက် ရိုက်ပေါက်တယ်။ အဲဒီအခါမှာ ဒီခေတ် နိုင်ငံတော်အကြီးအကဲတွေနဲ့ ဆောင်ရွက် ထားတဲ့လမ်းတွေဖြတ်သွားတဲ့အခါကတ္တရာ လမ်းကလည်းကောင်းမှကောင်းပဲ။ အရင် တုန်းက တံတားတွေပျောက်၊ ကတ္တရာ လမ်းတွေပေါ်ပေါက်လာတဲ့အခါမှာ ကျွန် တော်ကဖုန်းဆိုးတောကို ဖြတ်ပြီးပြန်ရတဲ့ အကြောင်းလေးကို ကျွန်တော်ရေးထား တယ်ခင်ဗျ။ ကျွန်တော်က မွေးရပ်မြေ ပြန်ရင်းနဲ့ ကျွန်တော့်သူငယ်ချင်းတွေကို မွေးမြူရေးလုပ်ငန်းကြီးပွားအောင်၊ တိုး တက်အောင်လုပ်ခဲ့တဲ့အတွက်ပေါ့။ အဲဒီ အတွက် မွေးရပ်မြေဆိုတဲ့ ခေါင်းစဉ်ကို ပေးလိုက်တာပါ။

တင်လင်းဇော်
ဒုတိယဆု
======
မေး။ ဒီပြိုင်ပွဲက မြန်မာစာပေနဲ့ မြန်မာ ကဗျာရှင်သန်ဖို့ရည်ရွယ်ပြီးကျင်းပ တယ်လို့ သိရပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့မြန်မာ့စာပေနဲ့ရိုးရာ ကဗျာအပေါ် ဆရာ့အမြင် လေး ပေါ့။
ဖြေ။ မြန်မာ့ဂန္ထဝင်ကဗျာပေါ့။ မြန်မာ ကဗျာတွေ ဖော်ထုတ်တဲ့ပြိုင်ပွဲမို့လို့
ဂန္ထဝင်ကဗျာသမားအများစုကတော့ ကြို ဆိုပါတယ်။ ခုနတုန်းကပြောတဲ့ ဘယ် အဖွဲ့အစည်းကပဲလုပ်လုပ် ဒီဟာကိုလုပ် ရင် ကောင်းသောလုပ်ခြင်းလို့ပဲယူဆပါ တယ်။ အခုလက်ရှိက မြန်မာဂန္ထဝင်က တိမ်မြုပ်မလိုဖြစ်နေတာပေါ့ဗျာ။ အဲဒါကို မပျောက်ပျက်အောင်ထိန်းသိမ်းတဲ့အနေနဲ့ ဒီဟာပေါ်လာတယ်ဆိုတော့ ကျွန်တော် တို့က ဝမ်းပန်းတသာနဲ့ကြိုဆိုတယ်။ နယ် ပယ်တစ်ခုလည်းတိုးလာတာပေါ့။ ပြိုင်ပွဲ ကွင်းတစ်ခုလည်းတိုးလာတာပေါ့။ ဒီဟာ ကိုကြိုဆိုပါတယ်။ အခုအွန်လိုင်းတွေမှာ ကြည့်လိုက်ရင်လည်း မြန်မာကဗျာကို မက်မက်မောမောနဲ့လုပ်နေတဲ့လူငယ်တွေ လည်းရှိနေပြီဗျ။ အဲဒီကလေးတွေအတွက် လည်း ဒီလိုပွဲကြီးတွေ ဝင်ပြိုင်ခွင့်ရသွား တာပေါ့။ မျိုးဆက်သစ်တွေကို မြေတောင် မြှောက်ပေးဖို့ ပေါ်လာတဲ့အဖွဲ့ကြီးလို့ ပြောရင်လည်းရတယ်။ ဒီပွဲကြီးပေါ်လာ တာ။ ကျွန်တော်ကတော့ ကျေနပ်တယ်။
