images
UN
UN
ဗဟိုခံစစ်ကစားသမားရှားပါးမှုနှင့်ရီးရဲလ်ရင်ဆိုင်နေရ စီရော်နယ်ဒိုသည် ဒီစတီဖာနိုကဲ့သို့ အသင်း၏သင်္ကေတဟု ပီရက်ဇ်ချီးကျူး
Tuesday, 10 April 2018
ရီးရဲလ်မက်ဒရစ်သည် ဂျူဗင် တပ်နှင့်ယှဉ်ပြိုင်ကစားမည့် ချန် ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ် အတွက် ဗဟိုခံစစ်ကစားသမား ရှားပါးမှုနှင့် ကြုံတွေ့နေရသည်။ အသင်းခေါင်းဆောင်ရာမို့စ်သည် ပထမအကျော့တွင် အဝါကတ် အပြခံခဲ့ရသဖြင့် ယခုပွဲစဉ်ကို လွဲ ချော်မည်ဖြစ်သည်။ ၄င်းအပြင် နာ ချိုနှင့် ဗယ်လီဂျိုတို့နှစ်ဦးမှာလည်း ကြံ့ခိုင်မှုမပြည့်သည့် အခြေအနေ တွင်ရှိနေသည်။
ဗယ်လီဂျိုသည် ယခုရာသီ တွင် ချန်ပီယံလိဂ်ပွဲစဉ်သုံးပွဲကိုသာ ပါဝင်ကစားခွင့်ရခဲ့သူဖြစ်၍ ၄င်း မပါဝင်နိုင်မှုမှာ ရီးရဲလ်အတွက် ကြီးမားသည့် ထိခိုက်မှုမရှိသော် လည်း နာချိုမှာမူ ချန်ပီယံလိဂ်ပွဲ စဉ်ခြောက်ပွဲအထိ ပါဝင်ကစား ထားသော အဓိကနောက်ခံလူ တစ်ဦးဖြစ်သည်။ ထို့ကြောင့် နာချို ပါဝင်ကစားနိုင်ခြင်းမရှိပါက ကွင်း လယ်လူကက်ဆီမီယိုကို ဗာရာနီ နှင့် တွဲဖက်၍ ပွဲထုတ်ရန် နည်းပြ ဇီဒန်းက စဉ်းစားနေကြောင်း သိရ သည်။ ကက်ဆီမီယိုသည် ရီးရဲလ် မက်ဒရစ်ကွင်းလယ်၌ ခြေစွမ်းပြ နေသည့် ကစားသမားတစ်ဦးဖြစ် ပြီး ချန်ပီယံလိဂ်ပွဲစဉ်ရှစ်ပွဲအထိ ပါဝင်ကစားထားသူဖြစ်သည်။
ဆက်စပ်သတင်းတစ်ရပ်၌ ရီး ရဲလ်ဥက္ကဋ္ဌပီရက်ဇ်က စီရော်နယ်ဒို သည် ဂန္ထဝင်ကစားသမားဒီစတီ ဖာနိုကဲ့သို့ အသင်း၏သင်္ကေတဖြစ် သည်ဟု ပြောကြားလိုက်သည်။ စီရော်နယ်ဒိုသည် ယခုရာသီ ချန် ပီယံလိဂ်တွင် နောက်ဆုံး ၁ဝ ပွဲ ဆက်တိုက် ဂိုးသွင်းယူပေးထားသူ ဖြစ်ပြီး ၄င်း၏ဂိုးသွင်းနှုန်းမှာ ၅၈ မိနစ်ရောက်တိုင်း တစ်ဂိုးသွင်းယူ နိုင်သည့် အခြေအနေလည်းဖြစ် သည်။ ''စီရော်နယ်ဒိုက ဒီစတီ ဖာနိုလို အသင်းရဲ့တန်ဖိုးကို ပြသ နိုင်တဲ့ကစားသမားပါ။ ဒီစတီဖာနို က အသင်းရဲ့ဂိုးသွင်းဘုရင်ဖြစ်ခဲ့ သလို ပင်ကိုအရည်အသွေး၊ လုပ် အားနှုန်း၊ ပရော်ဖက်ရှင်နယ်ပီသ မှုနဲ့ ရည်ရွယ်ချက်တွေကို ပြသ နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ စီရော်နယ်ဒိုကလည်း သူ့လို ပုံစံ မျိုးတွေကို ပြသနေပါတယ်''ဟု ပီရက်ဇ်က ပြောခဲ့သည်။ စီရော် နယ်ဒိုသည် ယခုရာသီတွင် ချန် ပီယံလိဂ်သွင်းဂိုး ၁၄ ဂိုး သွင်းယူ ပေးထားသည်။
Ref ; Express