မေး။ ယခုဝတ္ထုတိုပေါင်းချုပ်ပေါ့နော်။ ''ကျွန်တော့်သမီး ခေါင်သူကြီးနဲ့ အခြားဝတ္ထုတိုများ''နဲ့ပတ်သက် ပြီး ဆရာဆုရခဲ့တဲ့အပေါ် ဆရာ့ ခံစားချက်လေးပြောပေးပါဦး။
ဖြေ။ ကျေနပ်ပါတယ်။ ဘာလို့ကျေနပ် လည်းဆိုတော့ ဒါတွေအားလုံးက
၉၈-၉၉ဝန်းကျင်ကဝတ္ထုတွေ၊ အဟောင်း တွေ။ ပြိုင်ပွဲအသီးသီးကိုလည်း ဖြတ်
ကျော်ခဲ့ပြီးပြီ။ အုပ်စုလိုက်၊ အုပ်စုလိုက် ဆိုတာက ငါးပုဒ်၊ ခြောက်ပုဒ်ပြိုင်ရတာ ဆိုတော့ တစ်ပုဒ်လေးကြောင့် ဆုမရတာ ဖြစ်ရင်ဖြစ်မှာပေါ့။ ဆုရလောက်တဲ့ အရည်အသွေးတွေ အဲဒီတုန်းကတည်းက တချို့အပုဒ်တွေမှာ ရှိနေမှာပေါ့။ အဲဒါ လေးတွေကလည်း ကျွန်တော်က ကျေး လက်က ကျောင်းဆရာ မကွေးပညာရေး ကောလိပ်မှာလည်း ၁၆နှစ်လောက် ဆရာ လုပ်ခဲ့တာပေါ့။ ကျေးလက်က ဆရာဆို ပေမယ့် မြို့ပေါ်မှာလည်း နေတာပေါ့။ ကျွန်တော်ရေးတဲ့ဝတ္ထုတွေက ကျေးလက် နောက်ခံ။ ရိုးတယ်ပေါ့။ မြို့ပြစရိုက်တွေ နည်းတယ်။ အခု ကျွန်တော့်သမီးခေါင်သူ ကြီးဆိုတာ ကလေးတွေ ထုပ်ဆီးတိုးတဲ့ အတွေ့ အကြုံထဲကနေထုတ်ပြီးရေးထား တာ။ ကျွန်တော် ၉၈ လောက်တုန်းက အထက်တန်းပြ လုပ်တုန်းက ရေးထား တာ။ အဲဒီမှာ ''ပြုံးပန်းပွင့်ပါပြီ''ဆိုတာ ဆရာမတွေကိုအခြေခံပြီးတော့မူလတန်း ဆိုက်မှာလုပ်နေတဲ့ပညာရေးယခုလက်ရှိ လုပ်နေတဲ့Grade-1,Grade-2 တွေနဲ့ တစ်ထပ်တည်းကျတယ်။ အဲဒါတွေ ကျ တော့ခေတ်မီသွားတာပေါ့။ အဲဒီတုန်းက CCA ဆိုတာကို အခြေခံပြီးတော့ လုပ် ခဲ့တာ။ အဲဒီနောက် ပညာရေးကောလိပ် နောက်ခံ ကျွန်တော့် တပည့်လေးတွေရဲ့ ဖြစ်စဉ်။ အဲဒီထဲမှာ နှစ်ပုဒ်၊ သုံးပုဒ် လောက်ပါတယ်။ ကလေးတွေနဲ့ ပတ် သက်လို့ လူငယ်တွေနဲ့ပတ်သက်လို့ လမ်း ကြောင်းလွဲနိုင်တာတည့်ပေးတာတို့ ဘာ တို့ပေါ့နော်။ အဲဒါလေးတွေ ရှိတယ်။ နောက်တစ်ခုက လူတွေမှာ ရိုးသားတာနဲ့ အ တာ နှစ်မျိုးရှိတယ်ဗျ။ ရိုးသားတာ ကောင်းပါတယ်။ အ တာ မကောင်းဘူး ပေါ့နော်။ အဲဒါနဲ့ပတ် သက်ပြီးတော့ လည်း အဲဒီထဲမှာ ကိုစိန်ရိုး၏စိုးရိမ်ခြင်း ဆိုတာ ရေးထားတယ်။ ဒုစရိုက်သမား တွေက ကျွန်တော်တို့မြန်မာတွေရဲ့ အား နည်းချက်ကို အခွင့်ကောင်းယူပြီးတော့ ဒုစရိုက်တွေတော်တော်များများကျူးလွန် ကြတယ်။ အလိမ်ခံရတယ်ဆိုကတည်းက အဲဒီလူက ယုံကြည်မိလို့အလိမ်ခံရတာ။ ဒါရိုးရုံတင်မကဘူး။ အလို့။ ရိုးရင် ကောင်းတယ်။ အ ရင်မကောင်းဘူးဆို တာ ရိုးရိုးလေးပဲ။ ရွာကျောင်းဆရာ တစ် ယောက်နဲ့ လိမ်တဲ့သူတစ်ယောက်၊ ရွာ ကျောင်းဆရာကိုယ်တိုင် အလိမ်ခံရတဲ့ ဇာတ်လမ်းလေး။ အဲဒီလိုလေးလည်းရေး ဖြစ်တယ်။ နောက်မူးယစ်ဆေး။ မူးယစ် ဆေး အကြောင်းရေးရင် လူတွေတော် တော်များများရေးရင် ဘာရေးလဲဆိုတော့ ဘိန်းဖြူ၊No.4 ဘာညာတွေရေးတယ်။ စိတ်ကြွဆေးတွေရေးတယ်ပေါ့ဗျာ။ မူး ယစ်ဆေးက ကျေးလက်တွေမှာ ဥပမာ ဘိန်းမည်းပေါ့။ ဘိန်းမည်းဆိုရင် ကျေး လက် လူထုထဲကို စိမ့်ဝင်တယ်။ ဘိန်း မည်းက ဘိန်းစားဆိုတာ ကျေးလက်က လယ်သမားဦးကြီးတွေပဲ။ လယ်သမား၊ ယာသမားတွေ။ ဘိန်းဖြူဆိုတာကျတော့ လူငယ်တွေပေါ့။ တက္ကသိုလ်၊ ကောလိပ် က လူငယ်တွေကြား ဝင်လာတယ်။ နောက် အဲဒီလူငယ်တွေက စာတွေ၊ ဘာ တွေ ဖတ်တဲ့အခါကျတော့ ပရိယာယ်တွေ သိတော့ ရှောင်နိုင်တယ်။ အဲဒီမှာစိတ်ကြွ ဆေးပြားအသွင်နဲ့ တစ်ခါဝင်လာတယ်။ ကုမ္ပဏီမှာလုပ်နေရတာ။ နေ့ဆိုင်းညဆိုင်း လုပ်နေရတာ။ ဒီဆေးလေးသောက်ကြည့် ပါလား။ ဒါဆိုရင် ၁၂ နာရီ လန်းဆန်း တယ်။ ဒီနည်းနဲ့ဝင်တယ်။ မူးယစ်ဆေးက လူငယ်တွေထဲကို နည်းမျိုးစုံနဲ့ဝင်တာ။ ဖိနှိပ်တိုးပွားဆိုတာ မူးယစ်ဆေးကိုရေး တာ။ နောက်ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းနဲ့ပတ်သက်လို့ကျွန်တော့်ကိုယ်တွေ့။ အဲဒါက ကျွန်တော့်ကိုယ်တွေ့ဖြစ်ရပ်လေး ကိုရေးထားတာ။ အဲဒီခေတ်က မကွေး မှာ ဆိုင်ကယ်တွေပေါပေါမရှိသေးဘူး။စက်ဘီးလောက်ပဲရှိတာ။ အဲဒီဟာတွေ ရေးထားတာ။ အဲဒီထဲမှာ ဝတ္ထုတွေက အကြောင်းအရာ စုံတယ်ပေါ့။ ၁၅ပုဒ်ဆို တော့စုံရတော့မှာပေါ့။ အဲဒီဝတ္ထုဆုရတာ ကို ကျေနပ်ပါတယ်။ ဒုတိယ၊ တတိယ ကိုခေါင်းထဲမထည့်ဘူး။ ကျွန်တော့် ဝတ္ထု တွေကို စာအုပ်ဖြစ်အောင် လုပ်ပေးဦး မှာဆိုတော့ ကျေးဇူးတင်တယ်ပေါ့နော်။ ကျွန်တော်ကိုယ်တိုင် စာအုပ်တွေလုပ်ပါ တယ်။ သို့သော် စာအုပ်တစ်အုပ်ဖြစ်ဖို့ ဆိုတာလွယ်တဲ့ ကိစ္စမဟုတ်ဘူး။


သက်ဝေမောင်
တတိယဆု
=======
မေး။ ဆရာ့အနေနဲ့ ဒီပြိုင်ပွဲကိုဝင်ပြိုင်ဖြစ် ခဲ့ပုံလေး ပြောပြပေးပါဦး။
ဖြေ။ ဒီပြိုင်ပွဲကို ဝင်ပြိုင် ဖြစ်တာက သတင်းစာမှာ စိမ်းလန်းရွှေပြည်က
နေပြီးတော့ ပြိုင်ပွဲလေးခေါ်တဲ့ ကြော်ငြာ တွေ့ပါတယ်။ ကြော်ငြာတွေ့တော့ ဝတ္ထု ၁၅ပုဒ် ပြိုင်ရမယ်ဆိုတော့ ကျွန်တော့်ဆီ မှာကရေးပြီးသား အဆင်သင့်က ၁၂ပုဒ် ရှိတယ်။ ကျွန်တော် သုံးပုဒ်ကို နည်းနည်း စဉ်းစားလိုက်တယ်။ ကျွန်တော့်မှာ ဇာတ် လမ်းကျောရိုးက ရှိနေပြီးသားဆိုတော့ သုံးပုဒ်ရေးပြီး စုစုပေါင်း ၁၅ပုဒ် ပြည့် အောင်လုပ်ပြီး ဝင်ပြိုင်ဖြစ်ပါတယ်။
မေး။ မြန်မာ့စာပေနဲ့ ရိုးရာကဗျာအပေါ် လူငယ်တွေ စိတ်ဝင်စားမှု အား နည်းလာတဲ့အပေါ် ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ကျွန်တော် ဒီမှာ ထူးခြားချက်လေး တွေ့လိုက်တာက ပထမစာမူဖိတ်
ခေါ်တုန်းက ဝတ္ထုကသုံးဆု၊ ကဗျာကို သုံးဆုပေးမယ်လို့ပြောတာပါ။ တကယ် တမ်းပေးတော့ သူက ကဗျာမှာ ငါးဆု ဖြစ်သွားတယ်။ ဒါကိုကျေနပ်ပါတယ်။ ဘာလို့ကျေနပ်လဲဆို နှစ်သိမ့်ဆု နှစ်ဆု ထပ်ထည့်လိုက်တယ်။ ခုချိန်မှာ ခေတ် ပေါ်ကဗျာနဲ့ ခေတ်ဟောင်းမြန်မာ့ရိုးရာ ကဗျာမှာ မြန်မာ့ရိုးရာကဗျာ ကျဆုံးနေ တယ်လို့ ကျွန်တော့် စိတ်ထဲမှာ ခံစားရ ပါတယ်။ အဲဒီလိုကျဆုံးနေတဲ့အချိန်မှာ အခုလိုသတ်မှတ်ထားတဲ့ သုံးဆုတင်မက ဘဲ နှစ်ဆုထပ်ပေါင်းပြီးပေးတာကိုလည်း အလွန်ပဲဝမ်းမြောက်ပါတယ်။ ဒီပြိုင်ပွဲ လေးဟာ စာပေသမားတွေရဲ့ နှလုံးသား ကို တော်တော်လေးရိုက်ခတ်သွားတယ် ပေါ့။ တစ်ပြည်လုံးမှာ နှစ်စဉ်နှစ်တိုင်း စာပေဗိမာန်ဆု၊ အမျိုးသားစာပေဆု၊ နိုင်ငံတော်က ပြုလုပ်တဲ့စာပေဆုတွေနဲ့ အလားသဏ္ဌာန်တူပါတယ်။ ပေးတဲ့ဆု ကြေးကလည်း ဒီတိုင်းပါပဲ။ ဒီလိုပဲ စာ အုပ်လည်းထုတ်ပေးတယ်။ ဝမ်းသာပါ တယ်။ အဲဒီပြိုင်ပွဲတွေမှာ ဆုရသလိုပဲ ကျွန်တော်တို့ ဝမ်းသာပါတယ်။
မေး။ လူငယ်တွေစာပေအပေါ် စိတ်ဝင် စားမှုရှိလာအောင် ဘယ်လို ပုံစံ ဆောင်ရွက်သင့်သလဲဆိုတာအကြံ ပြုပြောကြားပေးပါဦး။
ဖြေ။ အခုတော့ ခေတ်ပေါ် ကဗျာကိုရေး တဲ့သူ များတယ်ပေါ့နော်။ ခေတ်
ဟောင်း ရိုးရာကဗျာကလည်း ဒီလိုပါပဲ။ ခေတ်ပေါ် ကဗျာလို ခံစားရပါတယ်။ စကားလုံး အလှအပတွေနဲ့ဆိုတော့ ကျွန် တော်တို့က လူကြီးတွေဆိုတော့ ဒီကဗျာ ကို ပိုကြိုက်ပါတယ်။ ရသနှစ်မျိုးစလုံး ခံစားရပါတယ်။ အခုလိုပြိုင်ပွဲတွေလုပ် လိုက်ခြင်းအားဖြင့် ကျွန်တော့်စိတ်ထင် အားနည်းနေတဲ့စာပေတွေက ပိုပြီးတော့ အားကောင်းလာမယ်လို့ တွက်ပါတယ်။ ဘာလို့ဆိုတော့ ပြိုင်ပွဲရှိမှ ပြိုင်တဲ့သူ တွေကအားထည့်လာမှာ။ အခုအချိန်မှာ က ကျွန်တော်တို့ စာရေးဆရာတွေက မြန်မာကဗျာရောဝတ္ထုတွေရော အားနည်း ပြီးတော့ သတင်းအချက်အလက်တွေ အားကောင်းနေတဲ့အချိန်မှာ အခုလိုပြိုင်ပွဲ တွေက ရသပြိုင်ပွဲပါ။ ဝတ္ထုရော၊ ကဗျာ ရော ပြိုင်ပွဲဖြစ်တဲ့အတွက် ဒီလိုပြိုင်ပွဲ များများရှိသရွေ့ ကျွန်တော်တို့ ရသစာပေ ဘယ်တော့မှ မကျဆုံးပါဘူး။ ပြိုင်ပွဲများ လာတာနဲ့အမျှပိုပြီးအားကောင်းလာမယ်။ ဒီလိုပြိုင်ပွဲ တွေများပါစေလို့ ဆန္ဒပြုပါ တယ်။ မြန်မာ့ရိုးရာပြိုင်ပွဲကိုပြောတာပါ။ အားနည်းတဲ့ဟာကို ပြိုင်ပွဲလုပ်တာ အား ကောင်းအောင် လုပ်တာပါပဲ။ အား ကောင်းနေတဲ့ဟာက ပြိုင်ပွဲတောင်မလိုပါ ဘူး။လုပ်ချင်တဲ့သူတွေများတယ်ပေါ့နော်။
မေး။ အခုလို ပထမဆုံးကျင်းပတဲ့ ဒီပွဲ ကြီးအပေါ် ဆရာ့ရဲ့ အမြင်လေး လည်း ပြောပြပေးပါ။
ဖြေ။ ဒါကတော့ရိုးရိုးစိမ်းလန်းရွှေပြည် ကပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုး
ရေးပါတီတစ်ခုတည်းက လုပ်တဲ့ပွဲဖြစ်တဲ့ အတွက် ဆုတွေအများကြီးတော့ မလုပ် ပေးနိုင်သေးဘူးပေါ့။ ဒါကပထမဆုံးပွဲ ဖြစ်တဲ့ အတွက်သူတို့နိုင်သလောက်ပေါ့။ တကယ်တမ်းလူတွေအဖတ်များတဲ့ဟာ။ တကယ်တမ်း လူတွေရဲ့ နှလုံးသားကို ထိရှစေတဲ့ ဝတ္ထုတိုနဲ့ ကဗျာဒီနှစ်မျိုးက အားအကောင်းဆုံးပဲ။ နောက်ဟာတွေလုပ် ပေးနိုင်ရင်ကောင်းပါတယ်။ စိမ်းလန်း ရွှေပြည်က ဒါကိုလုပ်တယ်ဆိုတာက လူ ကြိုက်များတဲ့ လမ်းကြောင်းကနေပြီး တော့မှပြုလုပ်သင့်ပြုလုပ်ထိုက်တဲ့ကလေး စာပေ၊ သုတပဒေသာ ဒါတွေပါလုပ်နိုင် ရင်တော့ကောင်းတာပေါ့။ ဒါပေမဲ့ရေးတဲ့ သူတွေက အကုန်လုံး ရေးနိုင်ပါတယ်။
မေး။ အခု ကိုယ်ဖန်တီးထားတဲ့ဝတ္ထုတို လေးတွေက စာအုပ်တစ်အုပ်အနေ နဲ့ ထွက်လာမယ်ဆိုတော့ ဘယ်လို ခံစားရပါသလဲ။
ဖြေ။ ကိုယ်မွေးဖွားလာတဲ့ သားသမီး ပေါ့။ သားသမီးကချောချောလှလှ
လေး။ မမွေးခင်ကတည်းက ဆုတောင် ရနေပြီဆိုတော့ မွေးလာရင်အလွန်ဝမ်းသာ နေပြီ။ မမွေးခင်ကတည်းက မိဘတွေက ချစ်ခြင်းမေတ္တာနဲ့အတူ သားသမီးတွေလို ချစ်နေတဲ့အချိန်မှာ မမွေးခင်ကတည်းက အသိအမှတ်ပြုခြင်းခံရတယ်။ လိုလိုလား လား ဆုချီးမြှင့်ခြင်းခံရတယ်။ မွေးလာ ရင်တော့ အတိုင်းထက်အလွန်ပါပဲ။ ပြော မပြတတ်အောင် ဝမ်းသာပါတယ်။ ကျွန် တော်တို့ စာအုပ်ထုတ်ဖို့ဆိုတာ မလွယ်ပါ ဘူး။ မလွယ်တဲ့ကိစ္စကို စိမ်းလန်းရွှေပြည် က ဆုလည်းပေးတယ်။ စာအုပ်လည်း ထုတ်ပေးတယ်ဆိုတော့ စာရေးဆရာ တွေရဲ့ဘဝမှာတော့ ဝမ်းအမြောက်ဆုံး ဆုပါပဲ။